Skip to main content

Posts

Showing posts with the label Meeting with Daw Aung San Suu Kyi and Burmese Community (UK)

ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက် မြန်မာမိသားစုများတွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံများ

ဇွန်လ ၂၂ ရက်နေ့ ၂၀၁၂ ခုနှစ်ဟာ လန်ဒန်ရောက် မြန်မာတွေအတွက် အင်မတန်မှ အမှတ်ရစရာ သမိုင်းဝင်နေ့တစ်နေ့အဖြစ် တွင်ကျန်ရစ်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက်မြန်မာများ တွေ့ဆုံပွဲလေးကို လန်ဒန် သိမ်းစ်မြစ်ကမ်းဘေးက Royal Festival Hall မှာ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ပါပဲ။ လန်ဒန်မှာ နေထိုင်စဉ်ကာလအတွင် မြန်မာများကို အများဆုံး မြင်တွေ့ဖူးတဲ့ ပွဲလို့လည်း ဆိုနိုင်ပြီး လူ ၂၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထိုပွဲတွင် လန်ဒန်မှာရောက်ရှိနေတဲ့ ကိုဇာဂနာ၊ အန်တီမာမာအေး နှင့် လန်ဒန်ရောက် ဝါသနာရှင် ညီအစ်ကိုမောင်နှမများမှ ရွာစားကျော် သီရိမောင်မောင်တို့နှင့် တွဲဖက်ကာ ဖျော်ဖြေရေးအစီအစဉ်များကို တမူထူးခြားစွာ တင်ဆက်ခဲ့ပါတယ်။ နိုင်ငံတော်သီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ပြီး သီချင်းသီဆိုနေချိန် အမိမြန်မာပြည်ကို လွမ်းဆွတ်သတိရစိတ်၊ အိမ်ကိုလွမ်းစိတ်တွေကြောင့် မျက်ရည်ကျမတတ် ခံစားခဲ့ရသူများလည်း ရှိခဲ့တာကို ဖေ့စ်ဘွတ် စာမျက်နှာများတွင် မြင်တွေ့ခဲ့ရပါတယ်။

Meeting with Daw Aung San Suu Kyi and Burmese Community (UK)

Date 22.June.2012 Time 9am to 12am Venue Royal Festival Hall Southbank Centre SE1 8XX London United Kingdom မှတ်ချက် အခမ်းအနား ကျင်းပရာ ခန်းမသို့ ၂၂ ရက်နေ့ မနက် ၉ နာရီ တိတိတွင် ရောက်ရှိစေလိုပါသည်။ အခမ်းအနားတတ်ရောက်သူများအတွက် ပွဲတတ်ဝတ်စုံ (ရိုးရာ) ကို ဝတ်ဆင်စေလိုပါသည်။ ပွဲတတ်ဝတ်စုံ ဝတ်ဆင်ရန်မှာ ခန်းမ၏ စည်းကမ်းဖြစ်ပြီး  အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့မှ "ရိုးရာ" ဆိုသော အချက်ကို မြန်မာနိုင်ငံသားများ အားလုံးအတွက် ဂုဏ်ယူနိုင်ဖွယ်ရာဖြစ်အောင် ဖြည့်စွက်ခြင်း ဖြစ်ပါသည်။