Skip to main content

Posts

Showing posts from October, 2009

Happy Birthday MYSELF!

ဒီနေ့ ကျွန်တော့်ရဲ့ အသက် ၂၅ နှစ်မြောက် မွေးနေ့ပါ။ အသက်တစ်နှစ် ထပ်ပြီးကြီးသွားသလို လူ့လောကကို စွန့်ခွာဖို့လည်း တစ်နှစ်ပိုပြီး နီးသွားပြန်ပြီပေါ့။ ကျွန်တော့်ကို လူ့လောကထဲရောက်အောင် မွေးဖွားပေးခဲ့တဲ့ မေမေကို ဒီနေ့ အရမ်းသတိရတယ်ဗျာ။ အဲဒီလိုပဲ ကျွေးကျေးဇူးတွေနဲ့ ပြည့်နေတဲ့ အဝေးရောက် ဖေဖေကိုလည်း သိပ်သတိရတယ်။ မိဘတွေရဲ့ ကျေးဇူးကို အောက်မေ့တဲ့အနေနဲ့ရော မွေးနေ့မင်္ဂလာအထိမ်းအမှတ်အဖြစ် ဒီနေ့ သာသနရံသီကျောင်း ဆရာတော် ဦးဥတ္တနှင့် ဆရာတော် နှစ်ပါးကို မွေးနေ့ဆွမ်းကပ်ဖြစ်ပါမယ်။ သေသွားရင် နောက်ဘဝအထိ ပါသွားမှာ ကုသိုလ်တရားတွေပဲ ရှိပါတယ်။ နောက်ပြီး ကုသိုလ်နည်းရင် အကုသိုလ်ဆိုတာ အလိုလို ဝင်လာတတ်တယ် မဟုတ်ပါလား။ ဒီနေ့ပြုလုပ်ရရှိမည့် ကုသိုလ်တွေကို ကွယ်လွန်သွားပြီဖြစ်တဲ့ မေမေနှင့်တကွ အားလုံးသော လူ၊နတ်၊ ဗြမ္မာ သတ္တဝါအားလုံးကို အမျှပေးဝေပါတယ်။ မွေးနေ့ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများ နှင့် မိတ်ဆွေအပေါင်းအသင်းများကို အထူးကျေးဇူးတင်ရှိပါတယ်။

မြန်မာအစားအစာများ နှင့် ရန်ပုံငွေပွဲ

လန်ဒန်ရှိ မိတ်ဆွေသူငယ်ချင်းတို့ ... ကုသိုလ်လည်းယူ၊ မြန်မာ့ရိုးရာအစားအသောက်များကို လာရောက်စားသုံးရင်း မိတ်ဟောင်း၊ မိတ်သစ်များနှင့် ဆုံတွေ့ချင်တယ်ဆိုရင်တော့ လာမည့် စနေနေ့ (၃၁.၁ဝ.ဝ၉) တွင် ကျင်းပမည့် ရန်ပုံငွေ ဈေးရောင်းပွဲလေးကိုတော့ ဆက်ဆက်လာခဲ့ပါလို့ ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားလိုက်ရပါတယ်။ နေရာအတိအကျကိုတော့ အထက်ပါ ပုံမှာ ကလစ်နှိပ်ပြီး ကြည့်ရှူ့နိုင်ပါတယ်။ Ealing, Hanwell, Southall, Harrow ဘက်မှ လက်မှတ်များ ဝယ်ယူအားပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများကို သာဓု သုံးကြိမ်ခေါ်ဆိုရင်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ။

FeedRoller

FeedRoller is a lightweight RSS and Twitter feed ticker. It is designed to show scrolling headlines from your favorite news sites, blogs and twitter account, directly on your desktop.

Twitter "Follow" Badge for your site/blog by Go2web20.net

Twitter အသုံးပြုသူ Bloggerများ မိမိရဲ့ Blog ဒါမှမဟုတ် Website ရဲ့ ဘယ်ဘက်ခြမ်းမှာပဲဖြစ်ဖြစ် ညာဘက်ခြမ်းမှာပဲဖြစ်ဖြစ် Twitter Follow Badge ထည့်ချင်သူတွေအတွက် အောက်ပါ Link မှာ လွယ်ကူစွာ သွားရောက်လုပ်ယူပြီး အသုံးပြုနိုင်ပါပြီ။ ကျွန်တော့်ဘလော့မှာတော့ ဘယ်ဘက် ညာဘက်ခြမ်းမှာ ထည့်ထားတာ တွေ့မြင်ရပါလိမ့်မယ်။ http://www.go2web20.net/twitterFollowBadge/

ခန္ဓာကိုယ်ကို နိုင်ငံအလံတွေနဲ့ အလှဆင်မယ့်သူ

Photo: BARCROFT MEDIA အိန္ဒိယနိုင်ငံမှ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ Guinness Rishi ဆိုတဲ့သူဟာ သူ့တစ်ကိုယ်လုံးပေါ်မှာ နိုင်ငံတွေရဲ့အလံတွေ အားလုံးကို တက်တူးထိုးထားနိုင်တဲ့ လူသားတစ်ယောက်အဖြစ် Guinness Book ထဲမှာ ပါနိုင်အောင် ကြိုးစားနေပါတယ်။ အခုလောလောဆယ်မှာတော့ နိုင်ငံခြောက်ခု (Canada, Union Jack, India, USA, Cyprus and Indian Congress Party) ရဲ့ အလံတွေကို စတင်ပြီး တက်တူးထိုးပြီးသွားပြီဖြစ်ပါတယ်။ အလံတွေအားလုံးကို လာမည့်သုံးနှစ်အတွင်းမှာ ပြီးအောင် တက်တူးထိုးသွားမှာဖြစ်ပါတယ်။ ဦးခေါင်းနှင့် မျက်နှာပေါ်မှာ နာမည်ကြီးနိုင်ငံတွေရဲ့ အလံတွေကို တစ်လက်မ ပတ်လည်စီ တက်တူးထိုးသွားမှာဖြစ်ပြီး ကျန်တဲ့ အလံတွေကိုတော့ လည်ပင်းမှစတင်ပြီး ခြေထောက်ထိ အက္ခရာစဉ်လိုက် ထိုးမှာဖြစ်ပါတယ်။ "ဆင်းရဲတဲ့သူတွေဟာ ပိုက်ဆံမရှိပေမဲ့လည်း သူတို့ဘဝမှာ တစ်ခုခုကိုတော့ ရအောင် လုပ်သွားဖို့ ဆန္ဒရှိပါတယ်။ ဒါကြောင့်မို့ သူတို့မှာ မူလရှိပြီးသားဖြစ်တဲ့ ခွန်အား၊ စွမ်းပကားတွေကို အသုံးချပြီးတော့ နာမည်တစ်ခုခုကျန်ခဲ့အောင် လုပ်တတ်ကြပါတယ်" လို့ Guinness မှ ပြောကြားသွားပါသေးတယ်။ ကျွန်တော့်အနေနဲ့ကတော့ တက်တူးထိုးတာကို အားမပေးဘူး။ အသားလည်း နာသေးတ

အန်တီမာမာအေးရဲ့ မန်းရာပြည့် သီချင်း

မန္တလေးမြို့ကို တည်ထောင်ခဲ့သော ပဉ္စမသင်္ဂါယနာတင် သီရိပဝရ ဝိဇယာနန္တယ သပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ” ဘွဲ့တံဆိပ် နာမံခံတဲ့ ဆဒ္ဒန်ဆင်မင်းသခင် မင်းတုန်းမင်း မန္တလေးမြို့ကြီးဟာ ဒီနှစ်မေလထဲမှာပဲ (23.May.2009) နှစ် ၁၅၀ ပြည့်ခဲ့ပြီးပါပြီ။ အခု သီချင်းလေးကတော့ မန္တလေးမြို့ နှစ် ၁၀၀ ပြည့်တုန်းက ရေးစပ်ထားခဲ့တာဖြစ်ပြီး အန်တီမာမာအေး သီဆိုထားတာဖြစ်ပါတယ်။ မန္တလေးကိုချစ်မြတ်နိုးသူတွေ အမှတ်တရ သိမ်းထားနိုင်အောင် မျှဝေလိုက်ရပါတယ်။ Quality ကတော့ သိပ်ပြီးအကောင်းကြီး မဟုတ်ပါဘူး။ ဒီထက်ကောင်းတဲ့ Quality ရှိခဲ့ရင်လည်း ကျေးဇူးပြုပြီး မျှဝေပေးခဲ့စေလိုပါတယ်။ သီချင်းလေးကို နားထောင်လိုက်တာနဲ့ မန္တလေးမြို့ရဲ့ အငွေ့အသက်တွေ၊ ရှူ့ခင်းတွေကို မြင်ယောင်လာစေမှာဖြစ်ပါတယ်။ Download : မန်းရာပြည့်

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ