Skip to main content

Posts

Showing posts with the label ရွက်နုတွေ ဝေစေချင်လို့

Sharing: ရွက်နုတွေ ဝေစေချင်လို့ (အောင်သင်း)

ဆရာ ဦးအောင်းသင်း လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးသားထားတဲ့ ရွက်နုတွေ ဝေစေချင်လို့ဆိုတဲ့ ဆောင်းပါးလေးကို မျှဝေလိုက်ပါတယ်။ ဒီဆောင်းပါးလေးတင်ထားပေးတဲ့ စာပေလောက ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဆရာဦးအောင်သင်းရေးသားတဲ့စာတွေဟာ ကျွန်တော်တို့ လူငယ်၊ လူလတ်ပိုင်းတွေကို တိုးတက်ရာ တိုးတက်ကြောင်း အထောက်အပံ့ကောင်းဖြစ်တယ်ဆိုတာ ငြင်းဖွယ်ရာမရှိပါဘူး။ ခံစားပြီး ဆင်ခြင်ကြည့်ကြပါစို့။ ကျွန်တော်အသက် ၈၃ နှစ်ထဲ ရောက်နေပါပြီ။ ရွက်ဟောင်းကြီး ဆိုပါစို့။ ရွက်ဟောင်းကြီးဆိုတော့ ကြွေရက်ကလည်း နီးလာပြီပေါ့။ ရွက်ဟောင်းတွေ ကြွေရင် ရွက်သစ်တွေဝေမှ သင့်ပါလိမ့်မည်။ ရွက်ဟောင်းကြွေလျက် ရွက်သစ်မဝေလျှင် ထိုသစ်ပင်မှာ ခြောက်သယောင်းသွားရပေ လိမ့်မည်။ သို့သော် လူ့လောကတည်းဟူသော သစ်ပင်ကြီးက ဘယ်တော့မှ အသေခံ ခြောက်သယောင်း မသွားပါ။ ရွက်သစ်တွေ တဝေဝေ ဖြစ်နေတတ်မြဲ ဖြစ်ပါသည်။ လောင်းရိပ်မိသော၊ အပူလောင်သော ရွက်နုတွေသာလျှင် နုလျက်နှင့်မဝေနိုင်ဘဲ ကြွေသွားရ တတ်မြဲ ဖြစ်သည်။ “ရွက်နုကြွေ” ပေါ့။ ထိုကဲ့သို့ ရွက်နုကြွေမဖြစ်ဘဲ ရွက်နုတွေဝေစေချင်သောကြောင့် မျိုးဆက်သစ် အတွက် ခွန်အားသစ် စာပေတွေကို ကျွန်တော် ကြိုးစားပမ်းစား ရေးနေမိသည်။ သို့သော် ကျွန်တော့်စာ...