Skip to main content

Posts

Showing posts with the label စိုးပိုင် နောနော် သျှီ အောင်လ

Photo: Temptation 4 - Fundraising Live Concert For the Orphanages in Myanmar

ပြီးခဲ့သည့် စက်တင်ဘာလ (၉) ရက်နေ့က လန်ဒန်တွင် မြန်မာပြည်ရှိ ချို့တဲ့ကလေးသူငယ်များ ထောက်ပံ့ရေး ရံပုံငွေအဖြစ် ကျင်းပပြုလုပ်ခဲ့သည့် Temptation 4 ပွဲမှ မှတ်တမ်းတင်ဓာတ်ပုံများဖြစ်ပါတယ်။ ထိုပွဲသို့ မြန်မာပြည်မှ ဖိတ်ကြားထားသည့် အဆိုတော်များဖြစ်သည့် စိုးပိုင်၊ သျှီ၊ နောနော် နှင့် အောင်လ တို့မှ တက်ရောက်အားပေးသည့် မြန်မာမိသားစုများနှင့်အတူ အားပါးတရ သီဆိုဖျော်ဖြေသွားပါတယ်။ ညနေ (၅) နာရီတွင် စတင်ဖျော်ဖြေရမည့် ဖျော်ဖြေမှုကို လန်ဒန်မှပွဲများ ထုံးစံအတိုင်း (၆) နာရီကျော်လောက်မှ စဖြစ်ခဲ့ပြီး (၁၁)နာရီတွင် ပြီးရမည့်အစား ၁၀ နာရီ ၃၀မိနစ်ခန့်တွင် ပွဲကို ရုပ်သိမ်းခဲ့ပါတယ်။ အဆိုတော်တွေရဲ့ ဖျော်ဖြေမှုကတော့ ကြည့်လို့အရမ်းကောင်းခဲ့ပြီး ပွဲစီစဉ်မှု ချာတူးလန်တာကြောင့် နောက်ကျမှစပြီး စောပြန်ခဲ့ရတာကိုတော့ ကသိကအောက်ဖြစ်ခဲ့ရပါတယ်။