ဘလော့လာဖတ်သူအားလုံးကို နှစ်သစ်မင်္ဂလာပါလို့ ပထမဦးစွာကြိုပြီး နှုတ်ခွန်းဆက်ပါရစေ။ ကျွန်တော့်ဘလော့မှာ ဒီနှစ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပို့စ်တွေ သိပ်မရေးဖြစ်တဲ့အတွက်လည်း တလက်စတည်း တောင်းပန်ပါရစေခင်ဗျာ။ မင်္ဂလာမြန်မာနှစ်သစ်နောက်ပိုင်းမှာတော့ ပို့စ်တွေ ပုံမှန်တင်နိုင်အောင် ကျွန်တော် ကြိုးစားသွားပါမယ်။ နောက်ပြီး လန်ဒန်မှာနေတဲ့ မိတ်ဆွေများအတွက် အသုံးဝင်မည့် ဝက်ဘ်ဆိုဒ်တစ်ခုကိုလည်း လွှင့်တင်သွားဖို့ စီစဉ်နေပါတယ်။ ဆက်လက်စောင့်မျှော်ရင်း အားပေးကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ယခုနှစ် မြန်မာနှစ်သစ်ကူးကာလမှာတော့ ထွေထွေထူးထူး ဘာမှလုပ်ဖြစ်မယ်မထင်ပါဘူး။ လန်ဒန်သင်္ကြန်ပွဲနေ့ (၁၆.၀၄.၂၀၁၁) မှာတောင် အလုပ်ကနေ နေ့တစ်ဝက်ပဲ ခွင့်ရတဲ့အတွက် အရင်နှစ်တွေကလို ဓာတ်ပုံတွေ စုံလင်အောင်ရိုက်ပြီးတင်နိုင်မယ်မထင်တော့ပါဘူး။ နောက်တစ်ခါ ကင်မရာကောင်းကောင်းဝယ်ပြီးတော့မှပဲ လန်ဒန်က ပုံတွေကို တဝကြီး ရှူ့စားပါလို့ ပြောပါရစေ။ နလန်ထူခါစ လူနာတစ်ယောက်လိုဖြစ်နေပြီး အခြေအနေအားလုံး ပြန်လည်ကောင်းမွန်အောင် တည်ဆောက်နေရတဲ့အတွက် ဘလော့မှာ ပို့စ်တွေ သိပ်မရေးဖြစ်တာပါ။ ဒါပေမဲ့ အလွယ်တကူ sharing လုပ်လို့ရတဲ့ ကျွန်တော့်ရဲ့ Facebook မှာတော့ အသံ...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ