Skip to main content

Posts

Showing posts with the label daffodil london

ဘယ်ပန်းချီ ရေးလို့မမှီ ;)

Sweetheart with Daffodils in Spring | © 2012  CMS Photography အလုပ်သွား အလုပ်ပြန် လမ်းမှာ Daffodil လေးတွေ ပွင့်နေတာကို တွေ့တာကြာနေပြီ။ ဓာတ်ပုံ ရိုက်မယ် ရိုက်မယ်နဲ့ အချိန်မရတာရယ်။ ရာသီဥတု မကောင်းတာရယ်ကြောင့် မရိုက်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ မနေ့က ရာသီဥတုကလည်း ကိုယ့်ဘက်ပါ ညနေပိုင်းလည်း အားနေတာနဲ့ ဓာတ်ပုံ ထွက်ရိုက်ဖြစ်ခဲ့တယ်။ ဒီလိုလမ်းဘေး နေရာတွေမှာတောင် Daffodil လေးတွေ လှနေအောင်ပွင့်နေလိုက်တာ တကယ့်ပန်းခြံကြီးတွေထဲမှာဆို ရွှေဝါရောင်သန်းလို့ ဝါထိန်နေလောက်ပြီပေါ့။ ဒီပန်းလေးတွေဟာ spring ရာသီရဲ့ သင်္ကေတတစ်ခုဖြစ်တယ်လို့ ပြောရင်လည်း မှားမည်မထင်ပါ။ Daffodil လေးတွေမြင်တိုင်း ကိုးတန်းကျောင်းသား ဘဝကို သတိရမိတယ်။ အဲဒီတုန်းက ၁၆ အထကမှာ ကိုးတန်းကျောင်းသားအဖြစ် ကျောင်းတက်နေချိန်ကပေါ့။ အတန်းပိုင်ဆရာမက Daffodil ကဗျာသင်တိုင်း "S" သံကို ပီပီသသအမြဲရွတ်ပြခဲ့တာပေါ့။ အဲဒီဆရာမနာမည် ဒေါ်ခင်ပြုံးဝင်း တဲ့။ အဆိုတော် ခင်မောင်တိုးရဲ့ ညီမအရင်းပေါ့။ အခုချိန်ဆရာလည်း ပင်စင်ယူလောက်ပြီး ထင်ပါတယ်။ အချိန်တွေ ရာသီတွေ ကုန်ဆုံးကူးပြောင်းတာ အလွန်မြန်ဆန်ပါလား။