Skip to main content

Posts

Showing posts with the label saffron revolution

ရွှေဝါရောင် တော်လှန်ရေး ရုပ်သံမှတ်တမ်းအတွက် Emmy ဆု ပဏာမ ရွေးချယ်

http://burmese.dvb.no/news.php?id=5359

လွတ်လပ်ရေးနေ့ ဆန္ဒပြရန် နှိုးဆော်စာများ ပခုက္ကူတွင် ကပ်ပြန်ပြီ

မကွေးတိုင်း ပခုက္ကူမြို့တွင် လာမည့် လွတ်လပ်ရေးနေ့၌ သံဃာအားလုံး စုပေါင်း ဆန္ဒပြကြရန် နှိုးဆော်စာများ ယနေ့နံနက်က ကပ်ထားသည်။ လာမည့် နှစ် ၆ဝ ပြည့် လွတ်လပ်ရေးနေ့ ကျရောက်မည့် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပခုက္ကူမြို့ရှိ သံဃာထုအနေဖြင့် စုပေါင်းဆန္ဒပြပွဲကို ပြန်လည်ဖော်ထုတ်ရန် ရွှေဝါရောင်တော်လှန်ရေး စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ရှိ မဟာဝိဇယာရာမ (အရှေ့တိုက်) မြောက်ဘက်မုခ်တွင် နှိုးဆော်စာများ ကပ်ထားခြင်း ဖြစ်သည်။ “ဒီနေ့မနက် မြောက်ဖက်မုခ်မှာ ဇန်နဝါရီ ၄ ရက်နေ့ ဆန္ဒပြဖို့ စာတွေ ကပ်ထားတယ်။ ကိုရင်တွေ ဦးဇင်းတွေတော့ သွားဖတ်ကြတာပဲ” ဟု စာသင်တိုက်ကြီးမှ စာချဆရာတော် တပါးက မိန့်ကြားသည်။ နှိုးဆော်စာများ ကပ်ပြီး မကြာမီအချိန်အတွင်းမှာပင် ဒေသခံ ရဲများက လာရောက် ခွါယူသွားခဲ့သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ကံဆောင်သပိတ် ပြန်လည်လုပ်ဆောင်ရန် နှိုးဆော်စာများကို ပခုက္ကူမြို့ ကျောင်းတိုက်များအနီး၌ ကပ်ထားခဲ့သည်။ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးအား နအဖ က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ရန်ကုန်နှင့် အခြားမြို့နယ်များရှိ ကျောင်းတိုက်များသို့ ဝင်ရောက်စီးနင်းကာ စာသင်သား သံဃာများကို နေရပ်သို့ပြန်ရန် အတင်းအကျပ်...

ရွှေဝါရောင် တော်လှန်ရေး ဗီစီဒီခွေများ ရန်ကုန်တွင် ပြန့်နှံ့

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှုအကြောင်း မှတ်တမ်း တင်ထားသည့် ဗီစီဒီ တိပ်ခွေများကို တက်ကြွ လှုပ်ရှားသူများက ယမန်နေ့ညပိုင်းက ရန်ကုန်မြို့အတွင်း လိုက်လံ ဖြန့်ဝေမှုများ ရှိခဲ့သည်။ ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် ပုဇွန်တောင်ဈေးနှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် လမ်း ၃ဝ၊ ၃၂ လမ်းတလျှောက်တွင် အဖွဲ့ငယ်များက စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှု ဆန္ဒပြပွဲများကို မှတ်တမ်း တင်ထားသည့် ဗီစီဒီခွေများကို ယမန်နေ့ ညနေပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေနေသည်ဟု သိရခြင်း ဖြစ်သည်။ ဤလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ဖော် ကျေညာခြင်း မရှိသေးပါ။ “အနော်ရထာလမ်းဘက် လမ်း ၃ဝ၊ ၃၂ လမ်းမှာဆိုရင် အိမ်ပေါ်တွေထိကိုပါ စီဒီခွေတွေနဲ့ လက်ကမ်းစာစောင် လှုံ့ဆော်စာတွေကို အခန်းတံခါး ကြားတွေမှာ ညှပ်ထားခဲ့တာတွေ ရှိတယ်။ စီဒီခွေတွေကတော့ ပြီးခဲ့တဲ့လ အရေးအခင်းတုန်းက သံဃာတော်တွေ ဆန္ဒပြခဲ့တဲ့ ပုံတွေ၊ အနှိပ်စက်ခံရတဲ့ ဗီဒီယိုခွေတွေပါ။ ပုဇွန်တောင်ဘက်မှာ မနေ့ နေ့လည်ပိုင်းက ဈေးထဲမှာလည်း လိုက်ဖြန့်ဝေနေတယ်” ဟု ရန်ကုန်မြို့ ဒေသခံ တဦးက ပြောသည်။ အခြား ဒေသခံ တဦးကလည်း ဗီစီဒီခွေ ဖြန့်ဝေမှုအကြောင်း ကြားသိရသော်လည်း...

၈၈ ခေါင်းဆောင် ကိုဌေးကြွယ် အဖမ်းခံရ

အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။ အရေးပါသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် အပါအဝင် တက်ကြွ လှုပ်ရှားသူ ၄ ဦးကို စစ်အစိုးရက ယနေ့ နေ့လည်က ဖမ်းဆီးလိုက်သည်ဟု ဒေသခံများက ပြောကြသည်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူနှင့် အခြား တယောက်ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ “အပြင်တခု တနေရာကိုပေါ့ ရွှေ့နေတာနဲ့ တူတယ် ပါတယ် လမ်းမပေါ်မှာလို့ ပြောတယ် လေးယောက် ဆိုပြီးတော့ ပြောတယ်။ ကိုဌေးကြွယ်၊ မမီးမီး၊ ကိုအောင်သူ ဒါပဲ သိတယ်။ ကျန်တာတော့ ပါသွားတာပဲ သိတယ်။” ဟု အမည်မဖော်လိုသူ ရန်ကုန်မြို့ခံ တဦးက ပြောသည်။ စစ်အစိုးရက ပိုက်စိတ်တိုက် လူဖမ်းပွဲ ကျင်းပပြီး တယ်လီဖုန်းလိုင်း အများအပြား ဖြတ်တောက်ထားသည့် အတွက် သီးခြား အတည်ပြုချက်များ မရနိုင်ဘဲ ရှိသည်။ သို့သော် အခြားသော မြို့ခံတဦးကလည်း ဖမ်းဆီးခံရသည့်သတင်း ကြားသိရကြောင်း ပြောကြားပြီး နောက်တဦးမှာ ကိုကို ဖြစ်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၁ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ အပါအဝင် ခေါင်းဆောင် ၁၃ ဦး ဖမ...

စက်တင်ဘာ ၂၄ ရက် မန္တလေးမြို့ သံဃာတော်များ လှည့်လည်မှုအခြေအနေ

စက်တင်ဘာ ၂၄ ရက်နေ့ ယနေ့ သံဃာတော်များ စီတန်းလှည့်လည်မှုအခြေအနေဖြစ်ပါတယ်။ နေရာကတော့ 32 လမ်း၊ 81 လမ်းနှင့် 82 လမ်းကြားဖြစ်ပါတယ်။