Skip to main content

Posts

Showing posts with the label Myanmar Association UK

သမိုင်းကြောင်းကို ဇောက်ထိုးမြေလှန် လုပ်ကြံပြောင်းလဲလိုသူများအား UK ရောက် ကျောင်းသားလူငယ်များ၏ ဆန္ဒပြပွဲ

လန်ဒန်ရောက် မြန်မာကျောင်းသားလူငယ်များဦးဆောင်မှုဖြင့် စစ်အစိုးရ၏ ကျောထောက်နောက်ခံ ခိုင်းဖတ်ဖြစ်သည့် မြန်မာအသင်းကြီး(UK)မှကျင်းပပြုလုပ်မည့် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေး မဲဆွယ်စည်းရုံးပွဲ နှင့် အဆိုပါပွဲသို့ လာရောက်ဖျော်ဖြေသည့် ပြည်သူ့ကျေးဇူးကန်း၊ အမေကျော် ဒွေးတော်လွမ်းနေသည့် (အာရုဏ်ဦးတွင် ဖူးသည့်ကြာ ဇာတ်ကားတွင် သရုပ်ဆောင်ထားကြသည့်)သရုပ်ဆောင်များကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ၂၀၁၀ တွင် ဆန္ဒပြ သပိတ်မှောက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ယူကေရှိ မြန်မာကျောင်းသားများလူငယ် စုံလင်စွာတက်ရောက်ကြပြီး စစ်အစိုးရဖြုတ်ချရေး ကြွေးကြော်သံများ ဟစ်ကျွေးခြင်း၊ တက်ရောက်လာသည့် ကျောင်းသားများမှ မြန်မာအသင်းကြီး (UK) နှင့် ပက်သက်သည့် ရင်တွင်းစကားများပြောကြားခြင်း၊ အသင်းကြီးနှင့် ပက်သက်သည့် အိတ်ဖွင့်ပေးစာများ ဖတ်ကြားခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ Signature Campaign ပြုလုပ်ခြင်း စသည့် လှုပ်ရှားမှုများဖြင့် တခဲနက် ဆန္ဒပြခဲ့ကြပါသည်။ ယနေ့ တက်ရောက်အားပေးကြသည့် ရောင်းရင်းများကို ယူကေရောက် မြန်မာကျောင်းသားများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါသည်။ ၈၈၈၈ (ရှစ်လေးလုံး) နှစ်ပတ်လည်နေ့ ဆန္ဒပြပွဲဖြစ်သည့် ၆.၀၈.၂၀၁၀ တွင် ပြန်လည်ဆုံတွေ့ကြပါဦးစို့...