Skip to main content

Posts

Showing posts from August, 2008

2008 ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပက်သက်သော ...

Constitution of The Republic of the Union of Myanmar ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှိုင်းယှဉ်ချက်များ ၂၀၀၈ခုနှစ် မြန်မာဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်အကဲဖြတ်ချက် Organizations Around The World Statements on Boycott 2010 Election in Burma

ပို့စ်ရေးခြင်း နားပါဦးမည်

စာမေးပွဲ နှင့် Project အတွက် ဘလော့ရေးခြင်းမှ ခေတ္တ နားပါဦးမည်။ နောက်လရောက်မှ ပို့စ်အသစ် ဒီဇိုင်းအသစ်တွေနဲ့ ပြန်လည်ဆုံတွေ့ကြတာပေါ့ :) ဘလော့လာမိတ်ဆွေများအားလုံး ကျန်းမာပျော်ရွှင်ပါစေ ခင်မင်လေးစားလျက် CMS

Burmese Culture Show - UK

UK ရောက် ရွှေမြန်မာများအတွက် လက်မလွတ်သင့်သော ယဉ်ကျေးမှုကပွဲတစ်ခုပါ။ ရွှေမန်းချမ်းသာဦးဆောင်တဲ့ နိုင်ငံကျော် ရွှေတံဆိပ်ဆုရ အနုပညာရှင်များစွာ ပါဝင်ကပြမှာ ဖြစ်ပြီး ပွဲနဲ့ ပက်သက်တဲ့ detail info သိချင်ရင်တော့ ဓာတ်ပုံကို Click လုပ်ပြီး ကြည့်ရှူ့နိုင်ပါတယ်။ မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့ယဉ်ကျေးမှုနဲ့ ဝေးနေရတဲ့အချိန်မှာ မြန်မာပြည်အလွမ်းပြေ ယဉ်ကျေးမှု ကပွဲလေးတစ်ခုကို မိသားစုနှင့်အပန်းလည်းဖြေရင်း မိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်တွေနဲ့လည်း ခင်မင်ရင်းနှီးစွာ တွေ့ဆုံရမှာမို့ မဖြစ်မနေသွားကြည့်ဖို့ ခင်မင်ရင်းနှီးစွာ တိုက်တွန်းလိုက်ပါရစေခင်ဗျာ။

ဝါခေါင်လဘွဲ့

ထက်အာကာ ဘုံစွန်းက ထွန်းတောက်လို့ ထိန်ဝါ သရ၀ဏ်ရွှေကြယ်မင်း လင်းတဲ့ချိန်ခါ။ လေညှင်းငယ်လာ သိဟ်ရာသီမို့ ရှူ့တိုင်းငယ် ဘယ်ညာက ပန်းခတ္တာ ၀တ်မှုံကျင်းတယ် သင်းပျံ့လှိုင်လို့။ ဖိုးသူတော် ဦးမင်း NewYork မှာ သီတင်းသုံးနေတဲ့ မစိုးရိမ်ဆရာတော်ကြီးရဲ့ တပည့်အရင်း ဘုန်းဘုန်းကေသာလ လမ်းပြမှုကြောင့် မစိုးရိမ်ကျောင်းတိုက် (NY) ရဲ့ website ကိုရောက်ရှိသွားပါတယ်။ အဲဒီမှာ ဖိုးသူတော်ဦးမင်းရေးထားတဲ့ ၀ါခေါင်လဘွဲ့ ကဗျာလေးကို တွေ့တယ်။ နောက်ပြီး တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဟာ ၀ါခေါင်လပြည့်နေ့။ ဒါနဲ့ ကျွန်တော့်ဘလော့မှာ ဒီကဗျာလေးကို အမှတ်တရအဖြစ် တင်ထားလိုက်ပါတယ်။ မစိုးရိမ်ကျောင်း (NY) ရဲ့ website ကိုလည်း သွားရောက် ဖတ်ရှူ့ဖို့ တိုက်တွန်းပါရစေ။ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေနဲ့ ပြည့်နှက်နေတဲ့ လူ့ဘ၀မှာ ဘုရားဟောကြားထားတဲ့ တရားတွေ၊ နောက်ပြီး ဘုရားသားတော်ဖြစ်တဲ့ ရဟန်းတော်တွေရေးသားထားတဲ့ ဆောင်းပါးတွေ၊ ဆုံးမ ကဗျာတွေကို ဖတ်ရှူ့ခြင်းအားဖြင့် ဘ၀အမောတွေကို ဖြေနိုင်ကြပါစေ။ Masoeyein Sāsanajotika Buddhist Temple - Visit here

Photo cube effect photoshop action

Before After Download the photo cube effect photoshop action here . want more actions ... check here and here Action file ထည့်သွင်းနည်းကိုတော့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ သစ်ခွပုံတွေကတော့ အန်တီကြီးတစ်ယောက် ပို့ပေးထားတာပါ :P

ရွှေဝါရောင် တော်လှန်ရေး ရုပ်သံမှတ်တမ်းအတွက် Emmy ဆု ပဏာမ ရွေးချယ်

http://burmese.dvb.no/news.php?id=5359

စိတ်၏စေရာ

စိတ်၏စေရာကြောင့် လူတွေ ဖြစ်တည်နေကြတယ်လို့ ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အကောင်းအဆိုး အကြောင်းအကျိုးတွေဟာလည်း စိတ်၏စေညွှန်ရာပေါ်မှာပဲ အခြေခံပြီး ဖြစ်တည်နေကြပါတယ်။ ပျင်းရိခြင်းခြောက်ပါးနောက်ကို စိတ်၏စေရာလိုက်ပြီး ပျက်စီးသွားရသလို ကြိုးစားဆောင်ရွက်မှု တက်ကြွမှုနောက်ကို စိတ်၏စေရာလိုက်ပြီး လူတွေ တိုးတက်သွားကြပါတယ်။ လူ့စိတ် သဘောသဘာဝကလည်း အတော်ကို ထူးဆန်းဖို့ကောင်းတယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် မနက်စောစောစီးစီး လေးနာရီ ငါးနာရီလောက် အိပ်ရာထဖို့ဆိုရင် သေမလောက် အပျင်းကြီးနေပေမယ့် ရည်းစားဆီက အဖြေရဖို့အတွက် စောစောသွားရမယ်ဆိုရင်တော့ ထင်တာထက်ကို ပိုစောပြီး နိုးနေပါလိမ့်မယ်။ လူက စိတ်ကိုနိုင်နေတာကောင်းပေမယ့် စိတ်က လူကိုနိုင်သွားပြီဆိုရင်တော့ သတိထားဖို့လိုပြီ။ အဲဒီထက် ဆိုးတာက မကောင်းစိတ်က လူကို နိုင်သွားပြီဆိုရင်တော့ ဘ၀ပျက်ဖို့ (သို့) ခွေးဖြစ်ဖို့ အလားအလာပိုများသွားပြီ။ စိတ်၏စေရာ ... စိတ်၏စေရာ

Adobe Photoshop CS 2 ACE Exam : 9A0-044 Exam

Exam Number/Code: 9A0-044 Exam Name: Adobe Photoshop CS 2 ACE Exam Questions Type: Single choice Test Engine : pass4sure "Adobe Photoshop CS 2 ACE Exam", also known as 9A0-044 exam, is a Adobe certification. Preparing for the 9A0-044 exam? Searching 9A0-044 Test Questions, 9A0-044 Practice Exam, 9A0-044 Dumps? Download here and enjoy :)

Australia သို့ကျောင်းသွားတက်ရန်အတွက် အကူအညီ

မြန်မာပြည်မှ Australia သို့ ကျောင်းသွားတက်မည့် ကျောင်းသားအတွက် ရန်ကုန်မှ Agent အနေနှင့်ဆောင်ရွက်ပေးသည့် Company များကို သိခဲ့လျှင် ကျေးဇူးပြု၍ comment ပေးထားခဲ့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

8.08.08

ပြည်သူတွေကိုချစ်တဲ့ ပြည်သူထဲကပြည်သူတွေ ကျဆုံးခဲ့ရတဲ့ ၈၈၈၈ အနှစ် (၂၀) ပြည့်နေ့ကို ၀မ်းနည်းအောက်မေ့စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။ ထိုနည်းတူစွာ ဒီလိုနေ့မျိုးမှာ မြန်မာပြည်ကြီး တိုးတက်ရာ တိုးတက်ကြောင်းအတွက် ကြိုးစားပြီးအလုပ်လုပ်နေတဲ့ ပြည်သူထဲက ပြည်သူတွေကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ လူဆိုး လူပေ လူ့ဂွစာကြီးတွေ ... ခင်ဗျားတို့ရဲ့ ညစ်ပေနေတဲ့ လက်တွေနဲ့ ရေးထားခဲ့တဲ့ သမိုင်းကြောင့် မြန်မာပြည်ရဲ့ သမိုင်းစာမျက်နှာတစ်ချို့ကို ပြန်လှန်ရမှာ ရှက်တယ်ဗျာ။ Photo from : Japanfocus.org