Skip to main content

Posts

Showing posts with the label poem

အရိုးခံစိတ်ရင်း

သူငယ်ချင်း တိုင်းပြည်ချစ်တယ်ဆိုပြီး သူသူငါငါပြောသလို ပါးစပ်က အော်မနေပါနဲ့ သူငယ်ချင်း တိုင်းပြည်ကိုချစ်တယ်ဆိုပြီး စာတွေရေးပြီး ပြောမနေပါနဲ့ သူငယ်ချင်း တိုင်းပြည်ချစ်တယ်ဆိုပြီး လူအထင်ကြီးအောင် အိုဗာတင်းတွေ မလုပ်စမ်းပါနဲ့ သူငယ်ချင်း တိုင်းပြည်ကိုတကယ်ချစ်ရင် အရိုးခံစိတ်ရင်း၊ ဖြူစင်တဲ့စေတနာတွေနဲ့ သိုသိပ်စွာ လိပ်ပြာသန့်သန့် ကူညီပေးလိုက်ပါ ငါမင်းအတွက် သေတဲ့အထိ ဂုဏ်ယူနေမှာပါ။

Sharing: သာချင်းသည် သို့

ကဗျာလေးကိုဖတ်ပြီး ကိုယ့်ကိုကိုယ် သုံးသပ်ဆင်ခြင်မိသလို လူတွေ ပြောဆိုဆက်ဆံ နေကြတာတွေကိုကြည့်ပြီး သင်ခန်းစာရမိတယ်။ ကဗျာလေးထဲကအတိုင်း အပြင်လောကမှာ ဖြစ်ပျက်နေတာတွေ အများကြီးပဲ။ ကိုယ့်ဘက်ကိုယ် ယက်တတ်တဲ့လူတွေ လောကမှ တော်တော်များတာပဲ။ ကိုယ်ကောင်းတယ် ကိုယ်တတ်တယ်ဆိုတာချည်းပဲ။ သူ့ထက်သာသွားရင်လည်း မနာလိုဖြစ်ကြပြန်ရော။ ခက်ပြီ။ နောက်ဆုံးတော့ သူများကို မထိခိုက်စေဘဲ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်သမိုင်းကိုယ်ရေး၊ သူတစ်ပါးကို တတ်နိုင်သလောက်ကူညီပေးနိုင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နိုင်မယ်ဆိုရင် လူပီသတဲ့ လူတစ်ယောက်အဖြစ် လောကမှာ ဝင့်ထည်စွာရပ်တည်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကိုယ့် အကြောင်း ကိုယ် ကောင်း ပြောယင်း။ မကောင်းခြင်း ဖြစ်တတ်တယ်။ ကိုယ့်တတ် ကိုယ်ထက် ကိုယ့် လက်မကို ထောင်လွှားယင်း။ သူ့ ပျော့ညံ့ချက် ကိုယ့် လက်ညှိုးက ထိုးတတ်တယ်။ သူ့လည် နင်း၍ သာချင်း ငြိမ့်ငြိမ့် ဆိုချင်သလား။ သူ့ မျက်ရည်ပူ ခြေဆေးသူ အဖြစ် အောင်လံထူ ဟစ်လိုသလား။ ကဲ ... စဉ်းစား "ငါးပုပ် ဝယ်ကြဦးမလား ...." လို့ ဘယ်သူများ ကြွေးကြော်လို့လဲကွယ်။ ကိုယ့်လမ်း ကိုယ်သာ လမ်းထွင်ပါ လမ်းဆုံးတဲ့ခါ ရွာတွေ့မှာ ...။ ။ မောင်စံဗြော ရှုမဝ ရုပ်...

Sharing: တောင်သမန်ကျိန်စာ - မောင်စွမ်းရည်

ဆရာမောင်စွမ်းရည်ရဲ့ ကလောင်စွမ်းအားကတော့ တကယ့်ကို ပီပြင်ပါတယ်ဗျာ။ ဆရာပြောတဲ့ ပုခုံးမှာဒေါက်၊ ခါးမှာဗြောက်ရှိတဲ့သူတွေရဲ့ လုပ်ရပ်ကတော့ တကယ့်ကို ကန်းကုန်ပါတယ်။ ရှေးကအမွေ ကျွန်းတိုင်တွေကို အုတ်တိုင်တွေ အစားထိုးလုပ်ပြစ်ရက်ပါပေ့ ... မြန်မာပြည်မှာကလည်း ကျွန်းက ရှားသကိုး။ အဲလို ရွှေဥာဏ်တော် စူးရောက်တဲ့လူတွေကို ဆရာတတ်စွမ်းတဲ့ ကလောင်လက်နက်နဲ့ တိုက်ခိုက်တဲ့ ထိချက်တော့ ပြင်းထန်ပါပေတယ်။ အထူးသဖြင့် "ရှေးကအမွေ၊ သမိုင်းမြေကို၊ သူ့အမေလင်၊ အမွေထင်လို့၊ ထင်တိုင်းတုံးတိ၊ စစ်သားပကတိ၊ ညီပါဘိ" ဆိုပြီး စပ်ထားတဲ့ စာသားလေးကို အခိုက်ဆုံးပဲဗျာ :D “ တံတားသာဟန်၊ တောင်သမန်” တဲ့ ရန်ကုန်ဆရာ၊ မန်းကိုလာတော့ ကဗျာဥာဏ်ပွား၊ ဈာန်ဝင်စားလို့ တံတားကဗျာ၊ ခင်းခဲ့ပါသတဲ့။ မော်လမြိုင် မုဒုံ ဒဂုန် ဒလ၊ ပဲခူးစလို့။ မြင်းခြံ မုံရွာ၊ မိတ္ထီလာနဲ့ ကသာနဗား၊ မြစ်သားစလို့။ အမေရိကန်၊ အင်္ဂလန် ဂျပန် ယိုးဒယား၊ ဘင်္ဂလား စလို့။ ဝေးနေနီးနေ နှစ်ထွေများစွာ ကမ္ဘာ့မြေခြား၊ ပင်လယ်ခြားလဲ တဆင့်စကား၊ တဆင့်ကြားနဲ့ တံတားဟိုဘက်၊ ထန်းလက်တဲနန်း ထန်းပြင်တန်းနဲ့၊ ထန်းတောအဆုံး၊ ထုံးဖြူဖြူနဲ့ ဘုရားနဲ့၊ တံတားသည်ဘက်၊ လက်ပံပင်ကမ်း ဇရပ်တန်းနဲ့၊ ပတ်လမ်းနဲ့။ လက်ပန်ကု...

တို့ရဲ့မန်းမြေမှာ

ရွှေမန်းမြေ သာပေရဲ့လား။ တို့ဌာနေ ကျုံးရေ အလှနဲ့ သာပေစွ တကား။ ရွှေမန်းမြေ စည်ပေရဲ့လား။ တို့ရဲ့မြေ ၀ါရွှေ အလှနဲ့ စည်ပေစွ တကား။ ရွှေမန်းမြေ ဖြိုးဝေရဲ့လား။ တို့မန်းမြေ အိမ်ခြေ အလှနဲ့ ဖြိုးဝေစွ တကား။ ရွှေမန်းမြေ ခါတစ်ခေါက် လာရောက်လို့ လည်လှည့်ပါ။ ဘ၀င်မှာ ကြည်ရွှင်လန်းလို့ မြင်ဆန်းစေမှာ။ တို့ရဲ့ မန်းမြေမှာ သာသနာ ကွန့်မြူး။ တို့ရဲ့ ဌာနေမှာ မြင်မြင်တကာ ကြည်နူး။ ရှေးအမွေ နန်းပြသာဒ်တို့ သပ်ရပ် တင့်ထူး။ ။ သိပ္ပံ စိုးမြင့်နိုင် အတွဲ ၄၁၊ အမှတ် (၁)၊ မြ၀တီ မဂ္ဂဇင်း ၁၉၉၂ နိုဝင်ဘာလ ကဗျာလေးကိုဖတ်ပြီး မန္တလေးကျုံးကြီးအကြောင်း၊ အိမ်ခြံမြေတွေအကြောင်း နှင့် သာသနာအကြောင်း နည်းနည်းရေးချင်လာတယ်။ အုတ်တွေမခင်းမှီ အရင် ကျုံးကြီးကတော့ မျက်စိထဲမှာ ပိုပြီး ကြည့်လို့ကောင်းသလိုပဲ။ အုတ်တွေခင်းလိုက်တာ မျက်စိထဲမှာ ကြည့်ရတာ တစ်မျိုးဖြစ်သွားတယ်။ ဘာပဲပြောပြော ကျုံးကြီးနဲ့ မန္တလေးတောင်ကြီးကို (၂၆ဘီလမ်း ဒေါင့်ကနေ) တွဲဖက်ပြီး မြင်ရတဲ့ မြင်ကွင်းက စိတ်ကြည်နူးသွားတာ အမှန်ပဲ။ အုတ်ခင်းတယ်ဆိုတာ ခေတ်မီပေမဲ့ ရှေးဟောင်းအမွေအနှစ်တွေကိုတော့ အုတ်တွေနဲ့အစားထိုး ပြုပြင်လိုက်တာဟာ လုံးဝ မှားတယ်လို့ ထင်တယ်။ ဥပမာ ... ဥ...

မအိုသောမေတ္တာ

သွယ်မျှင်ရှည်လျား ဆံပင်များလည်း၊ ငွေသားဖြူဆွတ် ပြတ်၍ကျွတ်ပြီ။ ကြည်လင်လဲ့ရွှန်း မျက်နက်ဝန်းလည်း၊ တောက်ထွန်းမဖြာ မှုန်မှိုင်းရှာပြီ။ ပုလဲသွယ်စီ သွားတို့သည်လည်း၊ မညီယိုင်နဲ့ ကျိုးကြွေပဲ့ပြီ။ ဖောင်းမို့နုညက် ပါးနှစ်ဘက်လည်း၊ ချိုင့်ကွက်လှိုင်းကွန့် လိပ်ကာတွန့်ပြီ။ သြော် ... ဆင်းရုပ်သွင်နှင့် ပျိုစဉ်ရွယ်နု၊ အလှစုကို ထုတောင်းနှိပ်စက်၊ ဇရာဖျက်၍ ပျက်စီးယိုယွင်း၊ အိုမင်းခဲ့ရပါသော်လည်း။ မေတ္တာမွမ်းထုံ ၀မ်းကြာငုံမှာ၊ ယှက်ရုံထွေးရစ် သားရင်နှစ်ကို၊ ချစ်ကြင်နာသော သံယောဇဉ်ကား၊ တားဆီးနှိပ်စက် ပျက်စီးယိုယွင်း၊ အိုမင်းလေအောင် စွမ်းဆောင်ဖို့ငှာ၊ သည်ချိန်ခါတွင် ဇရာမတတ်နိုင် ချေတကား။ နောင်ဝင်းထွန်း (မုံရွာ) ငွေတာရီ မဂ္ဂဇင်း အမှတ် ၂၄၂ သြဂုတ်လ ၁၉၈၀ ကျွန်တော်ကြိုက်နှစ်သက်မိတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ သားသမီးတွေအပေါ်ထားရှိတဲ့ မိဘမေတ္တာဆိုတာ "ဇရာ" ဆိုတဲ့ အိုမင်းမှုတောင် မတားဆီး မပိတ်ပင်နိုင်ဘူးဆိုတဲ့ သဘောကို သက်ရောက်ပါတယ်။ သည်မျှကြီးမားလှတဲ့ ကျေးဇူးတွေ၊ မေတ္တာတွေကို ကျွန်တော်တို့တတွေ အသက်ရှင်နေတုန်းမှာ အကုန်ပြန်မဆပ်နိုင်ရင်တောင်မှ ကိုယ်တတ်နိုင်တဲ့ဘက်က အချိန်ပေးပြီး ဆပ်သွားဖို့ဆိုတာ ကျွန်တော်တို့ သားသမီးတိုင်းရဲ့ တ...

ဆရာဦးတင်မိုးရဲ့ အောင်ပန်းဆွတ်ဖို့ ငါလာတယ်

ကွယ်လွန်သွားပြီဖြစ်တဲ့ စာပေလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ကဗျာဆရာဦးတင်မိုး ရေးသားတဲ့ အောင်ပန်းဆွတ်ဖို့ ငါလာတယ် ဆိုတဲ့ ကဗျာလေးကို မျှဝေချင်ပါတယ်။ ဆရာဦးတင်မိုးကတော့ (သမီးလေး "ချို" သို့) ဆိုပြီးတော့ သူ့သမီးအတွက် ရေးစပ်ထားတာဖြစ်ပါတယ်။ ဆရာဦးတင်မိုးရဲ့ ကလောင်စွမ်းကြောင့် ကဗျာလေးကို ဖတ်ပြီးနောက်ပိုင်းမှာ စိတ်ဓာတ်သစ်တွေ အားအင်သစ်တွေ တိုးပွားလာတယ်လို့ ခံစားရပါတယ်။ အောင်ပန်းဆွတ်ဖို့ ငါလာတယ် တောင်တလုံးပြီး တလုံး အမှောင် ဖုံးပြီး ရင်း ဖုံး အပြုံးမပျက် ကျော်လို့တက် မနက်လင်းရင် စခန်းရောက်မှ သေချာတယ်။ လူသားရဲ့ အစွမ်း ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး မမှန်းဆနိုင်တဲ့ နေရာက အတွေး အဆတွေ လာတယ်။ လေထဲမှာ ဝှေ့ယမ်းနေတာက အောင်ပန်းတွေ မဟုတ်လား။ ဘ၀ရဲ့ တောင်တန်းအထွတ်မှာ အောင်ပန်းဆွတ်ဖို့ ငါတက်ခဲ့တယ်။ အရှုံးပေးတတ်တဲ့ စိတ်ညံ့ ကြောက်လန့်ပြီး ထွက်ပြေးတတ်တဲ့စိတ်ပျော့ ပေါ့ပေါ့တွေးတတ်တဲ့ စိတ်လေပွေ အခြေမဲ့ အနေမဲ့ အဖြေမဲ့ ပုစ္ဆာ ငါ့အဘိဓာန်မှာ ဘယ်အခါမှ မရှိ။ (သမီးလေး "ချို" သို့)

သင်သေသွားသော်

သြော် ... လူ့ပြည်လောက လူ့ဘ၀ကား အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။ သို့တပြီးကား သင်သေသွားသော် ... သင်ဖွားသောမြေ သင်တို့မြေသည် အခြေတိုးမြင့် ကျန်ကောင်းသင့်၏ သင်၏မျိုးသား စာစကားလည်း ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏ သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။ ဇော်ဂျီ

တောင်သမန်ပင်လယ်

လေပြေတစ်ချက်သွေးတော့ မယ်ဇယ်ရနံ့တသင်းသင်းနဲ့ တောင်သမန်အင်းကလွမ်းစရာ အရိပ်ဖြာတမာတန်း တချိန်ကကျောင်းတော်လာရာလမ်းကလေး မျှော်ငေးတွေးကြည့် မြေရာလေးတွေရှိသေးတယ် ဦးပိန်တံတားနှင့်ခုံတန်းလျား ရင်ခုန်သံတွေလမ်းသလား အိမ်မက်တွေ ရင်ချင်းအပ်ထားတဲ့နေရာ နှုတ်ဆက်ခွဲာခွာ ခုများတော့ဝေးခဲ့ပြီ ကျမျက်ရည်ဖြေမဆည်နိုင်အောင်ဘဲ တောင်သမန်လည်းပင်လယ်ဖြစ်ခဲ့ရပေါ့ ဆရာမင်းနဒီ ဆိုတဲ့ကဗျာဆရာ ရေးထားတာဖြစ်ပါတယ်။ ကြိုက်လွန်းလို့ မန္တလေးသား သူငယ်ချင်းတွေကို ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။

ဝါခေါင်လဘွဲ့

ထက်အာကာ ဘုံစွန်းက ထွန်းတောက်လို့ ထိန်ဝါ သရ၀ဏ်ရွှေကြယ်မင်း လင်းတဲ့ချိန်ခါ။ လေညှင်းငယ်လာ သိဟ်ရာသီမို့ ရှူ့တိုင်းငယ် ဘယ်ညာက ပန်းခတ္တာ ၀တ်မှုံကျင်းတယ် သင်းပျံ့လှိုင်လို့။ ဖိုးသူတော် ဦးမင်း NewYork မှာ သီတင်းသုံးနေတဲ့ မစိုးရိမ်ဆရာတော်ကြီးရဲ့ တပည့်အရင်း ဘုန်းဘုန်းကေသာလ လမ်းပြမှုကြောင့် မစိုးရိမ်ကျောင်းတိုက် (NY) ရဲ့ website ကိုရောက်ရှိသွားပါတယ်။ အဲဒီမှာ ဖိုးသူတော်ဦးမင်းရေးထားတဲ့ ၀ါခေါင်လဘွဲ့ ကဗျာလေးကို တွေ့တယ်။ နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဟာ ၀ါခေါင်လပြည့်နေ့။ ဒါနဲ့ ကျွန်တော့်ဘလော့မှာ ဒီကဗျာလေးကို အမှတ်တရအဖြစ် တင်ထားလိုက်ပါတယ်။ မစိုးရိမ်ကျောင်း (NY) ရဲ့ website ကိုလည်း သွားရောက် ဖတ်ရှူ့ဖို့ တိုက်တွန်းပါရစေ။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ ပြည့်နှက်နေတဲ့ လူ့ဘ၀မှာ ဘုရားဟောကြားထားတဲ့ တရားတွေ၊ နောက်ပြီး ဘုရားသားတော်ဖြစ်တဲ့ ရဟန်းတော်တွေရေးသားထားတဲ့ ဆောင်းပါးတွေ၊ ဆုံးမ ကဗျာတွေကို ဖတ်ရှူ့ခြင်းအားဖြင့် ဘ၀အမောတွေကို ဖြေနိုင်ကြပါစေ။ Masoeyein Sāsanajotika Buddhist Temple - Visit here

စာမေးပွဲ စစ်ပြီးပါပြီလား

အချိန် - Time အချိန်ဆိုတာ လောကကြီးကနေ လူတိုင်းအတွက် ဘက်မလိုက်ဘဲ ညီတူညီမျှ ခံစားခွင့်ရကြတဲ့ လက်ဆောင်မွန် တစ်ခု ဒါပေမဲ့ ... အဲဒီအချိန်အတွင်းမှာပဲ တစ်ချို့တွေ အောင်မြင်သွားကြတယ် တစ်ချို့တွေ ကျရှုံးသွားကြတယ် အဲဒီအချိန်အတွင်းမှာပဲ တစ်ချို့တွေ ချမ်းသာသွားကြတယ် တစ်ချို့တွေ ဆင်းရဲသွားကြတယ် အဲဒီအချိန်အတွင်းမှာပဲ တစ်ချို့တွေ ကွယ်လွန်သွားကြတယ် တစ်ချို့တွေ မွေးဖွားလာကြတယ် မိတ်ဆွေ ... သင်ရော ... သင့်အချိန်တွေကို ဘယ်လိုနည်း/ဟန်နဲ့ အသုံးပြုနေသလဲဆိုတာ သင့်ကိုယ်သင် စာမေးပွဲ စစ်ပြီးပါပြီလား -- အေးချမ်းမဉ္ဖူ

သာဓုခေါ် ကောင်းချီးပေးပါ အမေ

နှစ်ဟောင်းကုန်လို့ နှစ်ကူးပြန်တော့မယ် မေ့လို့ရတဲ့ အတိတ်တွေကို ထားခဲ့ပေမယ့်လည်း မေလို့မရတဲ့ အဖြစ်အပျက်တွေကတော့ ရှိနေဆဲပေါ့ မေလို့မရတဲ့ အရာတွေထဲမှာ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတွေက အဆိုးဆုံးပဲ ဒီလိုပဲ ကျွန်တော့ဘ၀မှာလည်း အမေဆိုတဲ့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး ကြုံခဲ့ရပြီလေ အမေ ... ကံကြမ္မာဂြိုလ်ဆိုးကြောင့် လောကကြီးကနေ ရုတ်တရတ် နှုတ်မဆက် ထွက်ခွာသွားခဲ့ရတယ်နော် အမေမရှိတော့မှ အမေ့တန်ဘိုး ပိုပိုပြီး သိလာရတယ်ဆိုသလိုပါပဲ ချစ်လို့မ၀သေးဘူး အမေရယ် ... အမြတ်ဆုံး ပညာအမွေ သားတို့ကို ပေးခဲ့နိုင်တဲ့အတွက် တမလွန်မှာ အမေကျေနပ် ၀မ်းသာပါတော့ ဘ၀ပင်လယ်မှာ လှိုင်းတွေထန်တိုင်း အမေ့ရဲ့ သွန်သင်ဆုံးမမှုတွေကို လိုက်နာပြီး သားတို့ ကြံ့ကြံ့ခံ ရင်ဆိုင်သွားပါမယ် အမေ လူတစ်လုံး သူတစ်လုံးဖြစ်အောင် အိပ်ထိန်းပြုစု ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အမေ့ မွေးကျေးဇူး ကျွေးကျေးဇူးတွေကို သားတို့ ပြန်ဆပ်လို့်မကုန်ပါဘူးအမေ ဒါပေမဲ့ ... အမေဖြစ်ချင်တဲ့ ဆန္ဒတွေ၊ အမေရဲ့ ရည်မှန်းချက်တွေကို သားတို့ ဆက်လက်ဖြည့်ဆည်းနေပါတယ် အမေ သားတို့ရဲ့ စွမ်းဆောင်မှု၊ ကြိုးစားမှုတွေကို အမေရောက်ရာ ဘုံဘ၀မှ ၀မ်းမြောက်စွာ သာဓုခေါ် ကောင်းချီးပေးပါ အမေ။ ၁၁.၉.၀၇ တွင်...

သင်္ကြန်တမ်းချင်း

ကိုဘလာဂေါက် က ဒီနေ့ သင်္ကြန်ဘလော့မှာ ပို့စ်တင်ဖို့အတွက် invite လုပ်ထားတယ်။ အဲဒါနဲ့ပဲ ကဗျာလေးတစ်ပုဒ်ကို မရေးတတ် ရေးတတ်နဲ့ ရေးဖြစ်သွားတယ်။ သင်္ကြန်ဘလော့မှာရော ကျွန်တော့ဘလော့မှာရော နှစ်ခုလုံး တင်လိုက်ပါတယ်။ သီးခံပြီး အားပေးကြပါဦး :) တူးပို့ တူးပို့ အသံတွေ စပြီးကြားနေရပြီ သူ ရောက်လာတော့မယ် ရော်ရွက်ဝါတွေ မြေလူး လေရူးတွေ ထနေကြပြီ အတာကူးမည့် တန်ခူးလမှာ အညှာဖူးမည့် ပန်းတွေကလည်း ဝေေ၀ဆာ ကျုံးကြီး နှင့် ရွှေမန်းတောင် တောင်သမန် နှင့် ဧရာဝတီ လူတွေမြူးဖို့ ကြိုနေပြီ ဥသြတွေတွန်လို့ တပ်လှန့်နေ သင်္ကြန်သီချင်းတွေနဲ့ လူတွေမြူးပေါ့လေ သြော် ... အချိန်တန် ဂိန်မှာန်မှာ အချိန်မတန် အိမ်မပြန်နိုင်တဲ့ လူအဖို့မှာတော့ ဆွေးလို့သာရူး။ CMSMDY

ပန်းကောင်းတစ်ပွင့်

ပန်းကောင်းတစ်ပွင့် ဆိုတာ ပွင့်လွှာ၊ ပွင့်ဖတ်၊ ၀တ်ဆံလေးတွေရဲ့ ပေါင်းစည်းမှု အင်အားကြောင့် ဖြစ်တည် မွေးဖွားလာရတာပါ။ ထိုနည်းတူစွာ အောင်ပွဲတစ်ခု ရဖို့ဆိုတာလည်း မင်း၊ သူ၊ ငါ မခွဲခြားပဲ သွေးစည်းညီညွတ်ကြပါမှ လွတ်လပ်ခြင်း၊ တိုးတက်ခြင်းဆိုတဲ့ အောင်မြင်မှု အသီးအပွင့်တွေကို ရင်ဝယ်ပိုက် ခံစားရမှာ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်သော ၆၁ နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုရေးသားသည်။

လူ့ငနွား

ကိုယ်ထမင်း ကိုယ်စား ကိုယ့်သမိုင်း ကိုယ်ရေးတယ် ဆိုပေမယ့် ကိုယ်ချင်းစာတရား မရှိရင်တော့ လူ့ငနွားပါပဲ

ပျော်ခြင်းဆုံရာ ကြွခဲ့ပါ

ပျော်ခြင်းဆုံရာ ကြွခဲ့ပါ ဥသြတွံသံ၊ ပိတောက်ဟန်ဖြင့် ရွှန်းလျှံတင့်မော၊ နွေသဘောကို မပြောဘဲနဲ့ သိသလို မြန်မာရက်ကူး၊ နှစ်သစ်ထူးမှာ ဖြစ်ဖူးကုသိုလ်၊ ဆက်ပွားလိုကြ မဂ်ဖိုလ်တလျှက်၊ ဘ၀ဆင့်တန်း ဂုဏ်တင့်လျှမ်းအောင်၊ လှူဒါန်းဒါန မြတ်သီလနှင့် ပွားထဘာဝနာ သူသူငါလည်း၊ ဘယာကင်းဝေး ကော်လင်ဒေး(Colindale)၌ ပိုက်ထွေးရတနာ၊ လန်ဒန်မှာလျှင် သံဃာမြတ်ပေါင်း၊ ဆွမ်းဆန်လောင်းလျက် စုပေါင်းအမျှ၊ ပေးဝေငှရင်း အပေါင်းသင်းတို့၊ ပျော်ခြင်းဆုံရာ ကြွခဲ့ပါလို့၊ ဖိတ်စာပို့သည် နှစ်မြို့ရွှင်လန်းပါစေသော်ဝ်။ ဘုန်းသီ (သာသနရံသီ - လန်ဒန်မြို့) www.burmesemonastery.org.uk