Skip to main content

Posts

Showing posts with the label BBC Burmese

Protest against BBC to stop announcing Bogus News about Rakhine People in Rakhine State, Burma

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဘင်္ဂါလီရိုဟင်ဂျာ လူမျိုးခြားများ၏ အကြမ်းဖက်ဆူပူမှုများအပေါ်တွင် ကမ္ဘာ့သတင်းဌာနများမှ နိုင်ငံတကာကို သိစေရန် ဘာသာရေး ဖိနှိပ်မှုအသွင်ဖြင့် ပြောင်းလဲဖော်ပြနေပြီး မဟုတ်မမှန် ပြောင်းပြန်ပြောင်းလဲ၍ စွပ်စွဲဘက်လိုက် ရေးသားမှုများ ရှိနေပါသောကြောင့် ယခုလာမယ့် ဇွန်လ ၁၈ရက် ၂၀၁၂ တင်္နလာနေ့ နေ့လည် ၁၂နာရီ မှ ၁နာရီ အချိန်တွင် နာမည်ကြီး မီဒီယာတခုဖြစ်သည့် လန်ဒန်မြို့မှ BBC Worldwide Ltd Media Centre ရှေ့တွင် မိမိနိုင်ငံနှင့် တိုင်းရင်းသားသွေးချင်းများ အပေါ် အမှန်တရားနှင့် ကင်းကွာ၍ ဆန့်ကျင်ဖက်ပြု စော်ကားနေခြင်းကို ကန့်ကွက်သည့်် အနေနဲ့ ယူကေနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ငြိမ်းချမ်းစွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဆန္ဒပြ ဖော်ထုတ်သွားရာတွင် ယူကေနိုင်ငံ၏ မည်သည့် နိုင်ငံရေး အဖွဲ့အစည်းများ၏ လက်အောက်တွင် ရှိမနေဘဲ အမျိုးသားရေးစိတ်ဓါတ် အသိဖြင့် မြန်မာနိုင်ငံသားများ အနေဖြင့်သာ လွတ်လပ်စွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။  ယူကေနိုင်ငံ၏ နိုင်ငံရေး အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသားများကိုလည်း ပါဝင်ပူးပေါင်း ကူညီ၍ လိုအပ်သော အကြံဥာဏ်များ ပေးကြပါရန် လှိုက်လှ...