Skip to main content

Posts

Showing posts from October, 2008

Happy Birthday to Myself

မေမေကမွေးပြီး ဖေဖေကကျွေးလို့ ကြီးပြင်းခဲ့ရတဲ့ကျွန်တော် ဒီနေ့ဆိုရင် အသက် ၂၄ နှစ်ပြည့်ပြီ။ မေမေမွေးခဲ့တဲ့ကျွန်တော် အသက်တစ်နှစ်ထပ်ပြီးကြီးသွားပြန်ပြီ။ ဒီနှစ် မွေးနေ့ (အောက်တိုဘာ ၂၉ရက်နေ့) မှာ ကျွန်တော်ကုသိုလ်ကောင်းမှု ကိုယ်တိုင်မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဘုန်းဘုန်းတို့ကို လစဉ်ဆွမ်းအတွက် ပိုက်ဆံထည့်ပြီးတော့ အသိတစ်ယောက်ကို လှူခိုင်းလိုက်တယ်။ နိုဝင်ဘာ ၂ ရက်နေ့ရောက်မှပဲ Colindale ကျောင်းက ပြုလုပ်တဲ့ ကထိန်ပွဲမှာ ဖေဖေ့မွေးနေ့၊ မမမွေးနေ့နဲ့ပေါင်းပြီး ထပ်လှူမယ်လို့ စိတ်ကူးထားတယ်။ အခုတလော ကျောင်းကို ပြန်သွားနေရတာရယ် အလုပ်တစ်ဘက်ရယ်ဆိုတော့ ပင်ပန်းတယ်ဗျာ။ သူငယ်ချင်းတွေကိုလည်း ဘာမှ မကျွေးနိုင်ဘူး။ ဒီလိုမွေးနေ့မျိုး ဒါဟာ ပထမဆုံးပဲ။ နေးတစ်မြန်မာဖိုရမ် မှာ မွေးနေ့ဆုတောင်း လုပ်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဒီနေရာကနေပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ အသက်တစ်နှစ်ကြီးသွားပေမယ့် ကျွန်တော် မလိမ္မာသေးဘူး။ မရင့်ကျက်သေးဘူး။ ဒါပေမဲ့ လောကကြီးအကြောင်း အထူးသဖြင့် လူတွေအကြောင်းကို ပိုပြီး သိလာတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နေသင့်တဲ့ အရွယ်ရောက်နေပေမဲ့ ခြေထောက်တစ်ဖက်လောက်နဲ့ပဲ ရပ်တည်နိုင်တဲ့ အနေအထားပဲရှိနေသေးတယ်။ ကြို

ရဲဘက်စခန်းမှ လွတ်မြောက်လာသော ရွှေဝါရောင် သံဃာတော်တပါး၏ ရင်ဖွင့်ချက်

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ဆိုးရွားလှသည့် လင်တန် ရဲဘက် အကျဉ်းစခန်းတွင် ၃ လခွဲနီးပါး အလုပ်ကြမ်းနှင့် နှိပ်စက် ညှဉ်းပမ်းမှုများ ခံရပြီးနောက် ပြီးခဲ့သည့်လ ၁၈ ရက်နေ့တွင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောသို့ ဦးဇင်း ဦးပညာသီရိ (ရန်ကုန်ကျောင်းတိုက်၊ မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်) ထွက်ပြေး လွတ်မြောက်လာခဲ့သည်။ ဦးဇင်းသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက သံဃာတော်များ ရှေ့ဆောင်ဦးရွက်ပြုသည့် ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး အောက်တိုဘာလ ၁၈ ရက်နေ့တွင် အာဏာပိုင်များက မုံရွာမြို့တွင် ဖမ်းဆီးနှိပ်စက်ကာ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်သည်။ မုံရွာထောင်တွင် ၇ လခန့် အကျဉ်းချထားပြီးနောက် ၂ဝဝ၈ ခုနှစ် မေလနှောင်းပိုင်းတွင် ကလေးထောင်မှတဆင့် ချင်းပြည်နယ်ရှိ ရဲဘက် အလုပ်ကြမ်း စခန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ရဲဘက်စခန်းအတွင်း လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်မှုများနှင့် ထွက်ပြေး လွတ်မြောက်လာပုံကို သိရှိနိုင်ရန်အတွက် မဇ္ဈိမသတင်းဌာနက တွေ့ဆုံလျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။ မေး။ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဇင်းက ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသလဲ ဘုရား။ ဖြေ။ ဦးဇင်းအနေနဲ့ ရွှေဝါရောင

UK back on Greenwich Mean Time (GMT)

Yangon Time (GMT+6:30) London Time (GMT) လန်ဒန်ဆောင်း ရောက်ပြီဖြစ်တဲ့အတွက် GMT+1 ကနေ အချိန်တစ်နာရီနောက်ပြန်ဆုတ်သွားပြီ။ မြန်မာပြည်နဲ့ အချိန်ကွာခြားမှုက ၆ နာရီခွဲဖြစ်သွားပြီ။ ဒီနှစ် ဆောင်းရာသီဝင်လာရုံလေးပဲရှိသေးတယ် စပြီးအေးနေပြီ။ ဒီနှစ် မနှစ်ကထက် ပိုပြီးအေးမည့်သဘောရှိတယ်။ မန္တလေးမှာတော့ မိုးတောင်ရွာနေသေးတယ်တဲ့။ ဘယ်တော့စပြီး အေးမလဲ မသိဘူး။ ဆောင်းရာသီကိုတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ လန်ဒန်ဆောင်းကိုတော့ လန့်တယ်။ ခိုက်ခိုက်တုန်နေတာပဲ။ ချမ်းပုံက ကမ်းကုန်တော့ လမ်းဆုံကနေ ဟစ်လိုက်ချင်တယ်ဆိုတဲ့ အချုပ်တန်းဆရာဖေရေ ... ခင်ဗျား အားရင် ဒီကို ခဏလောက် ကြွခဲ့ပါလားဗျာ။

For Arsenal Fans

အနီးကပ် အာဆင်နယ် အိုဘယ့် Emirates Arsenal ပရိသတ်တွေအတွက် Emirates Stadium ကိုရောက်တုန်း ရိုက်ခဲ့တာပါ။ Stadium ကိုရောက်ဖို့ တော်တော်လေးသွားလိုက်ရတယ် (ကျွန်တော့်ကျောင်းနဲ့ ကပ်ရပ်ပဲ :P) ဘောလုံးကန်တာ ဘောလုံးပွဲကြည့်တာ ငယ်ငယ်ကတည်းက ၀ါသနာမပါဘူး။ ဒါပေမဲ့ မြန်မာအသင်းကန်တဲ့ နိုင်ငံပွဲတွေလောက်ပဲ အားပေးတယ်။ မျိုးချစ်စိတ်နဲ့ပေါ့ ;) ဒါပေမဲ့ တစ်ခါတလေကျတော့လည်း ကြည့်ရကျိုးမနပ်ဘူးဗျာ :P

Create your Avatar with Face Your Manga

Face Your Manga - မိမိကိုယ်ပိုင် Avatar လေးတွေကို flash interface လေးထဲမှာတည်ဆောက်ပြီး MSN, Yahoo, GTalk အစရှိတဲ့ online messaging program တွေမှာ ထည့်သွင်းအသုံးပြုချင်တဲ့ မိတ်ဆွေတွေအတွက် ဒီဆိုဒ်လေးဟာ အသုံးဝင်မှာဖြစ်ပါတယ်။ ကိုယ်ပိုင် ဆံပင်ပုံစံ၊ မျက်နှာပုံစံ၊ အ၀တ်အစား စသည်ဖြင့် ရွေးခြယ်နိုင်ပါတယ်။ Registration မလိုပါဘူး။ မိမိစိတ်ကြိုက် Avatar တစ်ခုရွေးပြီးသွားရင် သင့်ဆီကို mail နဲ့ ပို့ပေးပါတယ်။ enjoy :) ဒီပုံကတော့ ကိုယ့်ပုံကို ထင်ရာရွေးပြီး လက်ရှိ GTalk မှာလည်း သုံးထားတဲ့ပုံ ;)

သီတင်းကျွတ်လပြည့်

မင်္ဂလာရှိသော သီ တင်း ကျွတ် လပြည့်နေ့ပါ။ သီတင်းကျွတ်ကာလကို ရောက်ပြီဆိုရင် ငယ်ငယ်က မိဘဘိုးဘွားတွေ လိုက်ပြီးကန်တော့၊ မီးပန်းဆော့၊ ဗျောက်အိုးဖောက်ခဲ့တာတွေကို သတိရတယ်။ လူလတ်ပိုင်းရောက်လာတော့ လူကြီးမိဘ၊ ဆရာသမားတွေကို ရိုရိုသေသေနဲ့ လိုက်ပြီးကန်တော့။ အဲ ဒါပေမဲ့ ဗျောက်ကတော့ ဖောက်သေးတာပဲ။ ကျုံးကြီးကို ဆိုင်ကယ်ပတ်စီးပြီး ဖောက်ကြတာလေ :P လူကြီးပိုင်း ... အဲ ... မရောက်သေးတော့ ပြောလို့မရသေး ... ;) ဒီမှာတော့ မြန်မာပြည်ရဲ့ ဆယ့်နှစ်လရာသီပွဲတွေ၊ အမှတ်တရနေ့တွေဟာ ဘာမှန်းမသိအောင်ပဲ ကုန်ဆုံးဖြတ်ကျော်သွားတယ်။ တစ်ခါတလေ မေ့တောင်နေတယ်။ ဒီနေ့ ကိစ္စတစ်ခုကြောင့် ဘုန်းဘုန်းဦးဥတ္တဆီကို ဖုန်းဆက်တော့ ဘုန်းကြီးကျောင်းမှာ လပြည့်နေ့ ပွဲရှိတယ်လို့ သိရပေမယ့် ကျောင်းသွားစရာ ကိစ္စတစ်ခုကြောင့် သွားဖြစ်မယ် မထင်တော့ဘူး။ ဒီနှစ်တော့ အသိထဲက ဘယ်သူတွေ စွံကြဦးမလဲ မသိဘူး။ ဖိတ်စာရိုက်တဲ့ လုပ်ငန်းတွေ၊ ပန်းအလှဆင်လုပ်ငန်းတွေ၊ မီးရှူးရောင်းသူတွေ ငွေသီးကြတဲ့ လပေါ့။ တစ်ချို့တွေလည်း ဒီအချိန်မှာ လူဆိုးတွေနဲ့ မောင်တိုင်ပင်လို့ အချိန်မီခိုးဖို့ ပြင်ဆင်ကြရပြီ (မိန်းမခိုးတာ ပြောပါတယ်)။ ဒီနှစ်ထဲမှာ မန္တလေးက ကိုငယ်လေးကြီးတော့ စွံသွားတယ်လို့ သတင်းကြားလို

Photos from Piccadilly Circus

လန်ဒန်မြို့လယ်ခေါင်လို့ ပြောလို့ရတဲ့ Piccadilly Circus တ၀ိုက်မှာ ရိုက်ထားတဲ့ ပုံတွေပါ။ Circus ဆိုတဲ့ စကားဟာ Latin ဘာသာစကားမှ ဆင်းသက်လာတာဖြစ်ပြီး circle လို့ အဓိပ္ပာယ်ရကြောင်း သိရပါတယ်။ အခုဓာတ်ပုံမှာပါတဲ့ နေရာတွေဟာလည်း လမ်းဆုံနေရာကို စက်ဝိုင်းပတ်ပုံစံ တည်ဆောက်ထားတာဖြစ်လို့ Circus ဆိုတဲ့နာမည်လေးနဲ့ တွဲပြီး Piccadilly Circus ဆိုတဲ့ အမည်နာမကို ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ သောကြာနေ့နဲ့ weekend လိုရက်မျိုးတွေမှာ Piccadilly Circus လိုနေရာမျိုးတွေဟာ အရမ်းစည်ကားပါတယ်။ မြန်မာသံရုံးတည်နေရာဟာလည်း အဲဒီကနေဆိုရင် သိပ်ပြီး မဝေးလှပါဘူး။ ရထား စီးမယ်ဆိုရင် Piccadilly Circus ကနေ နောက်တစ်မှတ်တိုင်ထပ်စီး၊ နောက် ငါးမိနစ်လောက် လမ်းလျောက်ရုံနဲ့ မြန်မာသံရုံးကို ရောက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျောင်း ကအပြန် လမ်းကြုံတာနဲ့ ဓာတ်ပုံဝင်ရိုက်ဖြစ်သွားတာပါ။ ပုံမှန်အရဆိုရင်တော့ အဲလိုနေရာမျိုးကို သွားချင်ပေမယ့် သိပ်ပြီးမသွားဖြစ်ပါဘူး။ ဘာလို့လည်းဆိုတော့ မြို့လယ်ဖြစ်လို့ Travel Ticket ဈေးကြီးတာရယ်၊ နောက်တစ်ခုက လူစည်ကားတဲ့နေရာကို တစ်ယောက်တည်း ငေါင်တောင်တောင်နဲ့ မသွားချင်ဘူး။ နောက်မှ ... ;)

Useful Web-based Image Editors

ဓာတ်ပုံတစ်ခုကို အရေးတကြီးပြင်ဖို့အတွက် photo editing software သင်မှာမရှိခဲ့ဘူးဆိုလျှင် ဒါမှမဟုတ် ဓာတ်ပုံတစ်ခုကို အလွယ်တကူပြင်ဖို့ photoshop, imageready, illustrator စတဲ့ software တွေကို သုံးရမှာ ၀န်လေးနေတယ်ဆိုရင် အောက်ပါ website တွေကို သင့်ရဲ့ photo ကို upload လုပ်ပြီး editing လုပ်နိုင်ပါတယ်။ ခြွင်းချက်အနေနဲ့ သင်အသုံးပြုနေတဲ့ pc မှာ internet connection လေးတော့ ရှိရပါလိမ့်မယ်။ Pixlr Splashup Phoenix Pixer.us FotoFlexer Sumo Paint Picnik 72photos PicMagick Photoshop.com ကျန်းမာပျော်ရွှင်ပါစေ :)

Mobile Phone Secret Codes

နာမည်ကြီး Mobile တွေအတွက် Secret Codes တွေပါ။ ဘယ်လို secret မျိုးလဲဆိုတော့ ဥပမာ ... မိမိအသုံးပြုနေတဲ့ ဖုန်းရဲ့ IMEI Number ကို ဘယ်လိုကြည့်ရလဲ ဒါမှမဟုတ် မိမိဖုန်းရဲ့ Software Version ကိုကြည့်ချင်ရင် ဘယ်ခလုပ်တွေကိုနှိပ်ရလဲ ဒါမှမဟုတ် Sim Card Info ကိုဘယ်လိုကြည့်မလဲ စသည်ဖြင့်ပေါ့။ နာမည်ကြီး Brand တွေဖြစ်တဲ့ LG Nokia Samsung Sony Ericcson အစရှိတဲ့ mobile တွေအတွက်ပဲဖြစ်ပါတယ်။ code တွေကို စမ်းတဲ့အခါမှာ p, w, + စတဲ့ sign တွေကိုအောက်ပါအတိုင်းရိုက်ပြီး အသုံးပြုနိုင်ပါတယ်။ + > press * 2 times p > press * 3 times w > press * 4 times Download ပေးထားတဲ့ File ထဲမှာ အထက်ပါ secret code တွေအပြင် Unlocking ပြုလုပ်တဲ့ Code တွေလည်းပါဝင်ပါတယ်။ ဒါပေမဲ့ အဲဒီအပိုင်းကိုတော့ စမ်းကြည့်ဖို့ မတိုက်တွန်းချင်ပါဘူး။ ပျက်သွားခဲ့ရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော် :P ကျွန်တော်နဲ့ မဆိုင်ဘူး :) Download Mobile Secret Codes Here

MANDALAY ICON MAGAZINE

Mandalay Icon Magazine ဒီနေ့ အင်တာနက်မှာ ဟိုဟိုဒီဒီသွားလာရှာဖွေရင်း မန္တလေးအလွမ်းပြေဖတ်လို့ရတဲ့ မဂ္ဂဇင်း website တစ်ခုကို သွားတွေ့တယ်။ မန္တလေး အခြေစိုက် Regent Group က တည်ထောင်ထားတဲ့ Website တစ်ခုဖြစ်ပါတယ်။ ဒီနှစ်ထဲမှာစတင်လွှင့်တင်တာဖြစ်ပြီး Volume အရပြောရင် Volume 1 လောက်ပဲရှိပါဦးမယ်။ ဒါပေမဲ့ ပါဝင်တဲ့အကြောင်းအရာတွေကတော့ စိတ်ဝင်စားဖွယ်ရာကောင်းလှပါတယ်။ ဥပမာ ညီစေမင်းရေးသားတဲ့ မန္တလေး နှစ် ၁၅၀ အကြို ဆောင်းပါးတစ်ခုဖြစ်တဲ့ ကူးသည့် လသင်းဇံ ၊ စိန်မြင့် (ရွှေချည်ထိုး) ၏ မင်းနှစ်ပါးညီနောင် လ၀ါခေါင် ၊ ဦးကျော်ရင်မြင့်၏ သရဖီရနံ့သင်းပျံ့တဲ့ သခင်မတောင် ၊ အယ်ဒီတာကြီး မချောအိမာန် (မန္တလေး)၏ မန္တလေးမုန့်တီ (ဗိုက်တောင်ဆာလာပီ :P)၊ မောင်ကိုကို (အမရပူရ) ၏ မန္တလေးစက်ဘီး နာမည်ကြီးတယ် စတဲ့ မန္တလေးအလွမ်းပြေ ကဗျာလေးတွေအပြင် Photo Album ကဏ္ဍမှာပါဝင်တဲ့ ဒါးတန်းဦးသန့် (၁၉၀၇-၁၉၈၈) ၏ ၁၉၆၀ ၀န်းကျင်က ရိုက်ကူးထားသော မန္တလေးမြို့ လူနေမှုနဲ့ရှူ့ခင်းဓာတ်ပုံတွေ ကိုလည်း တွေ့မြင်ခံစားရမှာဖြစ်ပါတယ်။ အင်တာဗျူး ကဏ္ဍမှာတော့ ရုပ်ရှင်ဗွီဒီယိုလောကမှာ နာမည်ရလာတဲ့ သူငယ်ချင်းကြီး ရဲတိုက်နှင့် တွေ့ဆုံမေးမြန်းခန်း ကို တင်ဆက်ထားပါတယ်။ ကျွန်တော့်အတ