ဘိလပ်ကို လာခါနီးလူတွေ အိမ်ကနေ သံပုရာသီး၊ ငရုတ်ကြက်သွန်ကအစ ယူလာကြတယ်လို့ ကြားဖူးတယ်။ ကျွန်တော်လာတုန်းက မြန်မာအစားအစာ မစားရမှာ သိပ်ကိုကြောက်နေတာ။ ဘာလို့လဲဆိုတော့ ပေါင်မုန့်နှင့် သရေစာတွေက တစ်ခါစားပြီးရင် ၂နာရီလောက်ပဲ ခံတယ်လေ :P အခုဆိုရင် ဒီမှာ မြန်မာတွေကြိုက်တဲ့ ချဉ်ပေါင်ရွက်၊ မြင်းခွာရွက်၊ သရက်သီး ငပိ၊ ပဲပြုတ် နှင့် ဆူးပုတ်ရွက်ကအစ အကုန်ဝယ်လို့ရတယ်။ လန်ဒန်မှာဆိုရင် Southall နှင့် Wembley ဘက်က ကုလားဆိုင်တွေမှာ အကုန်နီးပါးရတယ်။ ဒါမှမဟုတ် ထိုင်းဆိုင် နှင့် ဖလစ်ပင်း ဆိုင်တွေမှာလည်း မြန်မာတွေကြိုက်တတ်တဲ့ အစားအသောက်တွေ အကုန်ဝယ်လို့ရနေပါပြီ။ လဘက်ကတော့ မရှိဘူး။ ဒါမေပဲ့ လန်ဒန်မှာ မြန်မာအစားအသောက်တွေ ရောင်းပေးနေတဲ့ အမေ့အိမ်၊ မြို့မ၊ ရသာမွန်၊ ရွှေဟင်္သာ၊ ရွှေမန်းတလေး နှင့် Hayes Oriental တို့လို့ဆိုင်တွေမှာ လိုသလောက်ဝယ်လို့ရနေပါပြီ။ အခု ဒီချဉ်ပေါင်ရွက်ကတော့ Hayes Oriental ကနေ ရလာတာပါ။ ဈေးကတော့ တစ်စီးကို နှစ်ပေါင်လောက်ကျတယ်။ ဒါပေမဲ့ ကီလိုနဲ့ ဝယ်ရင်တော့ ပိုသက်သာပါတယ်။ စားချင်တော့လည်း ဈေးကြည့်မနေပဲ ဝယ်စားလိုက်ရတာပဲလေ။ အစာအိမ်က တောင...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ