Skip to main content

Posts

Showing posts with the label မြို့မ

မြို့မတူရိယာအသင်းကြီး နယ်ပွဲများ ဆက်တိုက်ဖျော်ဖြေပေးနေ

မြို့မအပျော်တမ်းတူရိယာ အသင်းကြီးဟာ မန္တလေးမြို့ပေါ်တွင် မင်္ဂလာဧည့်ခံပွဲများ အလှူတော်မင်္ဂလာပွဲများ၊ အဖွဲ့အစည်းအသီးသီးရဲ့ဖွင့်ပွဲ အခမ်းအနားများ၊ ဈေးပွဲတော်များ နိုင်ငံတော်အခမ်းအနားများ၊ အလှူအောင်ပွဲ မင်္ဂလာအောင်ပွဲများ စသည့်ပွဲအတော်များများကို လက်ခံဖျော်ဖြေပေးနေတာကို အများပြည်သူများအသိဖြစ်ပါတယ်။ ပွဲငှါးသူများရဲ့ စေတနာကိုတုံ့ပြန်လေးစားသောအားဖြင့် မခိုမကပ် မရပ်မနား အကောင်းတကာ့ အကောင်းဆုံးဖြစ်အောင်လည်း စီစဉ်ပေးတဲ့အတွက် ယခုနှစ်တွင် ယခင်နှစ်များထက် ပွဲချီများတိုးတက် များပြားလာတာကို တွေ့ရပါတယ်။ အဆိုတော်များ တီးမှုတ်သူများကိုလည်းတိုးချဲ့ ဖွဲ့စည်းထားရုံမက အသံပိုင်းဆိုင်ရာ စက်ပစ္စည်းအသစ်များကိုလည်း ထပ်မံဝယ်ယူဖြည့်တင်းထားသဖြင့် ပရိသတ်များ နားသောတဆင်ရာတွင်လည်း ကျေနပ်မှုများ ထူးကဲစွာရရှိပါတယ်။ ဒါကြောင့်မို့ ပရိသတ်များရဲ့အားပေးမှုကို အထူးရရှိကာ မန္တလေးမြို့ပေါ်ပွဲများအပြင် ရန်ကုန်မြို့၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မကွေး၊ ပေါင်းတည်၊ ချောက်၊ ဆိပ်ဖြူ၊ စလေ၊ ရေနံချောင်း၊ မုဒုံ၊ လားရှိုး၊ ရေဦး၊ ခင်ဦး၊ မြောင် ၊ ကျောက်ပန်းတောင်း၊ မြစ်ငယ်၊ ကျောက်ဆည်၊ မိတ္ထီလာ စတဲ့မြို့များကိုပါ သွားရောက်ဖျော်ဖြေပေးနေရကြောင်း ...