Skip to main content

Posts

Showing posts from 2015

သင့်ဖုန်းကင်မရာရဲ့ Silent Mode ကို နေရာတကျအသုံးပြုရအောင်

နည်းပညာခေတ်ကြီးမှာ မိမိအသုံးပြုနေတဲ့ ပစ္စည်းကိရိယာတွေအကြောင်း အကုန်လုံးမဟုတ်တောင် အနည်းအကျဉ်းတော့ သိထားသင့်တယ်လို့ထင်ပါတယ်။ အထူးသဖြင့် နေ့စဉ်အသုံးပြုနေတဲ့ မိမိရဲ့မိုဘိုင်းလ် ဖုန်းတွေပေါ့။ ကျွန်တော်ပြီးခဲ့သည်အပတ်က ဘုန်းကြီးကျောင်းမှာ အလှူတစ်ခုကိုသွားခဲ့ပါတယ်။ ရောက်သွားတဲ့အချိန်က တရားနာနေတဲ့အချိန်နဲ့ ကွက်တိပါပဲ။ ဒါနဲ့ပဲ နောက်ဆုံးအတန်းမှာ အေးအေးလူလူထိုင်ပြီး တရားနာဖို့လုပ်လိုက်ပါတယ်။ ၅မိနစ် ၁၀ မိနစ်ခန့်ကြာပြီးတဲ့နောက်မှာ ဂျောက်ဂျက် ရွှက် ဆိုတဲ့အသံတွေနဲ့အတူ တရားနာနေတဲ့ အာရုံတောင် ဘယ်တွေရောက်ကုန်မှန်းမသိတော့ပါဘူး။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုဘိုင်းလ်ဖုန်းနဲ့ ဓာတ်ပုံမှတ်တမ်းတင်နေတဲ့သူတစ်ယောက်ကို တွေ့မိပါတယ်။ သူကိုင်ထားတာက နောက်ဆုံးပေါ် Samsung ဖုန်းအမျိုးအစားပါ။ သူကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အသံထွက်အောင်ရိုက်တာ မဟုတ်ပေမဲ့ တရားပွဲထဲမှာ တရားနာနေတဲ့ မိတ်ဆွေတွေကိုတော့ အနည်းနဲ့အများ အနှောက်အယှက်တော့ ဖြစ်စေပါတယ်။ အဲဒါကိုအကြောင်းပြုပြီး ဒီပို့စ်လေးရေးဖို့ဖြစ်လာတာပါပဲ။ တရားပွဲတွေမှာ ဒါမှဟုတ် အခမ်းအနားတွေမှာ သူများတွေကို အနှောက်အယှက်မဖြစ်စေဖို့ ဓာတ်ပုံ

Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။ Download : AdwareMedic

Smart Mirror သို့မဟုတ် A Mirror That Remembers You

သင့်ရဲ့အဝတ်အစား အသွင်အပြင်ကို မှတ်မိစေပြီး ဓာတ်ပုံ၊ ဗွီဒီယိုဖြင့် မှတ်တမ်းတင်ပေးနိုင်သော Smart Mirror ကို memomi မှ ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ရှေ့မှာ ဝတ်ဆင်ခဲ့တဲ့အဝတ်အစားတွေကိုလည်း ပြန်လည်ပြီး ယှဉ်ပြပေးနိုင်သလို အဝတ်အစားအရောင်တွေကိုအလည်း အဝတ်ပြောင်းစရာမလိုဘဲ screen ထဲမှာတင် ဒါမှမဟုတ် မိမိရဲ့ဖုန်းမှတဆင့် ကာလာအပြောင်းအလဲလုပ်နိုင်ပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံနှင့် ဗွီဒီယိုတွေကိုလည်း social networking site တွေမှာ အလွယ်တကူပြန်လည် sharing လည်းလုပ်နိုင်ပါတယ်။