9 February 2010

Demonstration for the 63rd Anniversary of Union Day in Burma

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဒို့အရေးဆိုပြီး ကြွေးကြော်၊ လက်တွေ့မှာ တိုင်းရင်းသားတွေကို အလေးမထား ထင်တိုင်းကျဲနေတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ ပြည်ထောင်စုနေ့ ဆန္ဒပြပွဲကို ပါဝင်ကြဖို့ လန်ဒန်ရောက် တိုင်းရင်းသားညီအစ်ကို အားလုံးကို ဖိတ်ခေါ်ပါတယ်။

Date: Thursday 11th February 2010

Time: 12:00 to 13:00

Venue: In front of the Burma Military Regime's Embassy
19A Charles Street Mayfair, London, W1J 5DX

--
Organised by Burma Initiative Coordination Committee
Working together with all Ethnic organisation and Democratic forces in UK

Love and Hate in Burma - A Poetry Protest

To mark the second anniversary of Burmese poet Saw Wei's arrest and imprisonment, English PEN, the Democratic Party for a New Society in Burma (DPNS) and London-based poets will be holding a poetry protest outside the Burmese Embassy in London. We will be calling for the immediate and unconditional release of Saw Wei and of the many other Burmese writers of concern to PEN, including Honorary Members Aung San Suu Kyi and Zargana. The protest will include readings of Saw Wei's work in both Burmese and English, as well as performances by poets Ruth Padel and Niall McDevitt.

Date:
Sunday 14th February 2010

Time:
14:00 to 15:00

Venue:
In front of the Burma Military Regime's Embassy
19A Charles Street Mayfair, London, W1J 5DX

The protest will begin at 2pm. Please do join us if you can, and bring Valentine balloons and cards addressed to Saw Wei.

Click here for more information.

2 February 2010

သာသနရံသီဝိဟာရ ထမနဲထိုးပွဲနှင့် စာပေဟောပြောပွဲ အမှတ်တရ

သာသနရံသီကျောင်း (Colindale) ၏ ထမနဲထိုးပွဲကို ဇန်နဝါရီလ ၃၁ရက်နေ့ တနင်္ဂနွေနေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ ယခင်နှစ်တွေထက် လူတွေ ပိုမိုစည်ကားလာတာတွေ့ရပါတယ်။ ထမနဲကလည်း ကောင်းမှကောင်းပဲဗျာ။ ချွေးတပြိုင်းပြိုင်းနဲ့ သံစုံဟစ်ကြွေးပြီး ထမနဲထိုးကြတာ မြန်မာပြည်က တကယ့်ထမနဲပွဲအတိုင်းပါပဲ။ တကယ့်ကို မြန်မာပြည်ကို လွမ်းစေသလို အလွမ်းလည်းပြေစေပါတယ်။

ထမနဲပွဲမတိုင်ခင်မှာ စာပေဟောပြောပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ ဆရာတော် ဦးဥတ္တရမှ စာပေနှင့် ပက်သက်သည့် မှတ်သားဖွယ်ရာ ဆုံးမစကားများကို ဟောကြားဆုံးမတော်မူပါတယ်။ လူငယ်တိုင်း စာအုပ်စာပေလေ့လာသင့်ကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ကြောင်း၊ စာဖတ်အားကောင်းပြီး အသိဥာဏ်မြင့်မားမှသာလျှင် ကောင်းကျိုး ဆိုးကျိုးကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ဟောကြားဆုံးမတော်မူပါတယ်။ ထို့နောက် ဖိတ်ကြားထားသည့် Dr. Gustaaf Houtman (ဦးစန်းမောင်) မှ ပညာရေးနှင့် မနုဿဗေဒဆိုင်ရာများကို ဟောပြောဆွေးနွေးကြပါတယ်။ ဦးစန်းမောင်မှ နိုင်ငံခြားသားဖြစ်ပြီး မြန်မာစာပေနှင့် စကားကို မြန်မာတစ်ယောက်လို ဟောနိုင်၊ ရေးနိုင်၊ ပြောနိုင်သူဖြစ်ပြီး မန္တလေးမြို့တွင်လည်း သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ဖူးတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။


ထမနဲပွဲနှင့် စာပေဟောပြောပွဲ နှစ်ခုပေါင်းပြီးကျင်းပတဲ့အတွက် စာပေဗဟုသုတလည်းရ၊ ရာသီစာထမနဲလေးလည်းသုံးဆောင်၊ မြန်မာပြည် ထမနဲပွဲအကြောင်းတွေကိုလည်း အလွမ်းပြေ ပြောကြဆိုကြရင်း မိတ်ဆွေသစ်တွေလည်းရခဲ့သည့်အတွက် အဲဒီနေ့ဟာ လန်ဒန်မှ မြန်မာတွေအတွက် တကယ့်ကို အမှတ်ရစရာ နေ့လေးတစ်နေ့အဖြစ် ကျန်ရစ်နေခဲ့မှာ သေချာပါတော့တယ်။

30 January 2010

သာသနရံသီဝိဟာရ၏ ထမနဲပွဲနှင့် စာပေဟောပြောပွဲ

သာသနရံသီဝိဟာရ၏ နှစ်စဉ်ရိုးရာပျက်ကျင်းပမြဲဖြစ်သည့် ထမနဲပွဲတော်ကို ဇန်နဝါရီလ ၃၁ ရက် တနင်္ဂနွေနေ့ ညနေ ၄ နာရီတွင် ကျင်းပမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိ မိတ်ဆွေအပေါင်းတို့အား လေးစားစွာဖိတ်ကြားအပ်ပါသည်။ အဆိုပါထမနဲပွဲနှင့် အတူ စာပေဟောပြောပွဲကိုလည်း ညနေ ၃ နာရီတွင် ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောမည့်သူမှာ Dr. Gustaaf Houtman (ဦးစန်းမောင်) ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပညာရေး နှင့် မနုဿဗေဒဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးဟောပြောမှာဖြစ်ပါတယ်။ ထို့ကြောင့် ဗဟုသုတရစရာ စာပေဟောပြောပွဲလည်းတက်ရောက် ရာသီစာ ထမနဲလည်း စားသောက်ရင်း ဘုန်းကြီးကျောင်းမှာ အတူတကွကုသိုလ်ယူနိုင်ကြဖို့ ဖိတ်ကြားလိုက်ရပါတယ်။ ထမနဲထိုးရန်အတွက် အားကောင်းမောင်းသန် အမျိုးသားများလည်း လိုအပ်နေပါတယ်။ ထို့ကြောင့် မိမိ၏ကာယဗလစွမ်းအင်ကို ကုသိုလ်ယူ လှူဒါန်းကြပါစို့ဟု လန်ဒန်ရှိ အစ်ကိုတော်၊ ညီတော်များကိုလည်း ထပ်မံဖိတ်ကြားလိုက်ရပါတယ်။

28 January 2010

Happy Birthday ကိုဇာဂနာ (ကိုသူရ)

ကိုဇာဂနာ (ကိုသူရ) ၏ ၄၉ နှစ်မြောက်မွေးနေ့မှသည် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မတရားချုပ်နှောင်ခံထားရခြင်းမှလည်း အမြန်ဆုံးလွတ်မြောက်ပါစေ။

၂ဝဝ၈ ခုနှဏ် နာဂစ်မုန်တိုင်းသင့် ဒေသများသို့ သွားရောက်အကူအညီပေးသည်ကို အာဏာပိုင်များမှ ဖမ်းဆီးပြီး ထောင်ဒဏ် ၅၉ နှစ်ချမှတ်ခံထားရပါတယ်။ ၂ဝဝ၉ ခုနှစ် မှာ ထောင်ဒဏ်လျော့ပေါ့ပေးခဲ့ရာ စုစုပေါင်းထောင်ဒဏ် ၃၅ နှစ်ကျခံရန် ကျန်ရှိနေပါသေးတယ်။

တိုင်းပြည်နှင့် လူမျိုးအတွက် အနစ်နာခံတဲ့ ကိုဇာဂနာလိုလူမျိုးဟာ မျိုးဆက်သစ် လူငယ်များအပါအဝင် အခြားသော အနုပညာရှင်တွေအတွက် စံနမူနာယူစရာ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အမှန်တရားဟာ ရာဇဝင်မှာ တစ်သက်လုံး ရှုံးနိမ့်မှာ မဟုတ်ပါဘူး။

25 January 2010

Sharing: ဘုန်းဘုန်းတာ့တာ - လူထုဒေါ်အမာ

ယခုဆောင်းပါးလေးကို လွန်ခဲ့တဲ့ လများစွာက ဘလော့တစ်ခုမှာ ဖတ်ဖူးလိုက်ပါတယ်။ မေ့မေ့ပျောက်ပျောက်ဖြစ်နေတာ ကြာပါပြီ။ အခု နေခြည်သွေးသစ် - ယဉ်ကျေးမှု စာစောင်မှာ ပြန်တွေ့တာနဲ့ ကိုယ့်ဘလော့မှာပါတင်ပြီး မှတ်ထားလိုက်ခြင်းဖြစ်ပါတယ်။

ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။

"ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းစဉ်ကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။
မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။

ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။

"တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ်ဆိုတာကို ဇစ်ဇစ်မြစ်မြစ် သိကြတာလဲ မဟုတ်ပါဘူး။ နို့ပေမယ့် လက်ကလေးလှုပ်ပြပြီး တွေ့ကရာလူကို "တာ့-တာ" နေကြပါတယ်။ တချို့ကများ ကဲသထက်ကဲပြီး "ဘိုင့်ဘိုင်- တာ့တာ-ချဲရီးယို" အထိ လုပ်နေကြလေရဲ့။
ကျွန်မတို့ ငယ်ငယ်တုန်းကတော့ အိမ်တအိမ်က ပြန်တော့မယ်ဆိုရင် အမေကသင်တာ လူကြီးတွေကို "ဦးတင်ပါသေးရဲ့" လို့ ပြောပြီး နှုတ်ဆက်ခဲ့ရမယ်တဲ့။ နည်းနည်းကြီးလာတော့ "ကျွန်မကို ခွင့်ပြုပါဦး" လို့ နှုတ်ဆက်ခဲ့ရတယ်။ နောက်တော်တော်ကြီးလာပြန်တော့ "ပြန်ပါဦးမယ်နော်" လို့ ပြောရတယ်။ ဒါ မြန်မာ့ နှုတ်ဆက်နည်း ဖြစ်မှာပါပဲ။
ခုခေတ်လို လက်ကလေးပြပြီး "တာ့-တာ" လို့ ဆိုမိရင် အမေက လက်များပုတ်ချမလား မသိဘူး။ ပြီးတော့ "ဘာလဲ ညည်းတို့စကားက တာတယ်ဆိုတာ ကောင်းမှတ်လို့ လူထဲသုံးနေရတာလား" လို့ ငေါက်မှာ အမှန်ပါပဲ။
မြန်မာစကားက လူပေါ်စ အဆင့်မျိုး မဟုတ်ပါဘူး။ ကြွယ်ဝပါတယ်။ ဝေါဟာရ မဆင်းရဲပါဘူး။ လူကြည့်ပြီး အသက်နဲ့အလိုက် ဂုဏ်သိက္ခာနဲ့အလိုက် သုံးနှုန်းပြောဆိုရတဲ့ စကားမျိုးပါ။ ဒီလိုယဉ်ကျေးမှုဟာ လူမျိုးတိုင်းမှာတောင် မရှိပါဘူး။ လူ့ယဉ်ကျေးမှု သမနိ ရှည်လှတယ်ဆိုတဲ့ တရုတ်တို့လို လူမျိုး အချို့ မှာသာ ရှိတာပါ။
အဖေလုပ်တဲ့ လူအပေါ်ကို ကိုယ်ဘယ်လောက်ကြီး မကျေလည်ပေမယ့် "မင်းကလဲကွာ" လို့ မြန်မာစကားက ပြောလို့ မရပါဘူး။ "ခင်ဗျားကြီးကလဲဗျာ" လို့ ပြောမိရင်တောင် "အဖေကို ခင်ဗျားလုံးကြီး ရိုက်ပြောတာ ရိုင်းလိုက်တာ" လို့ ဆိုပါသေးတယ်။ "ယူကလဲ ဂွကျလိုက်တာ" လို့ ပြောချင်လို့လဲ မဖြစ်ပါဘူး။ "အဖေကလဲ အဖေရာ" ဆိုတာမျိုးကို အလွန်ဆုံးပြောရတာပါ။ မြန်မာမှာ ကိုယ်က ပြောချင်တဲ့လူနဲ့ တန်ရာဝေါဟာရကို ရွေးပြီး သုံးစွဲရပါတယ်။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုပဲ။

ခုတော့ ရည်းစားလည်း "တာ့-တာ"၊ သူငယ်ချင်းလည်း "တာ့-တာ"၊ ဘုန်းကြီးရဟန်း လည်း "တာ့-တာ" တဲ့။ ဘယ်လိုများ ဖြစ်နေကြတယ် မသိပါဘူး။

ကျွန်မတို့ မိုးကုတ်သွားလည်ကြတော့ မိတ်ဆွေတွေကို ပြန်ပါ့မယ်လို့ နှုတ်ဆက်တဲ့အခါ အိမ်တိုင်းက ပြန်နှုတ်ဆက်တဲ့စကားက "ဖြည်းဖြည်း ပြန်ပါရှင်" တဲ့။ ဒါဟာ ပြန်ခါနီး လူကို မိုးကုတ်က နှုတ်ဆက်တဲ့ စကားပါ။ မိုးကုတ်မှာ လမ်းတွေက မြေပြင်လမ်း မဟုတ်ဘူး။ အတက်အဆင်း၊ အကွေ့အကောက်တွေ၊ ကားနဲ့ ခရီးသွားရတာ။ ကားအမြန်မောင်းရင် အသက်အန္တရာယ်နဲ့ တွေ့ရတာ၊ တွေ့ပေါင်းလည်း မရေမတွက်နိုင်ဘူး။ ဒါကြောင့် သူတို့ဆီမှာ ခွဲခါနီး နှုတ်ဆက်တဲ့ လူတိုင်းကို "ဖြည်းဖြည်းပဲပြန်ပါ" လို့ နှုတ်ဆက်မှာ မှာတာထင်ပါရဲ့။ မေတ္တာ စေတနာ ကရုဏာအပြည့်နဲ့ နှုတ်ဆက်လိုက်တဲ့ စကားမို့ ကြားရသူရဲ့နားထဲမှာ ချမ်းမြေ့ကြည်နူး လိုက်တာ။ "တာ့-တာ" နဲ့ မကွာလား။ မြန်မာမှာ နှုတ်ဆက်စကားတွေ ကြွယ်ကြွယ်၀၀ ရှိပြီးသားပါ။

--
လူထုဒေါ်အမာ
သောင်းပြောင်းထွေလာမဂ္ဂဇင်း၊ တွဲ ၁၈၊ အမှတ် ၈၊ ၁၉၈၃ ဧပြီ။

လူထုဒေါ်အမာဟာ မျက်မှောက်ခေတ်ကာလမှာ ဖြစ်ပျက်မြင်တွေနေတာတွေကို ဥပမာပေး ဆောင်းပါးတစ်ပုဒ်အနေနဲ့ ရေးသားထားတာ ဗဟုသုတရဖွယ်ဖြစ်သလို လိုက်နာကျင့်သုံးဖွယ်ရာ အချက်တွေကိုလည်း တွေ့ရပါတယ်။ စကားပြောဆို ဆက်ဆံတဲ့အလုပ်ဟာ နေ့တိုင်းကြုံတွေနေရတဲ့ အလုပ်တစ်ခုပါ။ လူတွေ့ကိုယ်တိုင်ကိုယ်ကျစကားပြောသည်ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ နေ့တိုင်းပြောဆို ဆက်ဆံနေကြတဲ့အခါမှာ လူတိုင်းနားဝင်ချိုသာအောင် သုံးနှုန်းပြောဆိုဖို့လိုပါတယ်။ ထို့အတူ သုံးစွဲတဲ့ စကားလုံးတွေကိုလည်း သူ့နေရာနှင့်သူ သူ့အသက်အရွယ်နှင့်သူ အထူးသတိပြုအသုံးပြုဖို့ လိုအပ်ပါတယ်။ အမေမာပြောသလိုပဲ မြန်မာစကားမှာ ဝေါဟာရမဆင်းရဲပါဘူး။ သို့ပေမယ့်လည်း ပြောဆိုဆက်ဆံကြတဲ့နေရာမှာ ... ဥပမာအားဖြင့် အိမ်တစ်အိမ်ကနေပြန်ခါနီး နှုတ်ဆက်တဲ့အခါမှာ "ဒိုးပြီ/လစ်ပြီ/ဂိုးပြီ/ရွေ့ပြီ" စသည်ဖြင့် ပေါင်းစုံ ပြောဆိုသုံးနှုန်းနေကြပါတယ်။ တကယ်တမ်း စဉ်းစားကြည့်တော့ ဒီစာလုံးတွေဟာလည်း မြန်မာစာလုံးတွေတော့ မဟုတ်ဘဲ ခေတ်ကာလအရ ပေါ်ပေါက်လာတဲ့ ဘန်းစကားတွေသာ ဖြစ်ပါတယ်။ သို့ပေမဲ့ ကိုယ့်ထက်အသက်ကြီးသူ၊ ဝါကြီးသူတွေကို သွားပြောရင်တော့ မသင့်တော်လှပါဘူး။

ပြည်ပရောက်မြန်မာအချို့တွင်လည်း ထိုကဲ့သို့ စကားလုံးအသုံးပြုပုံ အားနည်းချက်အချို့ကို တွေ့မြင်ရပါတယ်။ ဥပမာ သံဃာတော်များနှင့် ပြောဆိုဆက်ဆံတဲ့အခါမှာ ... "ဘုန်းဘုန်း ဆွမ်းဘုန်းပေးပြီးပါပြီလားဘုရား ပြောရမည့်အစား ဘုန်းဘုန်း စားပြီးပြီလား"၊ "တင်ပါ့ဘုရား ဟု ပြောရမည့်အစား ဟုတ်ကဲ့" စသည်ဖြင့် လူလူချင်းဆက်ဆံသကဲ့သို့ အလွယ်တကူ ပြောဆို သုံးနှုန်းနေတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ နေ့တိုင်းပြောဆိုဆက်ဆံကြတဲ့အခါမှာ စကားလုံးအသုံးအနှုန်းလေးတွေကို သတိထားပြီး ပြောဆိုကြည့်မယ်ဆိုရင် ကိုယ်တိုင်လည်း မိမိလူမျိုး၏ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းရာရောက်သလို လူမှု့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာလည်း လူချစ်လူခင်ပေါများသည့် ဂုဏ်ယူဖွယ်ရာ အမျိုးသား/သမီး တစ်ဦးအဖြစ် ထင်ရှားတောက်ပလာနိုင်ပါကြောင်း အမေလူထုဒေါ်အမာ၏ ဆောင်းပါးနှင့်အတူ ထပ်လောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။

20 January 2010

လူမိုက်အားပေး မလုပ်မိစေဖို့

အခုရက်ပိုင်းမှာ ဗုဒ္ဓဘာသာအကြောင်း မကောင်းကြောင်း ရေးသားတဲ့ Blog တစ်ချို့ကိုတွေ့နေရပါတယ်။ မြန်မာလို ရေးသားထားတဲ့ ဘလော့တစ်ခုပါပဲ။ ဆရာတော်ကြီးများ၊ ဘုရားစေတီများ၏ ဓာတ်ပုံများကိုပင် ကြက်ခြေခေတ်ပြီး စော်ကားထားတာဖြစ်ပါတယ်။

ဘာသာရေးနှင့် ဆက်နွယ်နေတာဖြစ်တဲ့အတွက် အဲဒီဘလော့မှာ ကျွန်တော်ဘာမှ ဝင်ပြီးမပြောခဲ့ပါဘူး။ နောင်လည်း ပြောမှာမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲဒီလို ဘာသာရေးကို အစွန်းရောက်ပြီး တစ်ဘက်သတ်စော်ကားတဲ့လူတွေနဲ့ စကားပြိုင်ပြောရမှာ ရှက်လို့ပါပဲ။ ရေးသားတဲ့သူကိုယ်တိုင် သူဟာ ဗုဒ္ဓဘာသာဝင် မဟုတ်သည့်တိုင် မိမိကိုယ်ကိုရော၊ မိမိရဲ့မိဘ၊ မိမိရဲ့ဘာသာကို ကိုယ်ကိုတိုင် ပြန်ပြီးစော်ကားနေတယ်ဆိုတာ မတွေးမိဘူးထင်ပါတယ်။


အဲဒီတော့ မိတ်ဆွေကိုယ်တိုင် မျက်စိလည်လမ်းမှားပြီး အဲဒီဘလော့ (အစိမ်းရောင်နောက်ခံရှိပါတယ်) ကို ရောက်သွားခဲ့သည်ရှိသော် တစ်ခြားမိတ်ဆွေတွေကို လက်ဆင့်မကမ်းကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲလို အနှစ်သာရမရှိ ပေါက်တတ်ကရ ရေးထားတာကိုမှ လူတွေတအားလာကြည့်တယ်ဆိုရင် သူ့ကိုယ်သူ မာန်တက်ပြီး ပိုဆိုးသွားပါလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်ကိုယ်တိုင် အဲဒီဆိုဒ်ကို sharing မလုပ်သလို လာမေးရင်လည်း ဖြေမှာမဟုတ်ပါဘူး။

ခင်မင်လေးစားလျှက်
 

Followers

Total Visitors

Unique Visits, since 20 June 2006


Clicky Web Analytics


Site Info

ကျွန်တော် ရေးသား၊ မျှဝေထားတဲ့ ပို့စ်တွေထဲက မိတ်ဆွေတစ်ခုခု ရသွား တယ်ဆိုရင် ကျွန်တော့်ရဲ့ ဘလော့ ပို့စ်တွေရေးရကျိုး အချိန်ပေးရကျိုး နပ်သွားပါပြီ။ ထင်မြင်ချက်များကိုလည်း comment တွင် ရေးသား ပေးခဲ့နိုင်ပါသည်။ မိတ်ဆွေများ မျှဝေ လိုသည့် သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများ ရှိခဲ့ပါက chanmyasoe at gmail.com သို့ ပေးပို့ နိုင်ပါသည်။ စာဖတ်သူ မိတ်ဆွေများ အားလုံး ကျန်းမာပျော် ရွှင်ပါစေ :)
CMS's Web Diary Copyright © 2009 Blogger Template Designed by Bie Blogger Template