Skip to main content

Posts

Showing posts with the label ပြည်သူ့ဂုဏ်ရည်ဆု

တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ပဏာမရွးချယ်ခံ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ အမည်စာရင်း ထုတ်ပြန် ကြေငြာ

အမေရိကန်ပြည်ထောင်စု၊ ယူနိုက်တက် ကင်းဒဲန်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က အဖွဲ့ခွဲ ၁၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ ရဲ့ တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆု ချီးမြှင့်ပွဲကို ၂၀၁၂ မေ ၂၇ ရက်နေ့တွင် နယူးယောက်၌ ကျင်းပရန် ပြင်ဆင်လျက်ရှိရာ ၂၀၁၂ ဧပြီ ၁၆ ရက်နေ့က ပဏာမ ရွေးချယ်ခံ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ အမည်စာရင်း ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ထို ပဏာမစာရင်းအတွက် ၂၀၁၂ မတ်လလယ်မှ မတ်လ ၃၁ ရက်နေ့အထိ ကောက်ခံခဲ့ရာ အမည်စာရင်း တင်သွင်းသူ ၃၃ ဦးအနက် ဂုဏ်ပြုပွဲ အခမ်းအနားများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီက လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ၂၀ ရဲ့ စာရင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အခု ရွေးချယ်ထားတဲ့ ပဏာမစာရင်းထဲမှ ငါးဦးစီကို သက်ဆိုင်ရာ ပြည်သူ့ဂုဏ်ရည် အဖွဲ့ခွဲများက ဧပြီ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ရွေးချယ်မှာ ဖြစ်ကြောင်း၊ ထိုသို့ ရွေးချယ်ပြီး စုစုပေါင်း ဆန္ဒမဲ အများဆုံး ရရှိသူ ငါးဦးစာရင်းကို ထပ်မံ ထုတ်ပြန် ကြေငြာကာ အွန်လိုင်းမှ မဲပေးစနစ်နဲ့ ရွေးချယ်ပြီး ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူကို မေလ ၂၇ ရက်နေ့တွင် ကြေငြာပြီး ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။  မေလ ၂၇ ရက်နေ့ နယူးယောက်တွင် ကျင်းပမယ့် ၂၀၁၂ ...