Skip to main content

Posts

Showing posts from September, 2008

၆လပြည့် စွမ်းထက်လေး

ခြောက်လပြည့်မွေးနေ့မှာ ... သားသားလေးစွမ်းထက် ကျန်းမာချမ်းသာပြီး အသက်ရာကျော်ရှည်ပါစေ။ ပညာတတ်ကြီးဖြစ်ပြီး မိဘကို ကျေးဇူးဆပ်နိုင်တဲ့ သားကောင်းရတနာလေးဖြစ်ပါစေလို့ ဦးဦး CMS ဆုတောင်းပေးလိုက်ပါတယ်။ သားသားလေးစွမ်းထက် ... တကယ်ဆိုရင် မင်းကိုမွေးတာ မနက်ဖြန်ရောက်မှ ၆လပြည့်မှာ။ ဒါပေမဲ့ ဦးဦးCMS ဒီနေ့ကတည်းက ကြိုပြီးဆုတောင်းပေးလိုက်ပါတယ်။ မင်းဟာ တကယ်ထူးခြားတာပဲ။ မွေးတာက April 1 ရက်နေ့။ မျက်နှာလေးက အေးချမ်းတည်ငြိမ်ပြီး ဂျီလည်း မကျတတ်ဘူး။ ဘယ်သူပွေ့ခေါ်ခေါ် မငိုတတ်ဘူး။ မင်းလို ကလေးမျိုးကတော့ တကယ်ရှားတယ်။ မင်းရဲ့မေမေနဲ့တူတာလား ဒါမှမဟုတ် မင်းရဲ့ဖေဖေနဲ့တူတာလား။ ဦးဦးတော့ သေချာပေါက်မပြောတတ်ဘူးကွ။ ပြောတာမှားသွားရင် ဦးဦးဒုက္ခရောက်လိမ့်မယ်။ ဒီတော့ မင်းရဲ့မေမေ ပဲ သိလိမ့်မယ်ထင်တယ် :)

Global Pagoda

ရွှေတိဂုံဘုရားကို ပုံစုံယူပြီးတည်ဆောက်ထားတာပါ။ Global Pagoda လို့နာမည်ပေးထားပြီး အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိပါတယ်။ တည်ဆောက်မှုအားလုံးနီးပါး ပြီးစီးနေပြီဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ Land Mark တစ်ခု တစ်ခြားနိုင်ငံကို ရောက်သွားပြန်ပြီပေါ့ဗျာ။ More info: Global Pagoda Modern Wounder of The World World's Largest Stone Dome Rises ဒီအကြောင်းကို Mandalay Google Group မှာ ဖော်ပြပေးတဲ့ ကိုထိန်လင်းကို ကျေးဇူးတင်ပါတယ်။

Dhamma Talks by Thidagu Sayadaw in the UK

သီတဂူဆရာတော် အရှင်ဥာဏိဿရ (Ph.D, D.Litt) ၏ နာဂစ်မုန်တိုင်းဘေး ကယ်ဆယ်ထောက်ပံ့ရေး အထူးတရားပွဲများကို အင်္ဂလန်နိုင်ငံတွင် အောက်ပါဌာနများ၌ အသီးသီးကျင်းပမှာဖြစ်ကြောင်း ဓမ္မမိတ်ဆွေ ရွှေမြန်မာအပေါင်းအား အသိပေးကြေငြာအပ်ပါသည်။ Santi Sukha Vihara Heston, Middlesex 7.30 pm, 26th September, Friday Peace Pagoda Birmingham 1.00 pm, 27th September, Saturday Schools Building Project Brentside High School Greenford Avenue, Hanwell, Ealing, London 2-30 to 4.30 pm, 28th September, Sunday news via : myanmarnet

ဟင်္သာတို့ရဲ့ နန်းတော်ရှေ့

မန္တလေးကိုလွမ်းရင် ဒီသီချင်းကိုလဲ နားထောင်ဖြစ်တယ်။ နားထောင်မိရင် ပိုပြီးလွမ်းတယ် :) မန္တလေးမှာ နန်းရှေ့ (သို့) နန်းတော်ရှေ့ဆိုတဲ့ အေးချမ်းတဲ့ ရပ်ကွက်လေးတစ်ခုရှိပါတယ်။ နန်းမြို့ရိုးကြီးရဲ့ အရှေ့ဘက်မှာ တည်ရှိတာဖြစ်တဲ့အတွက် နန်းရှေ့လို့ခေါ်ဆိုကြတယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ ဒီသီချင်းလေးဟာလည်း နန်းတော်ရှေ့မှာနေသွားတဲ့ "ဟင်္သာ"ဆိုတဲ့ မိန်းကလေးတစ်ယောက်အကြောင်း ရေးဖွဲ့ရင်း ဖြစ်ပေါ်လာတယ်လို့ ကြားသိရပါတယ်။ မေမေ ပင်စင်မယူခင်တုန်းကတော့ မန္တလေး သမ၀ါယမကောလိပ်ထဲမှာနေခဲ့ပါတယ်။ မေမေ ပင်စင်ယူပြီးနောက်ပိုင်းမှာတော့ အဲဒီ နန်းတော်ရှေ့ ရပ်ကွက်လေးထဲကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ တကယ့်ကို အေးချမ်းတဲ့ ရပ်ကွက်လေးပါ။ အရိပ်အာဝါသကောင်းတဲ့ သစ်ပင်ကြီးတွေနဲ့ ညှို့မှိုင်းနေတတ်ပြီး ဘုန်းကြီးကျောင်းတွေ၊ စာသင်တိုက်တွေနဲ့ ၀န်းရံထားတဲ့ နေချင်စဖွယ် ရပ်ကွက်လေးပါ။ နေ့တစ်နေ့ရဲ့ နိဒါန်းဖြစ်တဲ့ မနက်ပိုင်း နေ၀န်းနီနီလေးကိုလည်း ကျွန်တော်တို့ နန်းရှေ့ဘက်ကနေ အရင်ဦးဆုံး မြင်တွေ့ရပါတယ်။ မနက်ပိုင်းဆိုရင် နန်းရှေ့ဈေးကြီးထဲမှာ နံနက်ခင်းရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ဈေးသည်တွေရဲ့ ဈေးခေါ်သံတွေကိုလည်း ကြားနေရတတ်ပါတယ်။ ရန်ကင်းတောင်၊ ပုသိမ်ကြီးဘ

ရည်စူးကုသိုလ်

မေမေဆုံးတာ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ မေမေ့အတွက် ရည်စူးပြီး ဘုန်းကြီးကျောင်းမှာ လွန်ခဲ့တဲ့အပတ် တနင်္ဂနွေနေ့ (၁၄.၀၉.၀၈) မှာ ကျွန်တော့်နှင့် ကျွန်တော့်အစ်မ ဘုန်းဘုန်းဦးဥတ္တရကို အမှူးထားပြီး ဆွမ်းကပ်ခဲ့ကြပါတယ်။ မေမေ ... ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ။ သာသနာ့ရံသီဝိဟာရ (Colindale, London) ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ မဟာဇယသုခ အောင်မြင်ချမ်းသာ ဘုရားကြီးပါ။ ဒီဘုရားဆင်းတုတော်ကြီးကို လန်ဒန်ထိရောက်အောင် သယ်ယူဖို့အတွက် ဆရာတော် ဦးဥတ္တရ တော်တော်လေး ကြိုးစားအားထုတ်ခဲ့ရပါတယ်။ မိတ်ဆွေသူငယ်ချင်းများ ဖူးမြော်နိုင်ဖို့ရာ တင်ပြပေးလိုက်ရပါတယ်။ လန်ဒန်ရောက်မြန်မာများ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖူးမျှော်ချင်တယ်ဆိုရင် အောက်ပါလိပ်စာအတိုင်း သွားရောက်ပြီး ဖူးမျှော်နိုင်ပါတယ်။ Sasana Ramsi Vihara 83, Booth Road, Colindale, London, NW9 5JU www.burmesemonastery.org.uk

အပေးအယူ

ကျွန်တော်တို့ လောကကြီးထဲ လူဖြစ်စဉ်ခဏမှာ သတိမေ့နေတာလေးတွေပါ။ ဒီလူကွာ အရမ်းချမ်းသာတယ်။ သူ့လို ချမ်းသာပြီး ပြည့်ပြည့်စုံစုံနေနိုင်ရင် သိပ်ကောင်းမှာပဲ။ ကားကလည်း အကောင်းစားကြီး။ အိမ်ကြီးကလည်း ဟီးလို့။ ရွှေတွေ ၀တ်ထားတာကလည်း ၀င်းအိလို့။ လကုန်လို့ payslip ကြည့်လိုက်ရင် ဂဏန်းလေးတွေကလည်း လှနေတာပဲ။ ကျွန်တော်အပါအ၀င် လူတစ်ချို့ တစ်ခါတလေမှာ ထိုကဲ့သို့ ငြီးတွားတတ်ကြပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံး တစ်ချက်ကို ကျွန်တော်တို့ မေ့နေကြတယ်။ အဲဒါကတော့ အပေးအယူပါပဲ။ သူတို့တွေချမ်းသာနေတာ အဆင်ပြေနေတာတွေကိုပဲ မြင်ပြီး သူတို့ အဲလို ဘ၀မျိုးရောက်အောင် ဘယ်လိုကြိုးစားခဲ့ရတယ်။ ဘာတွေပေးဆပ်ခဲ့ရတယ် ဆိုတာကို အမေ့ကြီးမေ့နေမိတယ်။ အောင်မြင်မှုဆိုတဲ့ အသီးအပွင့်ကောင်းတွေကို ရဖို့အတွက် ပေးဆပ်ခြင်းဆိုတဲ့ မျိုးစေ့တွေ၊ မြေသြဇာတွေကို သူတို့ ကြဲခဲ့ရတယ် မဟုတ်လား။ ဒါနဲ့ ဆက်စပ်ပြီး ကျွန်တော်တွေ့ကြုံခဲ့တာလေးကို မျှဝေပါဦးမယ်။ UK မှာရှိတဲ့ တစ်ချို့ ပျော်ပွဲရွှင်ပွဲလုပ်တဲ့နေရာတွေမှာ ရှာထိုး ဦးထုပ်ဆောင်းပြီး ၀င်ခွင့် မရှိဘူး။ ဒါပေမဲ့ ကျွန်တော် အဲဒီနေ့မှာ ဦးထုပ်ဆောင်းသွားမိတယ်။ ဒါနဲ့ ပစ္စည်းအပ်တဲ့နေရာကို သွားလိုက်တယ်။ အဲဒီနေရာမှာ ပစ္စည်းထိန်းသိမ်း

တစ်နှစ်ပြည့် လွမ်းဆွတ်သတိရခြင်း

အဖြစ်အပျက်တွေဟာ မနေ့တစ်နေ့ကလိုပါပဲ . မေမေ . ကျွန်တော်တို့ပြုတဲ့ ရည်စူးကုသိုလ်တွေအတွက် . ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါ

Two cool free stuff sites for Graphic and Web Designers

Artshare.ru ဒီဆိုဒ်ထဲမှာတော့ vector girls, icons, cliparts, photos, wallpapers, silhouettes of people, styles and brushes စတာတွေကို Download ရယူနိုင်ပါတယ်။ ကျွန်တော်အကြိုက်ဆုံးကတော့ အဲဒီဆိုဒ်ထဲက Photoshop Brushes တွေပါ။ Designus.com ဒီဆိုဒ်လေးလဲ Design နဲ့ပက်သက်ပြီး resources တွေ တော်တော်များများကို တင်ပေးထားပါတယ်။ Brushes, icons, inspiration, miscellaneous, photostock, reviews, royalty-free, shapes, tutorials, vector and wallpapers စသည်ဖြင့်ပေါ့။ အကြိုက်ဆုံးကတော့ Tutorial section နှင့် Photo Stock section ပါပဲ။ Design ၀ါသနာပါသူများ လေ့လာအတုယူ အသုံးပြုဖို့ရာ မျှဝေလိုက်ရပါတယ်။ ကျန်းမာပျော်ရွှင်ပါစေ :)

Congratulations U Myo!

" အနာဂတ်မှာလည်း အောင်မြင်မှုတွေ ဆက်တိုက် ပိုင်ဆိုင်နိုင်ပါစေ " ဒါပေမဲ့ ခင်လို့ တစ်ခုတော့ ပြောပါရစေ ဦးမျိုး " အရေးကြီးတဲ့ လူမှုရေးကိစ္စတွေအတွက် အချိန်ပေးတတ်အောင် ကြိုးစားပါဦး"

Thumbnail Images for Photoshop PSD files in Window XP and Vista

Photoshop ver.7 တုန်းက Folder တစ်ခုထဲမှာရှိတဲ့ photoshop file တွေကို browse လုပ်ရင် thumbnail view ပေါ်ပါတယ်။ ဒါပေမယ့် ver.7 နောက်ပိုင်းမှာတော့ adobe ကနေ thumbnail အတွက်ရေးထားတဲ့ dll file နဲ့ window xp conflict ဖြစ်တာကြောင့် အဲဒီ ability ကို ဖြုတ်ချလိုက်ပါတယ်။ Manually အားဖြင့် Thumbnail ပေါ်အောင် photoshop ထဲမှာပါတဲ့ Adobe Browser နှင့်လည်း ကြည့်လို့ရသလို Third party tool တွေဖြစ်တဲ့ Irfan View ဒါမှမဟုတ် Thumb View Lite တို့ကိုလည်းအသုံးပြုပြီးတော့ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် photoshop file တွေကို folder explore လုပ်ပြီး thumbnail view ကြည့်ရတာပဲ ကြိုက်တယ်ဆိုရင်တော့ အောက်ပါနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ XP user 1. Close Photoshop 2.Download the file, photoshop_thumbnails.zip (62kb) 3. Copy psicon.dll to C:\Program Files\Common Files\Adobe\Shell - if this folder doesn't exist create it 4. Run Adobe.reg 5. You now can view PSD files in Thumbnails view within Windows Explorer. Vista user 1. Close Photoshop 2. Download the file, photoshop_thumbnails.zip (62kb) 3. Copy psicon.dll to C:\

Burmese Culture Show Remembrance

စာမေးပွဲတော့ ပြီးသွားပြီ။ အောင်စာရင်းထွက်မှပဲ ဘယ်လိုကြိုးစားခဲ့လဲဆိုတာ ကြည့်ရတော့မှာပဲ။ ဘာပဲပြောပြော စိတ်ထဲမှာတော့ တော်တော်လေးပေါ့သွားတယ်။ စာမေးပွဲအပြီး ပွဲကြည့်ရင်းစိတ်အပန်းလည်းဖြေ၊ မတွေ့တာကြာပြီဖြစ်သည့် မိတ်ဆွေတွေနှင့်လည်းတွေ့ဆံဖို့ရာ Nargis ဒုက္ခသည်များရန်ပုံငွေအတွက် ကျင်းပသည့် ယဉ်ကျေးမှု့ကပွဲရှိရာ Greenford Townhall သို့ ကျွန်တော်ရောက်ရှိခဲ့ပါတယ်။ ပြပွဲစမည့်အချိန်မှာ နေ့လည် ၄နာရီခွဲဖြစ်သော်လည်း လိုအပ်သည်များ ၀ိုင်းဝန်းကူညီဖို့ရာ နေ့လည် ၂နာရီခွဲခန့်ကစပြီး ရောက်ရှိနေခဲ့ပါတယ်။ ပွဲအတွက် လိုအပ်သည်များကို ပြင်ဆင်ရင်း ၄နာရီခွဲကျော်ကျော်လောက် ရောက်တဲ့အခါမှာတော့ မြန်မာ့ယဉ်ကျေးမှု့ကပွဲလေးကို စတင်ကျင်းပခဲ့ပါတော့တယ်။ ဘုန်းဘုန်းဦးဥတ္တရမှ မြန်မာ့ယဉ်ကျေးမှုကပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ရန်ပုံငွေရှာဖွေမှု့အကြောင်းတို့ကို အမိန့်မှာစကား မိန့်ကြားပါတယ်။ ထို့နောက်မှာတော့ မြန်မာ့ယဉ်ကျေးမှုကို နိုင်ငံခြားရောက် မြန်မာများထိန်းသိမ်းစောင့်ရှောက်သင့်ပုံ၊ အမျိုးဘာသာ သာသာနာကို ချစ်ခင် စောင့်ရှောက်သင့်ကြောင်းတို့ကို သတိပေးစကားတို့နှင့်တကွ မိန့်ကြားတော် မူပါတယ်။ လူငယ်အများစုဟာ သူများဂီတ(အနောက်တိုင်းဂီတ)ကို မြ