Skip to main content

Posts

Showing posts from December, 2006

2006 ရဲ့နောက်ဆုံးနေ့လေးပေါ့

H a p p y New Year 2 0 0 7 ၃၁ ဒီဇင်ဘာ ဒီနေ့ ငါ့ရဲ့စိတ်တွေ မန်းလေးကိုပဲ သတိရနေတယ် ... ဟူး။ သူငယ်ချင်းတို့ရေ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုရောက်ပြန်တော့မယ်။ ငါ မင်းတို့ကို အရမ်းသတိရတယ်။ ချမ်းအေးလွန်းတဲ့ မန်းလေးရဲ့ ဟေမာန်ဆောင်းညတွေမှာ လည်ပတ်ရင်း နှစ်သစ်ကိုကြိုဆိုခဲ့ကြတာတွေကို ငါဘယ်တော့မှ မမေ့ပါဘူးကွာ။ ငါ့အဖို့တော့ ဒီမှာ ဘာလုပ်ရမှန်းကို မသိသေးဘူး။ အိပ်ရုံကလွဲလို့ ဘာမှမရှိဘူးပေါ့ကွာ။ ဒါပေမဲ့ ည ၁၀ နာရီလောက်ကျရင်တော့ Central London ကို အပျင်းပြေ သွားမလားလို့လုပ်ထားတယ် ... မသေချာသေးပါဘူး။ စိတ်ပါမှပဲသွားတော့မယ်ကွာ။ သူငယ်ချင်းတစ်ချို့လည်း ပုဂံကိုရောက်နေကြတယ်။ အရမ်းပျော်ဖို့ကောင်းမှာပဲ။ နှစ်သစ်ကို ပုဂံမှာ တစ်ခါမှ သွားပြီး မကြိုဘူးဖူး။ သွားချင်တယ်။ မန်းလေးကျုံးလေးမှာ ဒီနေ့ည အရမ်းစည်ကားနေမှာကို မြင်ယောင်မိတယ်ကွာ။ ဘယ်နှစ်လောက်ကျမှာ မန်းလေးမှာ နယူးရီးယားကို ပြန်ပြီးကြိုဆိုဖြစ်မလဲ မသိဘူးနော်။ သြော် ပျော်ရာမှာမနေရဘဲ တော်ရာမှာပဲ နေနေရပါလား။ ပြန်တော့ဆုံဖြစ်မှာပါ မန်းလေး နှစ်သစ်ညလေးရယ်။ အခုတော့ ဝေးနှင့်နေအုံးပေါ့။ + နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အားလုံးပျော်ရွှင်နိုင်ကြပါစေခင်ဗျာ + + စိုးရိပ်ပူပန်ခြင်း ကင်း

ပျော်ရွှင်ဖွယ် XMas ပါခင်ဗျာ

မိသားစု၊ သူငယ်ချင်းများနှင့်အတူ XMas မှာပျော်ရွှင်နိုင်ပါစေ။ ဘုရားသခင်ရဲ့ ကောင်းချီးမင်္ဂလာများ ကျရောက်ပါစေလို့ ဆန္ဖပြုပါတယ်။ ပျော်ရွှင်ဖွယ် XMas ငြိမ်ဝတ်စွာနားစဉ်ပါ ManU ကိုဒီည သွားဖြစ်တယ်။ ည ၁၁နာရီလောက် ထွက်ဖြစ်မယ်ထင်တယ်။ အသိတစ်ယောက်ရဲ့ ကားနှင့်သွားမှာဆိုတော့ အဆင်ပြေတယ်။ သုံးရက်လောက်တော့ နေဖြစ်မယ်ထင်တယ်။ ဝေဟင်ရေ ... XMas ည အွန်လိုင်းမှာ တွေ့ဖို့ မသေချာလောက်ဘူး။ ဟိုမှာ သုံးလို့ရရင်တော့ ၀င်ခဲ့မယ်။ ခရစ်ယာန်မဟုတ်တော့ XMas ထက် NewYear ကိုပဲ သတိရတယ်။ မန်းလေး နှစ်သစ်ကူးညတွေ အခုတော့ ငါ မကြိုဆိုနိုင်တော့ဘူးပေါ့။ မန်းလေးXMas ညလေးမှာလည်း စည်ကားနေမှာကို မျက်စိထဲ မြင်ယောင်မိပါတယ်။ မပျော်နိုင်သူများ ပျော်ရွှင်နိုင်ကြပါစေ။ ပျော်နိုင်သူများလည်း ပိုပြီးပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Flock [ The Social Web Browser ]

For Browsing, For Sharing, For Finding Out Flock is an amazing web browser built on fast and secure Mozilla technologies. View and share photos with an innovative new photo bar in the browser. Subscribe to your favorite websites to get the freshest content automatically, in summaries that are easy to save and blog. Search more quickly, more effectively, and more richly with the innovative Flock Search Toolbar. Download the Flock beta and you'll be spreading the word that there's a new way to web. [ Download Link ] ပြောထားတာတော့ အဟုတ်ပဲ။ ဟုတ်မဟုတ်သိရအောင် ကျွန်တော်တော့ စမ်းပြီး သုံးကြည့်နေတယ်။

ChinaTown, CMS နှင့် ဟိုစပ်စပ် ဒီစပ်စပ် ဓာတ်ပုံများ

အင်တာနက်ပေါ်မှနေ၍ ကမ္ဘာပတ်နေတာ တော်တော်ကြာပြီ :P အဲဒီတော့ နည်းနည်းငြီးငွေ့လာတယ်။ ထို့ကြောင့် ကျွန်တော်မျိုး မနေ့က လန်ဒန်မြို့၏ စည်ကားရာနေရာများသို့ ကင်မရာအစုတ်တစ်လုံး စွဲကိုင်လျက် အစ်မတော်ဘုရားနှင့် လျောက်လည်ခဲ့သည်။ မြို့ထဲမှာတော့ XMas အတွက်ပြင်ဆင်ထားတာတွေ တော်တော်တွေ့ရသည်။ ကင်မရာအစုတ်လေးနှင့် လက်မဆော့မီ ဖုန်းအစုတ်လေး Contract ပြည့်၍ သွားလဲရသေးသည်။ Handset (MOTOKRZR K1) အသစ်တစ်လုံး ရခဲ့သည်။ ဒီမှာ အဲဒီတစ်ခုတော့ ကောင်းသည်။ Service ကိုပဲသုံး HS က အလကား ရပြီးသား။ ထို့နောက် စိတ်လွတ်ကိုယ်လွတ် လျောက်သွားလိုက်ရာ ChinaTown ဘက်သို့ရောက်သွားခဲ့သည်။ ဤတွင် အစာအိမ်၏ တောင်းဆိုမှုကြောင့် တရုတ်ဆိုင်တစ်ဆိုင်တွင်ဝင်၍ လွေးခဲ့သေးသည်။ အတော်ကောင်းလှသော ပင်လယ်စာခေါက်ဆွဲအား အရသာရှိရှိစားသုံးခဲ့သည် :P ထို့နောက် အညတရကင်မရာလေးနှင့် ဟိုစပ်စပ် ဒီစပ်စပ်ပုံများကို ရိုက်ကူးခဲ့သည်။ တစ်ချို့ဓာတ်ပုံများမှာ ညပိုင်းရိုက်ရသည်ဖြစ်၍ သိပ်တော့ အဆင်မပြေလှပါ။ ကြည့်ကြပ်၍ ကြည့်တော်မူကြပါကုန်လော့။ အိမ်က ထွက်လာတုန်းကတော့ သိပ်မမှောင်သေး။ ဒါပေမဲ့ ဒီပုံမှာတွေ့ရတဲ့အတိုင်းပဲ ... မြူတွေတော့ ရှိနေသည်။ ရာသီဥတုကတော့ ချမ်းတုန် ချမ်းတုန် ချမ်းပဲ

ကာရံလေး

၂၀၀၁ လောက်က တော်တော်နားထောင်ဖြစ်တဲ့ သီချင်းလေးပါ။ အရမ်းခိုက်တယ်။ အဲဒီတုန်းက Okara ဆိုတဲ့အဖွဲ့က ကမ္ဘာကြီးကိုရပ်ပေးဦး ဆိုတဲ့ Album ထွက်တယ်။ ဒီသီချင်းလေးက အဲဒီထဲကပါပဲ။ ဒါပေမဲ့ အဆိုတော်တော့ မတူဘူး။ Album ထဲက ဆိုထားတာက ပိုကောင်းတယ်။ အဲဒီ Album ကိုလည်း လိုက်ရှာသေးတယ် ဘယ်လိုမှ ရှာမရတော့ လက်လျော့ထားလိုက်ရတယ်ဗျာ။ ကြယ်ပွင့်လေးများ ဆင်းသက်ပြီးတော့ ဖန်ဆင်းထားတဲ့ မင်းရဲ့အလှကို နာရီ မိနစ်စက္ကန့်တိုင်းပဲ မြင်ယောင်နေပြီသိရဲ့လား ရင်ခုန်သံတွေလဲ ထိန်းချုပ်မရတော့ စိတ်ကူးများလည်း မင်းရဲ့အနား ကြင်နာစွာ ချစ်သီချင်းလေးများ မင်းအတွက် သီဆိုချင်တယ် ချစ်သူရယ် မင်းအတွက် ... powered by ODEO

၆လ ပြည့်သောနေ့

တစ်လတစ်လကလည်း မြန်တယ်ဗျာ။ ဘာလိုလိုနဲ့ အိမ်နဲ့ဝေးတာ ၆လပြည့်သွားပြန်ပြီ။ ဒီလိုရက်ရောက်ရင် ရန်ကုန်လေယာဉ်ကွင်းကြီးက ထွက်လာတာကိုပဲ ပြန်ပြန်ပြီးမြင်မိတယ်။ ဒါပေမဲ့ တစ်နေ့နေ့တော့ အဲဒီနေရာကြီးကိုပြန်ရောက်မှာပါပဲလေ။ အခုကျောင်းကတော့ ခရစ်စမတ်အတွက်ပိတ်သွားပြီ။ ဇန်န၀ါရီ ၂ ရက်နေ့မှ ပြန်ဖွင့်မယ်။ ကျောင်းပိတ်ရက်မှာ အစကတော့ ဘယ်မှ မသွားဘူးလို့ဆုံးဖြတ်ထားတယ်။ စာတွေလည်းကြည့်စရာရှိတယ်။ စာမေးပွဲက ဖေဖော်ဝါရီ ၂ ရက် .. အားပါး .. ဘာမှမလိုတော့ဘူး။ ခရစ်စမတ်ကျရင်တော့ Manchester ကို အသိတစ်ယောက်နဲ့ သုံးလေးရက်လောက် လိုက်သွားလိုက်ဦးမယ်။ အလည်သဘောပေါ့ နောက်ပြီး ရှူ့ခင်းလေးဘာလေး ကြည့်ရင်းပေါ့။ သူကကိုယ်ပိုင်ကားနဲ့ သွားမှာဆိုတော့ အေးအေးဆေးဆေးလည်းရှိလို့ လိုက်သွားဖို့ပြောလိုက်တယ်။ နောက်ပိုင်း ရောက်ချင်မှရောက်မှာလေ။ ခရစ်စမတ်အတွက်လည်း ဒီမှာ ပြင်ဆင်ထားတာတွေက တော်တော်လှတယ်။ လာမည့်တစ်ရက်နှစ်ရောက်လောက်နေရင် မြို့ထဲသွားပြီး ဓာတ်ပုံလေးဘာလေးရိုက်မယ်လို့တော့ စဉ်းစားထားတယ်။ သွားမှာသာ သွားရမှာ တော်တော်အေးတယ်ဗျာ။ ဒီနေ့ကို -1 ရှိတယ်။ အအေးကြောက်တဲ့ ကျွန်တော့်အတွက်တော့ တော်တော်အေးနေပြီလို့ပြောလို့ရတယ်။ မော်စကိုလိုနေရာရောက်သွားရင်တော့ ဒုက္ခ

သူငယ်ချင်းပြောပြတဲ့ မန်းလေးက ဘောလုံးသတင်း

သူငယ်ချင်းတီလုံး ပြောသွားတဲ့ ဘောလုံးပွဲ ရလဒ်လေးပါ။ ကျွန်တော်ကတော့ ဘောလုံးသိပ်စိတ်မ၀င်စားပါဘူး။ ဒါပေမဲ့ မြန်မာတွေပါဝင်ကစားမှ အားပေးပါတယ်။ Sunday တုန်းကကန်ခဲ့တာဖြစ်ပါတယ်။ U23 MM (1) Vs Malaysia23 (0) လက်ရွေးစင် အသင်း မြန်မာ (2) Vs အင်ဒို (1) နဲ့ အောင်ပွဲခံခဲ့ပါတယ် မြန်မာဘောလုံးအသင်း နိုင်နေတယ်ဆိုတော့ ဘာရယ်ညာရယ်မဟုတ်ဘူး ကျွန်တော်လည်း လိုက်ပြီးပျော်မိပါတယ်။ နောက်ပိုင်းပွဲတွေမှာလည်း မြန်မာအသင်းများ ဆက်လက်အောင်ပွဲခံနိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။ မန်းလေးဗထူးကွင်းကြီးထဲမှာ လူတွေအရမ်းစည်ကားနေမှာကိုတော့ မျက်စိထဲမြင်ယောင်မိပါတယ်။ ကွင်းကိုလည်း ပြုပြင်မှုတွေ လုပ်ထားတယ်လို့သိရပါတယ်။ တကယ်ကို မန်းလေးအတွက် ဂုဏ်ယူစရာပါပဲ။ သူငယ်ချင်းတွေထဲက ဘောလုံးဝါသနာအိုးများ အသဲအသန်သွားပြီး အားပေးကြမှာကို ကြိုသိနေသလိုပဲ :P ဘာမဟုတ်တဲ့ လက်ဝှေ့ပွဲလုပ်ရင်တောင် ဗထူးကွင်းကြီး အရမ်းစည်နေတတ်တာ အခုလို နိုင်ငံပွဲမျိုးဆိုတော့ ပိုပြီးစည်နေတော့မှာပေါ့ဗျာ။

ဘယ်ရမလဲ ... ဟားဟား

ဒီနေ့မနက်အစောကြီး ထပြီး ကွန်ပျူတာသုံးမယ်လုပ်တော့ ဘယ့်နှယ့်မှ အဆင်မပြေဘူး။ Blue Screen ကြီးပဲတက်တက်လာတယ်။ အင်း အဲဒီထဲက သိလိုက်ပြီ အခြေအနေတော သိပ်မကောင်းတော့ဘူးလို့။ Restart ခဏခဏ ဖြစ်ဖြစ်သွားတယ်။ တစ်ကြိမ်လောက်တော့ နည်းနည်း သီးခံသေးတယ်။ နှစ်ကြိမ် ... နည်းနည်း တင်းလာပြီ။ သုံးကြိမ် ... Format ချပလိုက်တယ်။ ပြတ်ရော။ ပြချင်အုံး BlueScreen ။ အဲဒီဒုက္ခတော့ ရှင်းသွားပါတယ်။ ဒါပေမဲ့ စက်ထဲမှာ သိမ်းထားတဲ့ Data တစ်ချို့နှင့် သီချင်းလေးတွေပါသွားတယ် :P

မန်းလေးသားများ GoogleGroup

To Join This Group Click Here

ဘာလို့ တွေးနေမိပါလိမ့် ?

XMas လည်းနီးလာပြီ NewYear လည်းနီးလာပြီ ထို့အတူ စာမေးပွဲတွေလည်း နီးလာပြီ ငါ ဘာတွေ တွေးနေမိပါလိမ့် ? သေချာတာတစ်ခုကတော့ XMas နှင့် NewYear က ငါ့ စာမေးပွဲ အတွက် ဘာမှ အထောက်အကူဖြစ်မှာ မဟုတ်ဘူးဆိုတာပဲ။ ဒါပေမဲ့ အဲဒါတွေ ဘာလို့ ငါ့ခေါင်းထဲ ရောက်ရောက်လာတာလဲ ငါ စဉ်းစားလို့မရဘူး။ ငါ့ဦးနှောက်ကို HardDisk တစ်ခုအနေနဲ့ မြင်ကြည့်မယ်ဆိုရင် ငါ့ HardDisk ကို Partition တွေခွဲထားဖို့လိုပြီထင်တယ်။

လျှပ်စစ်ဓာတ်အားနဲ့ ပက်သက်တဲ့ သတင်းလေးတစ်ခုပါ

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချရန်အတွက် သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ဆည်များ စီမံကိန်းချ ဆောက်တည်မှုကို လက်ရှိ ထိုင်းအစိုးရအသစ် အနေနှင့် ဆက်လက်လုပ်ကိုင်ဖွယ် ရှိနေသည်ဟု သတင်းများအရ သိရပါတယ်ခင်ဗျာ ရန်ကုန်သတင်းတွေအရလည်း ဗွီဒီိယိုခွေ ငှားစားတဲ့ဆိုင်တွေက လျှပ်စစ်မီး မှန်မမှန်ပေါ်ကို မှီခိုနေတယ်လို့ သိရပါတယ် ဒါနဲ့ စကားမစပ်ဗျာ ... ကျွန်တော်တို့ ရွှေမန်းလေးမှာတော့ မီးတွေပျက်လိုက်တာ ခဏခဏပဲတဲ့ဗျာ

မေမြို့ (သို့) ပြင်ဦးလွင်

ပြင်ဦးလွင်(သို့) မေမြို့အကြောင်း ( PyinOoLwin on WWW ) အရင်က ပို့စ်တွေရေးဖူးပါသည်။ အခုလည်း ရေးပါဦးမည်။ နောင်လည်း ရေးဖြစ်မှာ သေချာပါသည်။ ဘာကြောင့်ဆိုသော် ထိုမြို့လေးမှာ အရမ်းချစ်ဖွယ်ကောင်း၍ နေချင်စရာ ကောင်းလှသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သောကြောင့်ဟု ဖြေရန်သာရှိပါသည်။ အခုတလော မေမြို့နှင့်ပက်သက်၍ သတင်းတစ်ခု သိထားပါသည်။ မေမြို့တွင် ပြင်ဦးလွင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် စိန်ရတုပွဲတော်ကြီးကို ဒီဇင်ဘာ ၁၀ ရက် ... အဲ ... ဒီနေ့ စတာပေါ့ဗျာ ... ဒီဇင်ဘာ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ခမ်းနားသိုက်မြိုက်စွာကျင်းပပါတော့မယ်။ အဲဒီသတင်းကိုကြားတဲ့ မန်းလေးသူ မန်းလေးသားတိုင်း မေမြို့ကို သွားချင်နေမည်ဆိုတာကတော့ ငြင်းဖွယ်မရှိပါ။ ထို့အတူ ကျွန်တော်လည်း မေမြို့ကို သတိရမိသည်။ အဝေးရောက်နေတဲ့ သူတွေဆိုရင်တော့ ပိုဆိုးတာပေါ့ဗျာ။ မန်းလေးသူ မန်းလေးသားတွေ အတွက်ကတော့ မေမြို့ဆိုတာ မန်းလေးပြီးရင် အချစ်ဆုံးမြို့တစ်မြို့လို ဖြစ်နေပါတယ်။ ကျောင်းပိတ်လို့အားရင် ဒါမှမဟုတ် သင်တန်းတွေမှာ အုပ်စုလိုက် အပျော်ခရီးထွက်ရင်ပဲဖြစ်ဖြစ် မိသားစုလိုက် အပန်းဖြေသွားရင်ပဲဖြစ်ဖြစ် သွားတဲ့ Direction က မေမြို့ပဲ များပါတယ်။ အခုဆိုရင် ပန်းမြို့တော်(သ

ဆရာတော် ဦးဝိသုတ နှင့် တွေ့ဆုံခြင်း

မနေ့ ကျွန်တော့်အခန်းဘေးက အခန်းကနေ ဘုန်းကြီးပရိတ်ရွတ်သံတွေ ကြားတယ်။ ပထမတော့ အဲဒီအခန်းက အစ်မကြီး ဘုန်းကြီးတရားခွေဖွင့်တာ နေမှာပေါ့လေဆိုပြီး ထင်နေတာ။ နောက်တော့ ဘယ်ဟုတ်မလဲ။ ဘုန်းကြီး ... ဘုန်းကြီးမှ တကယ့်ဘုန်းကြီး သင်္ကန်းကြီးနဲ့ :P ဒါနဲ့ ဘုန်းဘုန်းကို ရှိခိုးပြီး တရားလေး ဘာလေးနာလိုက်သေးတယ် :P ဘုန်းကြီးက မုံရွာသားဗျ။ ဒီရောက်တာ သုံးနှစ်ခွဲလောက်ရှိပြီ။ WembleyStadium နားက ကျောင်းမှာ သီတင်းသုံးတယ်လို့ပြောတယ်။ ပထမဦးဆုံးပဲဗျာ ... လန်ဒန်မှာ ဘုန်းကြီးတစ်ပါးနဲ့ စတွေ့တာ။ တရားလေးဘာလေးနာပြီးနောက် ဘုန်းဘုန်းပြန်ခါနီးမှာ အရာအားလုံးအတွက် ရည်စူးပြီး ၀ထ္ထုငွေ လှူလိုက်သေးတယ်။ ဘုန်းဘုန်းကတော ဆုတွေ အများကြီးပေးတယ်။ အကုန်ပြည့်ရပါ၏ဘုရား လို့ပဲဆုတောင်းမိတယ်။ ဖတ်မိတဲ့သူများ သာဓုခေါ်ကြပါကုန်လော့ :P အဲ ... ဘုန်းဘုန်းက ပြောသွားသေးတယ်။ နောက်လလောက် သူ့ကျောင်းမှာ ထမနဲထိုးပွဲရှိတယ်တဲ့။ လာခဲ့ပါတဲ့။ ကျွန်တော်လည်း ပြောလိုက်တယ်။ ဆက်ဆက်လာခဲ့ပါ့မယ် ဘုရား ... မရောက်ရောက်အောင်ကို လာခဲ့ပါမယ်ဘုရား။

ချစ်သူငယ်ချင်းကြီး အောင်သူရ

သူငယ်ချင်း ... ငါ ဒီနေ့ မင်းနဲ့ ဖုန်းပြောရတာ အရမ်းဝမ်းသာတယ်ကွာ။ မင်း အာလုံး အဆင်ပြေတာသိရတော့ ပိုပြီးဝမ်းသာတယ်။ ဖုန်းပြောခါစက မင်းငါ့အသံကို မမှတ်မိတာတော့ သိပ်မမိုက်ဘူး :P ဒါလည်း မဆန်းပါဘူးလေး နဲနဲလေးကြာတော့ ဝေေ၀၀ါးဝါးတော့ ဖြစ်မှာပေါ့။ မင်းလည်း မန်းလေးမှာ ပျင်းလိုက်ပျော်လိုက် ဖြစ်နေမယ်ထင်တယ်ကွာ။ ငါလည်း ဒီမှာ အဲဒီလိုပါပဲကွာ။ မင်းတို့ကတော့ နဲနဲတော်သေးတယ်။ နေမျိုးတို့ ဗိုလ်နွေးတို့ ရှိသေးတယ်လေ။ မင်းပြောမှ နယူးရီးယားကို ပိုပြီးသတိရတယ်ကွာ။ ငါတို့သူငယ်ချင်း လေးယောက် နယူးရီးယားမှာ နှစ်တိုင်းလိုလို အတူတူလည်ခဲ့ကြတာ ဒီနှစ်တော့ ငါမရှိဘူး။ မင်းတို့လည်း ပျင်းလောက်ရောပေါ့။ ငါ့ရဲ့ ဟာသတွေကိုလည်း မကြားနိုင်တော့ဘူးလေ :P ဒါပေမဲ့ မပူပါနဲ့ ငါ နယူးရီးယားညကျရင် မင်းတို့ဆီကို ဖုန်း ဆက်ဖြစ်အောင် ဆက်မယ်ကွာ။ မင်းတို့ ဘယ်ကိုရောက်နေ ရောက်နေပေါ့။ အဲဒီညကျရင်တော့ ငါလည်း ဘာလုပ်ရမှန်း မသိသေးဘူး :P တစ်ကောင်တည်းပဲ နယူးရီးယားကြိုရမလား အိပ်ပဲအိပ်နေတာကောင်းမလား ဒါမှမဟုတ် လျောက်သွားရင်နဲ့ ယမကာလေးတွေသောက်ရမလား မစဉ်းစားတတ်အောင်ပါပဲကွာ။ သေချာတာကတော့ မင်းတို့ဆီကို ဖုန်းဆက်ဖြစ်မှာပါပဲ။ မင်းတို့ဘယ်လိုလည်ကြတယ်ဆိုတာသိပြီး ငါလည်း စိတ်က

မန္တလေးဆောင်း နှင့် အတွေးများ

ကျွန်တော် အရမ်းမြင်ချင်နေတဲ့ မန္တလေးဆောင်းရဲ့ ဓာတ်ပုံတွေ ကိုဇော်မိုးအောင် ရဲ့ ကျေးဇူးကြောင့် ကြည့်ခွင့်ရသွားတယ်။ ကျေးဇူး အရမ်းတင်ပါတယ် ကိုဇော်မိုးအောင်။ ဒီပုံလေးတွေဟာ အဝေးရောက် မန္တလေးသားတွေအတွက်တော့ အရမ်းကို တန်ဖိုးရှိလှပါတယ်ဗျာ။ မနက်စောစော ကျုံးကြီးထဲမှာ ရေငွေ့လေးတွေ အထက်ကို ပျံ့လွင့်နေတဲ့ မြင်ကွင်းမျိုး ... ။ ပုံတွေကြည့်ပြီးတော့ ပြန်ချင်စိတ်တောင်ပေါက်တယ်။ ခက်တာကလည်း အတောင်မစုံသေးပဲ ပြန်ရင် ဒုက္ခလှလှတွေ့မှာ ကြောက်တယ်။ (ဟူး ... မတွေးရဲဘူး) မနှစ်က ဒီလိုအချိန်ကိုလည်း သတိရမိတယ်။ ညပိုင်းတော်တော်များများမှာ MCC - 72 (၂၈ လမ်း မင်းသီဟ ကဖေးအနီး) မှာပဲ ရှိနေတယ်။ အိပ်တော့လည်း အဲဒီမှာပဲ အိပ်ဖြစ်တယ်။ အပေါင်းအသင်းမက်တော့ အိပ်မှာထက် အပြင်မှာ အိပ်တာက ပိုများနေတယ်။ MCC မှာကလည်း ပျော်စရာကောင်းတယ်လေ။ ကျွန်တော့ရဲ့ဆရာ ကိုစစ်ကိုင်း၊ ကိုမိုး၊ ကိုတုံ ( မောင်လှ )၊ ကိုဇော်ဇော်အောင် တို့အပြင် ကျွန်တော့်ရဲ သူငယ်ချင်းတွေ ကျောင်းသားတွေပါ ညဆိုရင် ရောက်ရောက်လာတတ်တယ်။ ညဘက် အလုပ်ပြီးလို့ လဘက်ရည်ဆိုင်သွားကြပြီဆိုရင် မဟာနွယ်ဆိုတဲ့ ဆိုင်လေးက ကျွန်တော်တို့ရဲ့ ပုံမှန်နေရာလေးလိုဖြစ်နေတယ်။ တစ်ခါတစ်ခါတော့လည်း ၂၆ လမ်းပေါ်က Date၊

အလွမ်းဝေတဲ့ ဆောင်း (သို့) ဒီဇင်ဘာ

ငါ အရမ်း မျှော်လင့်နေတဲ့ ဒီဇင်ဘာကို ရောက်လာခဲ့ပြီ ဒါပေမဲ့ ငါမျှော်လင့်နေတဲ့ နေရာလေးနဲ့ ဝေးရာကို ငါရောက်နေတယ် ငါအတွက် အရမ်း ခံစားမှုတွေ ပေးတတ်တဲ့ ဒီဇင်ဘာကို ရောက်လာပြီ ဒါပေမဲ့ ဒီကိုရောက်မှ ငါ့ရဲ့ ခံစားမှုတွေ ပိုပြီးများများလာတယ် ငါ အရမ်းချစ်တဲ့ ဒီဇင်ဘာကို ရောက်လာခဲ့ပြီ ဒါပေမဲ့ ငါ အရမ်းချစ်တဲ့သူတွေ ငါအရမ်းချစ်တဲ့နေရာတွေနဲ့ ဝေးရာကို ငါရောက်နေတယ် ကဗျာဆရာတွေ သီချင်းဆရာတွေ ရေးဖွဲ့ကြတယ် နှင်းဝေတဲ့ဆောင်း တဲ့ သြော် .. ငါ့အတွက်တော့ ... အလွမ်းဝေတဲ့ ဆောင်းပါလား