မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်နေ့တွင် ဒီပင်္ကရာဘုရားခြေတော်ရင်းနှိုက် သဗ္ဗညုတ ဘုရားအဖြစ်ကို ရရှိဖို့ရန် ဆုပန်တော်မူခြင်း၊ ၄င်းကဆုန်လပြည့် သောကြာနေ့တွင် ဖွားမြင်တော်မူခြင်း၊ ၄င်းကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် ကိလေသပရိနိဗ္ဗာန် စံတော်မူခြင်းတည်းဟူသော သစ္စာလေးပါးနှင့်တကွ အလုံးစုံကုန်သော တရားတော်များကို အကုန်အစင်သိမြင်သော ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခြင်း၊ ၄င်းကဆုန်လပြည့်တွင် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးနှင့်တကွ သာကီဝင်မင်းအပေါင်းတို့အား ဘုရားဖြစ်စဉ်ဗုဒ္ဓ၀င်ကိုဟာတော်မူခြင်း၊ ၄င်းကဆုန်လပြည့် အင်္ဂါနေ့တွင်ပင် ခန္ဓပရိနိဗ္ဗာန် စံတော်မူခြင်းတည်းဟူသော ပရိနိဗ္ဗာန် စံတော်မူခြင်းတို့ကြောင့် ဒီကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ဟု ရှေးပညာရှင်များ က ခေါ်ဝေါ်သမုတ်ခဲ့ကြပါသည်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲအခမ်းအနားကို ယနေ့အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါတယ်။ အခမ်းအနားသို့ အင်္ဂလန်နိုင်ငံကျောင်းပေါင်းစုံမှ ဆရာတော်များ နှင့် တပည့်ဒါယကာ ဒါယိကာမများ စုံလင်စွာ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို မနက် ၁၀ နာရီတွင် စတင်ကျင်းပခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ဓမ္မတေးများ၊ ကဗျာမျာ...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ