Skip to main content

Posts

Showing posts with the label photoshop

How to Resize an Image in Microsoft Paint

တခါတလေ ကျွန်တော်တို့ ဓာတ်ပုံတွေကို မေးလ်ပို့တဲအခါမှာဖြစ်ဖြစ်၊ အင်တာနက်ပေါ် upload လုပ်တဲ့အခါမှာဖြစ်ဖြစ် file size ကြီးနေလို့ ပြဿနာဖြစ်နေတာမျိုး ကြုံရတတ်ပါတယ်။ အဲလိုအခါမျိုး ဖြစ်လာခဲ့ရင် ယခု Post သည် အသုံးဝင်ပါလိမ့်မယ်။ ဓာတ်ပုံတစ်ပုံရဲ့ file size ကို အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး ချုံ့ပြတဲ့နည်းလည်း ဖြစ်ပါတယ်။ အောက်ပါ video မှာလေ့လာနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံချင်းစီအတွက် Microsoft Paint ထဲမှာ အဆင်ပြေပေမဲ့ ဓာတ်ပုံပေါင်းများစွာ(Multiple Photos)ကို ပြုလုပ်ချင်ရင်တော့ Photoshop ထဲက Image Processor သို့မဟုတ် Batch ကိုအသုံးပြုရပါလိမ့်မယ်။ အောက်ပါ Video မှာ ရှင်းပြထားပါတယ်။ Batch Resize Images in Photoshop from Jerad Hill on Vimeo .

Lens Flare Filter နှင့် ကစားခြင်း

ဓာတ်ပုံတွေကို Lens Flare Filter သုံးပြီး လွယ်ကူစွာ Effect ထည့်နည်းပါ။ ဒီနည်းကို တွေ့မိတာ သိပ်မကြာသေးပါဘူး။ ပညာရပ်တစ်ခုကို ကျွမ်းကျင်အောင် လိုက်စားရတာ မလွယ်လှပါဘူး။ မသိသေးတာတွေ တပုံတပင်ကြီးပါတကား။ အထူးသဖြင့် ကွန်ပျူတာလို ပညာရပ်မျိုး ပိုဆိုးပါသေးတယ်။ ဒါပေမယ့်လည်း အသေးအမွှားလေးတွေကစပြီး အဆက်မပြတ်လေ့လာသွားရင် ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်မှာသေချာပါတယ်။ Keep in Touch ပေါ့ :) ဒီနည်းလေးကိုလည်း နောင်ခါမေ့သွားရင် ဘလော့ပေါ်မှာ ပြန်ဖတ်နိုင်အောင်နှင့် သူငယ်ချင်းတွေကိုလည်း မျှဝေချင်တာကြောင့် ပို့စ်တစ်ခုအနေနှင့် sharing လုပ်လိုက်ပါတယ်။ ၁။ New Document တစ်ခုကိုခေါ်ပြီး မိမိပြုလုပ်လိုသော ပုံကိုထည့်သွင်းပါ။ ၂။ Layer အသစ်တစ်ခု (Shift+Control+N) ဖန်တီးပြီး Paint Backet Tool ဖြင့် အနက်ရောင်ဖြည့်ပါ။ ထို့နောက် အနက်ရောင် Layer ထဲသို့ Lens Flare (Filter Menu > Render > Lens Flare) ထည့်သွင်းပါ။ 50-300mm Zoom ရွေးလျှင် ပိုပြီး ကြည့်ကောင်းပါလိမ့်မည်။ 3။ Lens Flare ထည့်သွင်းထားသော အနက်ရောင် Layer ကို select ပေးပြီး Layer Belndin Mode မှ Screen ကို ရွေးပါ။ (Linear Dodge နှင့်လည်း ကစားနိုင်သည်)။ Effect ထည်...

Polar Panorama နှင့် မိတ်ဆက်ခြင်း

Polar Panorama ပုံစံတွေကို မြင်ဖူးနေတာ အတော်ကြာပါပြီ။ ဒါပေမဲ့ ဘယ်လိုလုပ်ရတယ်ဆိုတာ မသိခဲ့ဘူး။ ဒီနေ့ Design Tutorial တွေလိုက်ဖတ်ကြည့်ရင်း Polar Panorama လုပ်ပုံလုပ်နည်းတွေကို တွေ့ခဲ့တယ်။ ဒါနဲ့ပဲ ရိုက်ထားတဲ့ ပုံတစ်ပုံကို Photoshop ထဲမှာ မန်းမှုတ်လိုက်တာ အောက်ပါအတိုင်း ထွက်လာပါတယ်။ Polar Panorama ပြုလုပ်ရာမှာ အဓိကကျတဲ့ Photoshop Filter နှစ်ခုကတော့ Polar Coordinates နဲ့ Spherize တို့ပဲဖြစ်ပါတယ်။ Panorama ပုံတစ်ပုံကို ရိုက်ယူပြီးပြီဆိုလျှင် ထို Filter နှစ်ခုနဲ့ လိုသလို ကစားယူနိုင်ပြီး Polar Panorama ပုံတစ်ပုံကို ဖန်တီးရယူနိုင်ပါတယ်။ Panorama ရိုက်ထားတဲ့ပုံ မဟုတ်ရင်လည်း ဓာတ်ပုံကို Resizing လုပ်ယူပြီး Polar Panorama ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ Tutorial တွေကို အောက်ပါ website များမှတဆင့် လေ့လာနိုင်ပါတယ်။ Create Your Very Own Planet How to make Polar Panorama with photoshop Producing Polar Panorama How to Create Your Own Planets Using Your Panoramas Polar Panorama Group on Flickr

Anatomy of The Photoshop Toolbox

Photoshop Toolbox မှာပါဝင်တဲ့ Tools တွေကို အလွယ်တကူ နားလည်နိုင်မည့်ပုံစံကို ဒီနေရာမှာ တွေ့လို့ Photoshop လေ့လာနေသူများကို တဆင့်ပြန်လည်မျှဝေလိုက်ရပါတယ်။ ပုံကို ကြည့်လိုက်ရုံနှင့် ဘယ် Tool တွေကို ဘယ်နေရာမှာ ဘယ်လို အသုံးပြုရမလဲဆိုတာ အလွယ်တကူ နားလည်သဘောပေါက်စေနိုင်မှာ ဖြစ်ပါတယ်။ အကျယ်ကိုတော့ ဒီနေရာမှာ သွားရောက်ဖတ်ရှူ့ပါ။ Photo via : Tutorial9.net

Thumbnail Images for Photoshop PSD files in Window XP and Vista

Photoshop ver.7 တုန်းက Folder တစ်ခုထဲမှာရှိတဲ့ photoshop file တွေကို browse လုပ်ရင် thumbnail view ပေါ်ပါတယ်။ ဒါပေမယ့် ver.7 နောက်ပိုင်းမှာတော့ adobe ကနေ thumbnail အတွက်ရေးထားတဲ့ dll file နဲ့ window xp conflict ဖြစ်တာကြောင့် အဲဒီ ability ကို ဖြုတ်ချလိုက်ပါတယ်။ Manually အားဖြင့် Thumbnail ပေါ်အောင် photoshop ထဲမှာပါတဲ့ Adobe Browser နှင့်လည်း ကြည့်လို့ရသလို Third party tool တွေဖြစ်တဲ့ Irfan View ဒါမှမဟုတ် Thumb View Lite တို့ကိုလည်းအသုံးပြုပြီးတော့ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် photoshop file တွေကို folder explore လုပ်ပြီး thumbnail view ကြည့်ရတာပဲ ကြိုက်တယ်ဆိုရင်တော့ အောက်ပါနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ XP user 1. Close Photoshop 2.Download the file, photoshop_thumbnails.zip (62kb) 3. Copy psicon.dll to C:\Program Files\Common Files\Adobe\Shell - if this folder doesn't exist create it 4. Run Adobe.reg 5. You now can view PSD files in Thumbnails view within Windows Explorer. Vista user 1. Close Photoshop 2. Download the file, photoshop_thumbnails.zip (62kb) 3. Copy psicon.dll to C:\...

Photo cube effect photoshop action

Before After Download the photo cube effect photoshop action here . want more actions ... check here and here Action file ထည့်သွင်းနည်းကိုတော့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။ သစ်ခွပုံတွေကတော့ အန်တီကြီးတစ်ယောက် ပို့ပေးထားတာပါ :P

Cool sites for Photoshop Brushes

Web Design နှင့် Graphic Design သမားများအတွက် အသုံးဝင်လှတဲ့ Photoshop Burshes တွေကို အောက်ပါ websites များမှ တဆင့် ရယူနိုင်ပါတယ်။ Brusheezy GetBrush es PSbrushes Axeraider70's Brushes JavierZhX's Brushes Abstract Photoshop Brushes Over 1000 Photoshop Brushes from Adam WoodHouse Hi-Res Free and Original Photoshop Brushes by BittBox Brusheezy Hugh Collection of Photoshop Brushes and Patterns Kawksmont Different Kinds of Brushes Free photoshop brushes collection by tutorial blog Photoshop Brush ထည့်သွင်းပုံ ထည့်သွင်းနည်းကို about.com မှာ ဒီလို ဖော်ပြထားတာ တွေ့ရပါတယ်။ Place the *.abr files into: Program Files\Adobe\Adobe Photoshop X\Presets\Brushes where X is the version number for your version of Photoshop. Brushes created in Photoshop 7 or later will not work in earlier versions of Photoshop. Any Photoshop brushes should work in Photoshop 7 and later. From the Brushes Palette in Photoshop, click the small arrow in the upper right corner of the palette, and choose load brushes. ...