Skip to main content

Posts

Showing posts with the label photography

512GB ပမာဏထည့်သွင်းအသုံးပြုနိုင်သည့် SD Card ကို SanDisk မှ ထုတ်လုပ်

Memry card တွေထုတ်လုပ်တဲ့ Company တစ်ခုဖြစ်တဲ့ Sandisk ဟာ SD Card တွေထဲမှာ ပမာဏအကြီးဆုံးဖြစ်တဲ့  512 GB ကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ တံဆိပ်ခေါင်းအရွယ်ဆိုဒ်ရှိတဲ့ အဲဒီ SD Card ရဲ့ဈေးကတော့ $800 (£490) ဝန်းကျင်ခန့်ရှိတာကြောင့် DSLR ကင်မရာကောင်းကောင်းဝယ်လို့ရတဲ့ ဈေးလည်းဖြစ်ပါတယ် :) နည်းပညာ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အရ အနာဂတ်မှာ 2TB (2,000GB) ရှိတဲ့ ကဒ်တွေအထိ ထွက်လာနိုင်တယ်လို့ သိရပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ ဒီကဒ်ရဲ့အဓိကရည်ရွယ်ချက်ကတော့ High Quality 4K format အသုံးပြုတဲ့ Film-maker တွေအတွက်အဓိကရည်ရွယ်တယ်လို့သိရပါတယ်။ 4K Format ဟာ ပုံမှန် HD အရည်အသွေးထက် လေးဆ ပိုမိုကောင်းမွန်ပြီး သိမ်းဆည်းတဲ့နေရာပမာဏများစွာယူတာကိုတွေ့ရပါတယ်။ File ကို compress လုပ်တဲ့ပေါ်မူတည်ပြီး 1 မိနစ်စာရှိတဲ့ 4K video တစ်ခုဟာ 5GB ပမာဏ storage အထိနေရာယူနိုင်ပါတယ်။ SD Card တွေဟာ မိုဘိုင်းလ်၊ ဒီဂျစ်တယ်ကင်မရာနဲ့ ကမ်ကော်ဒါတွေမှာ ကျယ်ပြန့်စွာအသုံးပြုနေတဲ့ ကဒ်အမျိုးအစားလည်းဖြစ်ပါတယ်။

Smartphone ကင်မရာသုံးပြီး လျှို့ဝှက်ဓာတ်ပုံရိုက်ခြင်း

ယခုခေတ်မှာ Smartphone ကင်မရာတွေဟာ DSLR နီးပါးအလုပ်တွေလုပ်ဆောင်လာနိုင်ပါပြီ။ DSLR ထက်ပိုပြီး အားသာတဲ့အချက်ကတော့ ပေါ့ပေါ့ပါးပါးသယ်ဆောင်နိုင်တာရယ် ဓာတ်ပုံကို ရိုက်ခံရတဲ့သူမသိအောင် လျှို့ဝှက်ရိုက်နိုင်ခြင်းပါပဲ။ ဒါကလည်း ဘာမှ အထွေအထူးတော့ မဟုတ်ပေမဲ့ တချို့နေရာတွေမှာတော့ အင်မတန်အသုံးဝင်ပါလိမ့်မယ်။ ဥပမာ street photo ရိုက်တာဝါသနာပါသူတွေ၊ ဖြစ်ရပ်တစ်ခုကို လျှို့ဝှက်မှတ်တမ်းတင်ချင်သူတွေ စသည်ဖြင့်ပေါ့။ ကျွန်တော်အခုပြောမည့် smartphone ကတော့ iPhone နဲ့ Samsung ကိုဦးတည်ပြီးပြောသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်တဲ့ဖုန်းတွေမှာလည်း အလားတူ setting တွေကို ရှာဖွေစမ်းသပ်ကြည့်နိုင်ပါတယ်။ မရိုက်ခင်မှာ ပထမဆုံးအနေနဲု့ဖုန်းကို setting အရင်လုပ်ပေးဖို့လိုပါတယ်။ Samsung smartphone ကိုင်တဲ့လူတွေအတွက်တော့ Camera App ကိုဖွင့်ပါ။ ပြီးရင် setting ကိုနှိပ်ပြီးရွေးလိုက်တဲ့အခါ ဒုတိယ menu နေရာမှာ Use the volume keys as ဆိုပြီးတွေ့ရပါလိမ့်မယ်။ အဲဒီနေရာမှာ Default အနေနဲ့ The Zoom Key ဆိုပြီးရွေးထားတာတွေ့ရလိမ့်မယ်။ အဲဒါကို ဒုတိယ option ဖြစ်တဲ့ The Camera Key ဆိုပြီးတော့ ရွေးပါ။ အဲဒါဆိုရင် ကင်မရာရဲ့ Volume button နှစ်ခုလ...

Olympus ရဲ့ Pen series Camera အသစ် E-PL7

  ပေါ့ပေါ့ပါးပါးရှိပြီး ခရီးသွားရတာကို နှစ်သက်တဲ့သူတွေအတွက် အသုံးတဲ့မည့် ကင်မရာတစ်လက်ပါပဲ။  16mp ပုံထွက်အားရှိပြီး Wi-fi နဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ရိုက်ပြီးသားပုံတွေကို Smartphone သို့ Tablet သို့အလွယ်တကူ ပေးပို့နိုင်ပါတယ်။ Touch Screen function ပါဝင်ပြီး 1 sec ကို 8 ပုံနှုန်း ရိုက်ကူးနိုင်ပါတယ်။ ဒါပေမဲ့ အားနည်းချက်တစ်ခုအနေနဲ့  သူ့မှာ View Finder တော့မပါဝင်ပါဘူး။ သို့ပေမဲ့ သီးသန့်ဝယ်ပြီး အသုံးပြုနိုင်ပါတယ်။ 3-axis image stabilizatin စနစ်ကို အသုံးပြုထားတာဖြစ်တဲ့အတွက် လမ်းလျောက်နေရင်းနဲ့တောင် ဓာတ်ပုံကောင်းကောင်းရိုက်ကူးနိုင်ပါတယ်။ Screen ပေါ်မှာကြည့်ပြီး ဓာတ်ပုံရိုက်ရတာကို နှစ်သက်သူတွေ၊ မိမိကိုယ်ကို ပြန်ပြီးဓာတ်ပုံရိုက်နိုင်တဲ့ Selfie အမျိုးအစားတွေကို နှစ်သက်သူတွေအတွက်လည်း အသုံးတည့်မှာအမှန်ပါပဲ။ ဒါပေမဲ့ အဲဒီ selfie ရိုက်ချင်တဲ့သူတွေအတွက် Tripod နဲ့တွဲသုံးလို့တော့ အဆင်မပြေပါဘူး။ Olympus ရဲ့ နာမည်ကြီး Art Filters တွေကို ဒီကင်မရာမှာ RAW format အနေနဲ့လည်း ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။ ကင်မရာချည်းသက်သက် $599, Power Zoom 14-42mm lens နဲ့ဆိုရင်တော့ $699 ဝန်းကျင်ခန့်ရေ...

Snapseed Photo Editing App by Google

Google ရဲ့ Snapseed ဆိုတဲ့ Mobile App အကြောင်းနည်းနည်းမျှဝေချင်ပါတယ်။ အဲဒီ App ကို App store မှာရော Play Store မှာပါ နှစ်နေရာလုံး Download လုပ်ယူနိုင်ပါတယ်။ ဓာတ်ပုံပြင်တတ်တဲ့သူတွေအတွက်တော့ အဲဒီ App ဟာ Lightroom အသေးစားလေးလိုပါပဲ။ ကျွန်တော်လည်း တစ်ခါတလေ လမ်းသွားလမ်းလာရင်း ကင်မရာမသယ်ချင်တဲ့အခါမျိုးမှာ ပါလာတဲ့ Mobile Phone ( Galaxy Note II ) နဲ့ပဲ ရိုက်ဖြစ်ပါတယ်။ Mobile ဖုန်းတွေဟာ DSLR တွေနီးပါး ဓာတ်ပုံတွေကို ဖန်တီးလာနိုင်ပါတယ်။ သို့ပေမယ့် အနည်းငယ် ပြုပြင်ပေးဖို့တော့ လိုပါသေးတယ်။ ဥပမာ အလင်းအမှောင်ချိန်ခြင်း၊ လိုချင်တဲ့ size အရွယ်အစားဖြတ်ယူခြင်း စသည်ဖြင့်ပေါ့။ Snapseed မှာ ဓာတ်ပုံပြင်ရတာလည်း အရမ်းလွယ်ကူပါတယ်။ Street Photo တွေရိုက်တဲ့ ကျွန်တော့်အတွက်တော့ များသောအားဖြင့် Black and White ပြောင်းတဲ့အခါ အဲဒီ App ကို သုံးဖြစ်ပါတယ်။   မိမိပြင်ချင်တဲ့ပုံကို App မှာထည့်လိုက်တဲ့အခါမြင်တွေ့ရမည့်ပုံစံပါ။ အောက်ခြေမှာရှိတဲ့ Box တွေကတော့ App ကနေ လုပ်ပေးနိုင်တဲ့ Function တွေပါ။   ဒီပုံမှာ ညာဘက်ဘေးက မလိုချင်တဲ့အပိုင်းကို ဖြတ်ထုတ်ဖို့အတွက် Crop Function ကိုသုံးပါတယ်။ Crop လုပ်တဲ့အခါ မ...

ကလေးငယ်များကို ဓာတ်ပုံရိုက်ခြင်း

ကလေးငယ်တွေကို ဓာတ်ပုံရိုက်ရတာလည်း ငှက်ပျောသီးအခွံနွှာသလို ထင်သလောက်တော့ မလွယ်လှပါဘူး။ အနည်းဆုံးတော့ ကလေးငယ်ကိုရိုက်မည့် ကင်မရာရဲ့ Function တွေကို သိထားရပါမယ်။ Auto mode, Child Mode နဲ့ရိုက်တဲ့အခါ ဝါးနေတာတို့ ဖြစ်နေရင် အလွယ်ကူဆုံးရိုက်နည်းကတော့ ကင်မရာရဲ့ shooting mode ကို auto ကနေ S mode ကိုပြောင်းလိုက်ပါ။ S ဆိုတာ shutter priority mode ဖြစ်ပြီး မိမိကိုယ်တိုင် shutter speed ကိုရွေးရမှာဖြစ်ပါတယ်။ ကျန်တဲ့ aperture ကိုတော့ ကင်မရာကနေ auto ရွေးပေးမှာဖြစ်ပါတယ်။ ငြိမ်နေတဲ့ ကလေးကိုရိုက်မယ်ဆိုရင် S တန်ဖိုးကို 1/125 လောက်ကစပြီး ကစားပေးနိုင်ပါတယ်။ ဆော့နေတဲ့ကလေးဆိုရင်တော့ တန်ဖိုးကို တိုးတိုးပြီး ရိုက်ကြည့်ပါ။ 1/125 နဲ့ ဝါးနေသေးရင် 1/160, 1/250 ... စသည်ဖြင့် တိုးပေးသွားပါ။ အဲလိုတိုးတဲ့အခါ indoor မှာ ရိုက်တယ်ဆိုရင် ကင်မရာနဲ့ ISO setting ကိုလည်း တိုးပေးဖို့လိုပါလိမ့်မယ်။ ISO ဆိုတာ ကင်မရာနဲ့ အလင်းစွဲအားနှုန်းဖြစ်ပါတယ်။ ISO ကို အရမ်းမြှင့်ရင်တော့ Grain Noise တွေထွက်လာမှာဖြစ်ပါတယ်။ Focus Mode ကိုတော့ auto ဒါမှမဟုတ် Continuous auto ထားနိုင်ပါတယ်။ ပြေးနေတာတွေဘာတွေရိုက်မယ်ဆိုရင်တော့ Continuou Mode မှာထာြး...

Burmese Water Festival, Myanmar Thingyan 2013 in London

လန်ဒန်ရှိ မြန်မာများ၏ နှစ်သစ်ကူးအတာသင်္ကြန်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို Wembley ရှိ Copland Community School တွင် ၁၃ရက်၊ ဧပြီ၊ ၂၀၁၃ နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ မနက်ပိုင်းအစီအစဉ်အဖြစ် သံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းပြီး သီလတရားတော်များ နာယူခဲ့ပါတယ်။ ထို့နောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပါတယ်။ မွန်းလွဲပိုင်း အစီအစဉ်အနေဖြင့် လန်ဒန်တွင် ပထမဆုံးအနေဖြင့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဝါသနာရှင် ညီအစ်ကိုမောင်နှမ ဦးဦး ဒေါ်ဒေါ်တို့၏ အဆို၊ အက၊ အတီးတို့ဖြင့် ပရိသတ်ကို ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာအစားအစာများကိုလည်း ရောင်းချခဲ့ပါတယ်။ လူငယ်၊ လူကြီး ပရိသတ်မြောက်များစွာ တက်ရောက်အားပေးခဲ့ကြပြီး အခမ်းအနားကို ည ၁၁ နာရီခန့်တွင် ဆရာတော်ဦးဥတ္တရမှ နှစ်သစ်ပရိတ်ရေများပက်ဖြန်းပေးပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ လန်ဒန်သင်္ကြန်ပုံများကို Print out အနေဖြင့်သော်လည်းကောင်း Digital Download အနေဖြင့်သော်လည်းကောင်း အမှတ်တရ ဝယ်ယူနိုင်ပါပြီ။ Digital Download သည် ဈေးအသက်သာဆုံးဖြစ်သည်။ ...

Buddhapadipa Temple

Camera: Nikon D7000 | 35mm, F8 @ 1/200s, ISO 200 Software : Adobe Lightroom, Photoshop © Chan Mya Soe

Strangers

   Camera: Nikon D7000 | 35mm, F4 @ 1/125s, ISO 250   Software : Adobe Lightroom  © Chan Mya Soe

Forward and Backward

Camera: Nikon D7000 | 35mm, F4 @ 1/500s, ISO 500 Software : Adobe Lightroom  © Chan Mya Soe

GCU London

Camera: Nikon D7000 | 35mm, F2.8 @ 1/2500s, ISO 500 Software : Adobe Lightroom © Chan Mya Soe

Second Hand Camera Shop

Camera: Nikon D7000 | 35mm, F2.8 @ 1/640s, ISO 500   Software : Adobe Lightroom  © Chan Mya Soe

Street Walkers

Camera: Nikon D7000 | 35mm, F2.8 @ 1/2500s, ISO 500   Software : Adobe Lightroom  © Chan Mya Soe

Petticoat Lane Market

Camera: Nikon D7000 | 35mm, F4 @ 1/1600s, ISO 500   Software : Adobe Lightroom  © Chan Mya Soe

A Jewich Family

Camera: Nikon D7000 | 35mm, F2.8 @ 1/1000s, ISO 500   Software : Adobe Lightroom © Chan Mya Soe

Necklaces

Camera: Nikon D7000 | 35mm, F4 @ 1/320s, ISO 400  Software : Adobe Lightroom © Chan Mya Soe

Street Walkers

Camera: Nikon D7000 | 35mm, F2.8 @ 1/2500s, ISO 500  Software : Adobe Lightroom, Photoshop   © Chan Mya Soe

Five men playing cards at Petticoat Lane Market

Camera: Nikon D7000 | 35mm, F2.8 @ 1/800s, ISO 400  Software : Adobe Lightroom, Photoshop  Location : Petticoat Lane Market  © Chan Mya Soe

Red Hat

Camera: Nikon D7000 |  35mm, F2.8 @ 1/500s, ISO 500 Software : Adobe Lightroom, Photoshop Location : Brick Lane © Chan Mya Soe

Biker vs Bus

ယာဉ်ကြောပိတ်ဆို့မှုတွေများပြားလှတဲ့ မြို့ပြရဲ့ ပြဿနာတွေကို ရှောင်လွှဲဖို့၊ ကျန်းမာရေးအနေဖြင့် အသုံးပြုဖို့ စသည့် အကျိုးကျေးဇူးများကြောင့် ယခုခေတ် စက်ဘီး၊ ဆိုင်ကယ်တွေဟာ   ကျေးလက်ဒေသများနည်းတူ မြို့ပြတွေမှာ   အသုံးဝင်လာတာတွေ့ရပါတယ်။ သို့ပေမဲ့ ယူကေလို ရာသီဥတုဆိုးဝါးလှတဲ့နိုင်ငံတွေမှာ အသုံးပြုမယ်ဆိုရင် ဆိုင်ကယ်စီးဝတ်စုံ အပြည့်ဝတ်ဆင်ပြီး အသုံးပြုမှသာ ဆိုးဝါးတဲ့ အအေးဒဏ်ကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲ ဖြစ်သွားပါလိမ့်မယ်။

Mounted Police

Mounted police are police who patrol on horseback (equestrians) or camelback. They continue to serve in remote areas and in metropolitan areas where their day-to-day function may be picturesque or ceremonial, but they are also employed in crowd control because of their mobile mass and height advantage and increasingly in the UK for crime prevention and high visibility policing roles. [ Wikipedia ]