Skip to main content

Posts

Showing posts with the label 66th Anniversary of Daw Aung San Suu Kyi Birthday

ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့ လန်ဒန်တွင် ကျင်းပပြီးစီး

ယနေ့ကျရောက်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့အခမ်းအနားကို NLD လွတ်မြောက်နယ်မြေ ယူကေဌာနခွဲမှ ဦးဆောင်ပြီး သာသနရံသီ ဘုန်းတော်ကြီးကျောင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် မနက်ပိုင်းတွင် သံဃာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းပြီး ကြွရောက်လာသော ပရိသတ်များကို မြန်မာရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါတယ်။ နေ့လည်ပိုင်းအစီအစဉ်များအဖြစ် ဘာသာပေါင်းစုံမှ မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းပေးခြင်း၊ ကဗျာရွတ်ပြိုင်ပွဲ နှင့် ကျပန်စကားပြောပြိုင်ပွဲများကို ကျင်းပပေးခဲ့ပါတယ်။ သာသနရံသီဆရာတော် ဦးဥတ္တရ၊ NLD လွတ်မြောက်နယ်မြေ(ယူကေ)ဋ္ဌာနခွဲ၏ ဥက္ကဌ ဒေါက်တာဝင်းနိုင်၊ Burma Campaign - UK မှ Anna Roberts တိုင်းရင်းသားခေါင်းဆောင်များမှ မွေးနေ့အထိမ်းအမှတ်အမှာစကားများ အသီးသီးပြောကြာခဲ့ပါတယ်။ ထို့နောက် ပြိုင်ပွဲအသီးသီးတွင်ဆုရရှိသူများကို ဒေါက်တာဝင်းနိုင်မှ ဆုချီးမြှင့်ပေးခဲ့ပြီး ကမ္ဘာမကျေဘူး သီချင်းကို သံပြိုင်သီဆိုကာ အခမ်းအနားကို ညနေ ၅ နာရီခန့်တွင် အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။ မှတ်တမ်းတင်ဓာတ်ပုံများကို ဆ...

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်မည်

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် NLD-LA (UK) မှ ဦးဆောင်ပြီး သာသနရံသီကျောင်းမှ ဆရာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းမည်ဖြစ်ပါသောကြောင့် လန်ဒန်ရှိမြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် မိတ်ဆွေအပေါင်းအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ 11:00am Food Offering to Buddhist Monk 13:00pm - 20:00pm Multi-faith Pray, Collecting Supporting Signature, Karaoke Competition, Reading Poem Date: 19th June 2011 Time: 9:30 - 20:00 Venue: SASANA RAMSI VIHARA 83, Booth Road Colindale NW9 5JU Ph: 0208 2050 221