Skip to main content

Posts

Showing posts with the label Fundraising Gig

Fund Raising for Disadvantage Children in BURMA

The Burmese Youth Assoaciation, UK cordially invites you on 18 of June, 2011 for our first anniversary celebration, which will be held at St. Agnes Church, 35 Cricklewood Lane, NW2 1HR. All kind of fresh Burmese food will be available at the event. Besides, there will be karaoke for those of you who love singing. On top of that, we shall play Dj after 9:30pm until 11:30pm. Lets us all enjoy together. PS. Pls kindly pass the message to ur friends. Many thanks. BYA, UK မြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့ကလေးငယ်များနှင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် လိုအပ်သော ပညာရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ကျွန်တော်များ BURMESE YOUTH ASSOCIATION ( BYA-UK ) မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အခြေခံလိုအပ်ချက်ဖြစ်သော ကျောင်းသုံးစာအုပ်မှစ၍ ထိုင်ခုံနှင့် အမိုးအကာ၊ ဗဟုသုတ စုံလင်ပြည့်စုံစေရန် ကျောင်းစာကြည့်တိုက် အစရှိသည်တို့ကိုလည်း ဖြည့်တင်းဆောင်ရွက်ပေးခဲ့ပါသည်။ မရှိမဖြစ်လိုအပ်လှသည့် သောက်သုံးရေအတွက် ရေတွင်း(အ၀ီစိ) များကိုလည်း တူးဖော်ပေးခဲ့ပါသည်။ သို့ဖြစ်ပါ၍ များပြားလှသော လ...

Fundraising Gig

ဂီတပွဲလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့၊ မသန်မစွမ်းနှင့် ချို့တဲ့သောကလေးသူငယ်များအတွက် ရန်ပုံငွေရှာခြင်းဖြစ်ပါတယ်။ ဖျော်ဖြေမှုမှ ရရှိသော အမြတ်အစွန်းအားလုံးကို ဆင်းရဲသော မိသားစုများနှင့် ကလေးသူငယ်များကို အဓိကပေးလှူသွားရန် ရည်ရွယ်ပါသည်။ ထိုသို့လှူဒါန်းရာတွင် တခြားအဖွဲ့အစည်းကြီးများနည်းတူ ရေရှည်ကလေးငယ်များအား မထောက်ပံ့နိုင်သော်လည်း နေ့စဉ်လိုအပ်နေသော အစားအစာ၊ ဆေးဝါးနှင့် စာရေးကိရိယာ၊ အဝတ်အစားနှင့် ကစားစရာတို့ကို ကလေးသူငယ်များ၏လက်သို့ ပေးအပ်မှာဖြစ်ပါသည်။ မိမိ၏အချိန်၊ ငွေအနည်းငယ်ကိုပေးဆပ်ခြင်းဖြင့် ကြမ်းတမ်းခက်ထန်သော ဘဝများအတွက်မှာ လူငယ်လေးများ၏ မျက်နှာတကြိမ်တခါ လန်းဆန်းစေနိုင်မှာဖြစ်သလို မိမိတို့၏ ကောင်းမှုအကျိုးဆက်ပီတိကို တဝကြီးခံစားရမှာဖြစ်ပါတယ်။ ထို့ပြင် ထိုပွဲသို့လာရောက်အားပေးခြင်းဖြင့်လည်း မိတ်ဟောင်းများနှင့် ပြန်လည်တွေ့ဆုံစေသလို မိတ်ဆွေသစ်များလည်း တိုးပွားစေမှာဖြစ်ပါတယ်။ မိမိအသိုင်းအဝိုင်းအတွင်းရှိ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေးအဖြာဖြာတို့ကို သိကျွမ်းဆွေးနွေးနိုင်မှာပါ။ သို့ကြောင့် လန်ဒန်တွင်သာမက ယူကေအတွင်း၇ှိသော ညီအစ်ကိုမောင်နှမကြီးငယ်မရွေးကို မိမ...