Skip to main content

Posts

Showing posts from July, 2007

ဘုန်းဘုန်းဦးဥတ္တရ ရွှေရတု မွေးနေ့မင်္ဂလာ

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ကောလင်းဒေးမြို့နယ် သာသနာ့ရံသီ ၀ိဟာရကျောင်း ဆရာတော် ဦးဥတ္တရ၏ သက်တော် (၅၀) ပြည့်မွေးနေ့ မင်္ဂလာနှင့် ၀ါဆိုသင်္ကန်း ကပ်လှူပွဲကို ဒီနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ လန်ဒန်မြို့ပေါ်ရှိ မြန်မာဘုန်းကြီးကျောင်းများမှ ဘုန်းတော်ကြီးများလည်း ကြွရောက်ချီးမြင့်ခဲ့ကြပါတယ်။ မြန်မာပရိတ်သတ်များအတွက် မြန်မာတို့အကြိုက် ရှမ်းခေါက်ဆွဲနှင့် အကြော်စုံများဖြင့် တစ်နေကုန် ကျွေးမွေးခဲ့ပါတယ်။ မွေးနေ့ပွဲမတိုင်ခင်ကတည်းက ရောက်နှင့်နေတဲ့ ကျွန်တော့်အတွက်တော့ ၂၈ ရက်နေ့ ညနေကတည်းက လုပ်အားပေးခဲ့တယ်။ ၂၈ရက်နေ့ ဘလော့သတင်းများအရ မန္တလေးမှာ ၀ါဆိုခြင်းခတ်ပွဲတွေကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း လူစုပြီး ခြင်းခတ်ခဲ့ကြသေးတယ် :) ဓာတ်ပုံတွေကိုတော့ ဆရာတေးက တောက်လျှောက်ကိုတင်ထားတယ်။ သူ့ဘလော့မှာလည်း သွားရောက်ကြည့်ရှူ့နိုင်ပါတယ်။ ကျွန်တော်ကတော့ မွေးနေ့ပွဲမှာ ၀ါဆိုသင်္ကန်းတစ်စုံကပ်လှူခဲ့တယ်။ နောက်ပြီး ဧည့်သည်ပရိတ်သတ်များစားဖို့ အကြော် ကြော်ပြီးလုပ်အားပေး ကုသိုလ်ယူခဲ့တယ်။ အကြော်ကတော့ ကောင်းတယ်လို့ပြောကြတယ်။ ကျွန်တော်က ကြော်ပဲ ကြော်တာ။ အကြော်မှုန့်စပ်တာ ဖျော်တာက တစ်ယောက် :D ဘာပဲ ဖြစ်ဖြစ် ကြော်တာပဲပေါ့။ ေ

Free Wav Recorder

All2WAV - သီချင်းတွေ အသံတွေကို Play လုပ်ရန် ဒါမှမဟုတ် Recording လုပ်ရန် အသုံးပြုနိုင်တဲ့ Free Ware လေးတစ်ခု ပါ။ Microphone, Internet streaming video, games (သို့) media files တို့မှအသံများကို recording ကောင်းမွန်စွာ လုပ်ပေးနိုင်ပါတယ်။ record လုပ်လို့ရလာတဲ့ format ကတော့ wav format ဖြစ်ပြီး sound quality (from 8000 Hz 8-bit Mono to 48000 Hz 16-bit Stereo) ကိုလည်း သတ်မှတ်ပေးနိုင်ပါတယ်။ screenshot တွေကို ဒီမှာ ကြည့်နိုင်ပါတယ်။ Minimum requirements: 1) Windows 95/98/ME/NT 4.0/2000/XP/2003. 2) About 3 Meg of disk space. 3) Sound card.

၃၈ ဖြာ မင်္ဂလာ (သို့) မင်္ဂလာတရားသည် ကြီးပွားခြင်း၏ အကြောင်းဖြစ်၏

ဆရာတေး က ကျွန်တော့်ကို ၃၈ ဖြာ မင်္ဂလာနဲ့ ပက်သက်ပြီး Tag လုပ်ထားတာကြောင့် ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ တရားနဲ့ ပက်သက်တဲ့ အလုပ်တွေ ဘာသာရေးအလုပ်တွေကို အခုနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပိုပြီး သက်ဝင်ယုံကြည်လာတယ်။ အရင်တုန်းကဆိုရင် မနက်မိုးလင်းတိုင်း သီချင်းဖွင့်တတ်တဲ့ ကျွန်တော်၊ အခုဆိုရင် မနက်အိပ်ယာထတိုင်း ပရိတ်ကြီး ၁၁ သုတ်ကို အမြဲဖွင့်ပြီး တရားနာတယ်။ ကျွန်တော်တို့တွေ လူ့ပြည်က ထွက်ခွာသွားရင် ရာထူးတွေ စည်းစိမ်တွေ ဥစ္စာပစ္စည်းတွေက ယူသွားလို့ မရဘူး။ တရားနဲ့ကုသိုလ်တွေကပဲ နောင်ဘ၀အထိ ပါသွားမှာ မဟုတ်လား။ နောက်ပြီး အင်္ဂါနေ့နှင့် တနင်္ဂနွေနေ့တိုင်းမှာလည်း ဘုန်းကြီးကျောင်းမှာ ပရိတ်တွေ ပဌာန်းတွေ ရွတ်ကြတယ်။ နောက်ပိုင်း လုပ်ရင်း လုပ်ရင်း စိတ်ထဲမှာ ပိုပြီး ကြည်လင်လာပြီး အေးချမ်းမှုကို ခံစားရတယ်။ တရားတော်တွေကို ဆုံးမပြသပေးတဲ့ လန်ဒန် သာသနာ့ရံသီကျောင်းက ဆရာတော် ဦးဥတ္တရ၊ ဦးသီ၊ ဦးကေ တို့ရဲ့ တရားဂုဏ်ကျေးဇူးတွေကလည်း အင်မတန်ကြီးမားပါတယ်။ အခု ၃၈ ဖြာမင်္ဂလာနဲ့ ပက်သက်ပြီး ဆရာတေးရဲ့ ဘလော့မှာ တော်တော်များများပါပြီးပါပြီ။ သူ ဖော်ပြထားတာတွေ ရေးသားထားတာတွေကလည်း တော်တော်လေးပြည့်စုံလှပါတယ်။ ကျွန်တော

Online FLV Converter

Vixy.net (online video conversion service)- YouTube movie တွေ ဒါမှမဟုတ် FLV file တွေကို ကြိုက်နှစ်သက်ရာ အောက်ပါ format တွေကို ပြောင်းလဲပေးနိုင်တဲ့ service တစ်ခုပါ။ AVI for Windows (DivX + MP3) MOV for Mac (MPEG4 + MP3) MP4 for iPod/PSP (MPEG4 + AAC) 3GP for Mobile Mp3 (Audio only) Updated: 31.July.07 http://vConvert.net မှာလည်း အသုံးပြုနိုင်ပါတယ်။ credit to: prince Tags: online video conversion , video converter , vixy.net , online converter

ခွေးဟောင်တိုင်း ကျောက်ဆောင်မပြိုပါဘူး

အခုတစ်လော မြန်မာဘလော့ဂါ အထူးသဖြင့် မန္တလေးဘလော်ဂါတို့၏ cbox များ၌ "မန္တလေးဘလော်ဂါတွေကို ကျိုင်းထောက်တပ်တဲ့ ကိုယ်တော်တွေ စောင့်ကြည့်နေကြပြီ၊ သတိထားကြပါ" ဟုဆိုပြီး လူတစ်ယောက် ၀င်ဝင်အော်သွားတာ တွေ့နေရပါတယ်။ IP address ကိုကြည့်လိုက်တော့ UK ကဖြစ်နေတယ်။ ယုံတောင် မယုံချင်ဘူး။ သူက UK မှာရှိတာ ဘယ်နှယ့်ကြောင့် မန္တလေးက အကြောင်းတွေကို သိနေရတာလည်း ? စဉ်းစားစရာ။ နောက်ပြီး တစ်ခုရှိတာက ... ip address ဆိုတာက အခုနောက်ပိုင်း နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ip တွေကို ပလီပြီး ပြောင်းထားလို့ရပါတယ်။ ဥပမာ ... Hide IP လို software တွေကိုသုံးပြီး ၀င်မယ်ဆိုရင်တော့ အဲဒီလူရဲ့ original ip ကိုသိဖို့မလွယ်ပါဘူး။ အဲဒါကြောင့် ဘယ်ဟာမှ ပုံသေတော့ တွက်ထားလို့ မရနိုင်ပါဘူး။ ထားပါလေ။ အဓိက ပြောချင်တာကတော့ ဘလော့ဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့နေရာ၊ ကျိုင်းထောက်တပ် ကိုယ်တော်တွေ စောင့်ကြည့်နေတိုင်းသာ ဘလော့မရေးရဘူးဆိုရင်တော့ ငုတ်တုတ်မေ့ရုံပဲ ရှိတော့မပေါ့။ ဘလော့ဆိုတာ ကိုယ့်ရဲ့ စိတ်ဖြေရာ၊ နည်းပညာဖြန့်ဖြူးရာ၊ ပညာဆည်းပူရာ စသည်ဖြင့် လိုသလို အသုံးပြုနိုင်တဲ့ အင်တာနက်ပေါ်က နေရာလေးပါ။ သတိပေးတာတွေ ခြိမ်းခြောက်တာတွေကိုတော့ ဘယ်သူမှ လ

Happy Birthday Ju Ju

သူငယ်ချင်း Ju Ju ... ဒီနေ့မှာ ကျရောက်တဲ့ မင်းရဲ့မွေးနေ့မင်္ဂလာရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး ဘ၀ရဲ့ အောင်မြင်မှုပန်းတိုင်ကို မလွဲသေ ဧကန်မုတ်ချရောက်အောင် ကြိုးစားအားထုတ်နိုင်တဲ့ လူတော်လူကောင်းတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ [ ဘဲ ချောချောလေးလည်း ရပါစေ :P ... မုန့်ကတော့ ပြီးမှစားတော့မယ် :D ] Tags: friend's birthday , birthday , remembrance

Mandalay and Bloggers

ဒီနေ့ မန္တလေးမှာ Everything is Bloggable ဆိုတဲ့ seminar နဲ့အတူ ဘလော်ဂါတွေ ဆုံဆည်းတဲ့ပွဲလေးတစ်ခု လုပ်ခဲ့ကြပါတယ်။ မန္တလေး အခြေစိုက် ဘလော့ဂါတော်တော်များများ တက်ရောက်ကြတာတွေ့ရပါတယ်။ တကယ်ကို ပညာရတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့သလို ပျော်ရွှင်စရာကောင်းတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီပွဲက ဓာတ်ပုံတွေကို ကြည့်တော့ ကျွန်တော့်ဆရာ နှစ်ယောက်ဖြစ်တဲ့ ဆရာတုံ ၊ ဆရာစစ်ကိုင်း တို့နှင့်အတူ အွန်လိုင်းမှ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းများကိုလည်း တွေ့လိုက်ရပါတယ်။ မန္တလေးဘလော့ဂါတွေက တကယ့်မင်းသား မင်းသမီးတွေဆိုတာ ဓာတ်ပုံတွေ့မှပဲ သိတော့တယ် :) ကျွန်တော်မန္တလေးမှာ ရှိရင်တော့ အဲဒီပွဲလေးကို တက်မိမှာ မလွဲမသေပါပဲ။ ဟိုတစ်လောက ရန်ကုန်မှာ ဘလော့ဂါ မီတင်တွေလုပ်တုန်းကလည်း စိတ်ထဲမှာ သွားချင်စိတ်တွေဖြစ်နေမိတယ်။ အွန်လိုင်းမှာ ခင်မင်ခဲ့ရတဲ့သူတွေကို အပြင်မှာတွေ့ပြီး ရင်းရင်း နှီးနှီး စကားပြောချင်စိတ်လည်း ဖြစ်ပေါ်မိပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် Blogger တွေ Forumer တွေကြားမှာ ရင်းနှီးမှုတွေ ပိုမို ရရှိသွားလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ကျွန်တော်တို့ ယူကေမှာတော့ အားလုံးပေါင်းလိုက်လို့ ဆယ်ဂဏန်းလောက်ပဲ ရှိပါတယ်။ ကျွန်တော်တကယ်အပြင်မှ

Anyway - မည်သို့ပင်ဖြစ်စေ

ဆရာဖေမြင့်ရေးသားသည့် "စာဖတ်သမား၏ မှတ်စုများ" စာအုပ်မှ ကျွန်တော်နှစ်သက်သည့် ဘ၀လမ်းညွှန် ဒဿာနတစ်ခုကို (English/Myanmar) နှစ်ဘာသာလုံးဖြင့် မျှဝေချင်ပါတယ်။ ဖတ်ရှူ့ရုံတင်မကပဲ စဉ်းစားဆင်ခြင်ကြည့်စေချင်ပါတယ်လို့ ဆရာဖေမြင့်က တိုက်တွန်းရေးသားထားပါတယ်။ Anyway ("The Paradoxical Commandments " was written by Dr. Kent M. Keith in 1968.) People are unreasonable, illogical and self-centered. Love them anyway. If you do good, people will accuse you of selfish ulterior motives, Do good anyway. If you are successful, you will win false friends and true enemies. Succeed anyway. Honesty and frankness make you vulnerable. Be honest and frank anyway. The good you do today will be forgotten tomorrow. Do good anyway. The biggest people with the biggest ideas can be shot down by the people with the smallest minds. Think big anyway. People favor underdogs but follow only top dogs. Fight for some underdogs anyway. What you spend years building may be destroyed overnight. Build anyway. Give t

Dictionary Extensions for Firefox

Internet ကနေ ကျွန်တော်တို့ နေ့စဉ်နှင့်အမျှ အချက်အလက်တွေကို ရှာဖွေ ဖတ်ရှူ့ မှတ်စုလုပ်နေကြရပါတယ်။ "သတင်းစာတစ်ရက် မဖတ်ရင် တစ်ရက်ခေတ်နောက်ကျတယ်" ဆိုသလိုပဲ အင်တာနက် တစ်ရက်မကြည့်ရင်လည်း အဲဒီထက်ပိုပြီး ခေတ်နောက်ကျသွားမယ်တောင် ထင်ပါတယ်။ အချက်အလက်တွေရှာဖွေတဲ့အခါမှာ ကျွန်တော်တို့ အဓိကကြုံတွေ့နေရတာက English စာ အခက်အခဲပါ။ အဓိကကတော့ ကိုယ်မသိတဲ့ စာလုံးပေါင်း အဓိပ္ပယ်တွေကို နားလည်ဖို့လိုပါတယ်။ အဲဒီလို အခက်အခဲတွေကို အဆင်ပြေဖို့အတွက် Dictionary တွေကို အသုံးချရပါတယ်။ Dictionary သုံးတဲ့အခါမှာ စာအုပ်နဲ့ကြည့်တာ ရှိသလို အင်တာနက်သုံးရင်းနဲ့ Online Dictionary site တွေမှာ သွားရောက်ရှာဖွေတာလည်း ရှိပါတယ်။ အခုပြောမယ့် firefox extension တွေကို သုံးမယ်ဆိုရင် စာလုံးပေါင်းတွေကို အဲလိုမျိုး တကူးတကသွားပြီး ရှာဖွေစရာ မလိုပါဘူး။ click လုပ်ရုံနဲ့ ကိုယ်သိချင်တဲ့ result ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ 1. Dict - ဒီ extension ကို install လုပ်ပြီး ရှာဖွေရတာလွယ်ကူပါတယ်။ ကိုယ်သိချင်တဲ့စာလုံးကို highlight လုပ်၊ နောက် .. right click လုပ်ပြီး ကြည့်ရုံပါပဲ။ ဥပမာ .. "blog" ဆိုတဲ့စာလုံးကို hightlight လုပ်ပြီး right cl

၆၀ နှစ်မြောက် အာဇာနည်နေ့

ဒီနေ့ဟာ မြန်မာပြည်မှာဆိုရင် အစိုးရ ရုံးပိတ်ရက် တစ်ရက်ဖြစ်သလို ပြန်စဉ်းစားကြည့်မယ်ဆိုရင် ၀မ်းနည်းအောက်မေ့ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ မနှစ်က ဒီလိုအချိန် မန္တလေးမှာတော့ အာဇာနည်နေ့ကိုဂုဏ်ပြုတဲ့ အလွမ်းမိုးတွေ ရွာနေပါတယ်။ ဒီနေ့ဟာ မှတ်မှတ်ရရ မန္တလေးနဲ့ဝေးကွာခဲ့တာ တစ်နှစ်နဲ့တစ်လ ပြည့်တဲ့နေ့ပါ။ ဒီလိုနေ့မျိုးမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို သတိရ ၀မ်းနည်းကြေကွဲသလို ကိုယ်နဲ့ဝေးကွာနေတဲ့ ကိုယ့်မြေကိုယ့်ရေကိုလည်း သတိရမိပါတယ်။ ငယ်ငယ်တုန်းကတော့ အာဇာနည်နေ့ဆိုတာ ကျောင်းပိတ်လို့ပျော်နေခဲ့တယ်။ အသက်နည်းနည်းကြီးလာတော့ လေးပြုတာတွေ အာဇာနည်ကြီးတွေကျဆုံးခဲ့တာတွေကို သိလာတယ်။ နောက်ပိုင်းကျတော့ ဘယ်လို ရက်ရက်စက်စက် လုပ်ကြံခံခဲ့ရတယ်ဆိုတာတွေကိုပါ ကျယ်ကျယ်ပြန့်ပြန့်သိလာတော့ စိတ်ထဲမှာ လုပ်ကြံခဲ့တဲ့သူတွေကို စက်ဆုပ်ရွံရှာမိသလို ဖြစ်မိတယ်။ ဒါလည်း လူတိုင်းနီးပါးတော့ ဖြစ်ကြမှာပါ။ အဲဒီအကြောင်းတွေကို ကျွန်တော်ဒီနေ့တွေးတောနေရင်း စိတ်ထဲမှာ ခံစားမိနေတာလေးတွေကို သူငယ်ချင်းတွေကို အသိပေးချင်တယ်ဗျာ။ ကျေးဇူးကန်းခြင်း - "တစ်လုပ်စားဖူး သူ့ကျေးဇူး"ဟု ဆိုပါလျှင် ကိုယ့်တိုင်းပြည်ကို သူ့ကျွန်ဘ၀က လွတ်မြောက်အောင် စွမ်းဆောင်ပေး

Operal - Speed Dial

Speed Dial ဆိုတာကတော့ Opera Browser မှာ ကိုယ်ကြိုက်တဲ့ website တွေကို quick access လုပ်ပေးနိုင်တဲ့ service တစ်ခုပါပဲ။ Tab အသစ်တစ်ခုကို ဖွင့်တိုင်း ဖွင့်တိုင်း အဲဒီ speed dial page လေး ပေါ်လာမှာပါ။ အဲဒီ page မှာ လေးဒေါင့် Thumbnail ကွက်လေး ကိုးခု (3x3) ရှိပါတယ်။ အဲဒီအကွက်တွေထဲမှာ ကိုယ်ကြိုက်တဲ့ website address တွေကို drag and drop လုပ်ပြီး ဆွဲထည့်ထားလို့ရသလို မကြိုက်ရင်လည်း ပြန်လည် ရှင်းလင်းရေးလုပ်နိုင်ပါတယ်။ အဲဒီ အကွက်လေး ကိုးခုကို Control key + 1 ကနေ Control key + 9 အထိ ထိန်းထားပါတယ်။ ပထမဆုံးအကွက်ကို ဖွင့်ဖို့အတွက် ctrl +1 ကို သုံးရပါတယ်။ နောက် အစဉ်အလိုက်အတိုင်းပေါ့။ ဒုတိယအကွက်ဆိုရင် ctrl + 2 ကိုသုံးပြီး ဖွင့်နိုင်ပါတယ်။ တကယ်တော့ Bookmark ပုံစံမျိုးပါပဲ။ ဒါပေမဲ့ browser ဖွင့်တိုင်း ကိုယ်ကြိုက်တဲ့ page ကိုးခုကတော့ အမြဲပေါ်အောင် လုပ်ထားပေးနိုင်ပါတယ်။ speed dial နဲ့ပက်သက်တဲ့ presentation ကိုကြည့်လိုက်ရင် ပိုပြီး နားလည်သွားပါလိမ့်မယ်။ ကျန်းမာပျော်ရွှင်ပါစေ Tags: speeddial , opera speeddial

USB Dancing Robot

ကွန်ပျူတာထဲမှာ သီချင်းတစ်ပုဒ်ကိုဖွင့်ပြီး သီချင်းအလိုက်အတိုင်း Dacne လေးတွေကို ကြည့်ချင်တယ်ဆိုရင်တော့ USB Dancing Robot လေးက ကူညီပါလိမ့်မယ်။ ရောင်းဈေးကတော့ 25$ပါ။ အထူးသဖြင့် Dance တို့ Techno တို့လို Music တွေနဲ့ ပိုမိုလိုက်ဖက်မယ်ထင်ပါတယ်။ မြန်မာသီချင်းကြီးတစ်ပုဒ်ဖွင့်ပြီး Robot ဘယ်လို က မလဲဆိုတာကတော့ စဉ်းစားစရာပါ Robot နဲ့ပက်သက်တဲ့ Description တွေကိုတော့ USBGeek မှာ ဖတ်ရှူ့နိုင်ပါတယ်။ အဲဒီsiteလေးဟာ USB နဲ့ပက်သက်တဲ့ product တွေ Technology တွေကိုပဲ ဦးစားပေးရေးသားထားတဲ့ site တစ်ခုဖြစ်ပြီး products တွေကို Online ကနေလည်းဝယ်ယူနိုင်ပါတယ်။ Tags: usb dancing robot , dancing robot , usb robot

How to access Gmail When it is blocked

ပုံမှန် Login လုပ်နေကျ Address (http://mail.google.com) အစား https://mail.google.com ကို ပြောင်းသုံးကြည့်ပါ။ အဲဒါမှ မရသေးရင်တော့ အောက်ပါ လိပ်စာများကို အသုံးပြုကြည့်ပါ။ http://www.gmail.com or https://www.gmail.com http://gmail.com or https://gmail.com http://m.gmail.com or https://m.gmail.com http://googlemail.com or https://googlemail.com http://mail.google.com/mail/x/ or https://mail.google.com/mail/x/ အထက်ပါ လိပ်စာများနဲ့ အဆင်မပြေရင်တော့ Gmail lite install လုပ်ထားတဲ့ webpage တွေကို အသုံးပြုပါ။ e.g http://psd.boxing.free.fr/gmail/ နောက်ဆုံးနည်းလမ်းအနေနဲ့ email program (eg. MS Outlook) တွေကို Configure လုပ်ပြီး သုံးပါ။ ဘယ်လို Configure လုပ်ရမလဲဆိုတာကိုတော့ Gmail Help Center မှာ Video Tutorial များနှင့်တကွ ၀င်ရောက်လေ့လာနိုင်ပါတယ်။ Outlook 2003 အသုံးပြုသူတွေအတွက် ဘယ်လို Configure လုပ်ရမလဲဆိုတာကို ဒီနေရာမှာ ကြည့်ရှူ့နိုင်ပါတယ်။ ကျန်ခဲ့တဲ့ နည်းလမ်းလေးတွေလည်း ရှိဦးမှာပါ။ ဒါတွေကတော့ ကျွန်တော်သိသလောက်ပါပဲ။ အဲဒီ အထက်ပါနည်းလမ်းတွေနဲ့မှ မရလဲ Gmail ဆိုတာကြီးကို မေ့လိုက်ပါတော့။ Tags: blo

OctroTalk (or) A Window Mobile Version of GTalk

Window Mobile Smart Phone နှင့် Window Pocket PC တို့မှတဆင့် ကိုယ့်ရဲ့သူငယ်ချင်းတွေရှိတဲ့ Gtalk, Yahoo Messenger, MSN/Windows Live, AIM တို့ကို လှမ်းပြီး ဆက်သွယ် (chat and talk) ချင်တယ်ဆိုရင် အသုံးပြုနိုင်တဲ့ application တစ်ခုပါ ။ တစ်ကြိမ်ထဲမှာ သူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့ multiple conversation လုပ်နိုင်တဲ့အပြင် p2p (peer-to-peer) file transfer နှင့် folder sharing တွေကိုလည်း လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ နောက်ထပ် ကျန်တဲ့ features တွေကတော့ Complete VOIP product. Access to PSTN. Supports Low Bandwidth Codec (even works with EDGE/GPRS/CDMA). Streamlined UI. Optimized for one-handed operation. Today Screen on Pocket PC. Home Screen support for Smartphone. Low CPU usage. Only VOIP product that works on Treo 700w (300 MHz processor). Message Archiving in your GMail Account. Access your computer remotely. Install OctroTalk for Windows on your desktop, and share a folder with OctroTalk on your Mobile. Support for GroupChat/Conferencing. OctroTalk lets you create/join Jabber conference rooms. Be

ရတနာပုံကျောင်းသား နှင့် ကွန်ပျူတာကျောင်းသူ

Multiply.com မှာ Account ဖွင့်ထားတာတော့ကြာပါပြီ။ သိပ်ပြီး မ၀င်ဖြစ်ဘူး။ ဒီနေ့ဝင်ကြည့်တော့မှ invite တစ်ခုကိုတွေ့တယ်။ ကြည့်လိုက်တော့ Myanmar Muzic Group တဲ့။ Accept လုပ်ပြီး ကြည့်လိုက်တာ .. အားပါး .. နည်းတဲ့ Album တွေမဟုတ်ဘူး။ Page ပေါင်း 35 ခု (သီချင်းပေါင်း 3000) လောက်ရှိတယ်။ မြန်မာသီချင်းတွေ သီးသန့်ပါပဲ။ တစ်ချို့ Music Site တွေမှာ မရှိတဲ့ သီချင်းတွေလည်း အဲဒီ site မှာ ရှိပါတယ်။ site ရဲ့ လိပ်စာက http://mmuzicgroup.multiply.com/ ပါ။ ကျွန်တော်လည်း အားရင် သီချင်းတွေပဲနားထောင်တတ်တော့ သီချင်းတွေကို Page တစ်ခုပြီးတစ်ခု လိုက်ရှာတယ်။ အဲဒီမှာ Mandalay Hip Hop Album ဆိုတဲ့ Album ကိုသွားတွေ့တယ်။ ဘယ်သူတွေ ဆိုထားသလဲဆိုတာရယ် သီချင်းနာမည်တွေရယ် မပါဘူး။ Album တွေထဲက တစ်ပုဒ်ပြီး တစ်ပုဒ်နားထောင်လိုက်တာ Track No.13 ကို တော်တော်လေးကြိုက်သွားတယ်။ အထူးသဖြင့် မန္တလေး ရတနာပုံ တက္ကသိုလ်က ကျောင်းသားတွေ ပိုကြိုက်ကြမယ်ထင်ပါတယ်။ ကွန်ပျူတာ တက္ကသိုလ်မှာ ချစ်သူ ရည်းစားရှိနေသူ ဆိုရင်တော့ ပိုပြီး ကြိုက်သွားပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတာ သိချင်ရင်တော့ သီချင်းလေးကို နားဆင်ကြည့်လိုက်ပါ

1st July and 7th July

London - HammerSmith Station မှာ ကပ်ထားတဲ့ ကြော်ငြာတွေပါ။ ပထမပုံကတော့ 1st July ကစပြီး Public Area တွေမှာ ဆေးလိပ်သောက်ခွင့် မရှိတော့ဘူး ဆိုတာ သတိပေးထားတာပါ။ ဒဏ်လည်းရိုက်မယ်လို့ ကြော်ငြာထားပါတယ်။ လမ်းတွေမှာတော့ သောက်ခွင့်ရှိပါသေးတယ်။ Club တွေ Station တွေမှာတော့ သောက်ခွင့် မရှိတော့ပါဘူး။ တစ်ဘက်ကပြန်ကြည့်ရင်တော့ ဆေးလိပ်ကြိုက်သူများ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့။ ဒုတိယပုံကတော့ ဒီနေ့ရိုက်လာတာပါ။ 7th July မတိုင်ခင်က ကပ်ထားတာလား ပြီးမှ ကပ်တာလားဆိုတာ မမှတ်မိပေမဲ့ 7th July နဲ့တော့ ဆက်စပ်နေပါတယ်။ အခုတလော ဒီနှစ် 7th July ကတော့ London ဗုံးဖောက်ခွဲမှု 2 နှစ်ပြည့်တာပါ။ Security တွေကိုလည်း တိုးပြီးတော့ ချထားတာတွေ့ရပါတယ်။ အထူးသဖြင့် Central London (Zone 1) လို နေရာမျိုးတွေမှာပေါ့ (ဖောက်လို့ ကောင်းတာကိုး)။ ဗုံးကိုကိုများ အဓိက Target ထားတဲ့ ရထားလိုင်းက Central Line ပါ။ ကျွန်တော်လည်း အလုပ်သွား ကျောင်းသွားရင် Central လိုင်းပဲ စီးနေရတာဆိုတော့ ... အင်း ... မျက်ခုံးတော့ ခပ်လှုပ်လှုပ်ပဲ။

လူ့အရည်အချင်း

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ရေးသားတော်မူသော "အောင်ပွဲဆင်မယ့် ခြေလှမ်းများ နှင့် မထေရ်မြတ်တို့ စကားဝိုင်း (၅)" စာအုပ်မှ ကြိုက်နှစ်သက်မိသော ဒဿနတစ်ချို့ကို မျှဝေလိုက်ပါတယ်။ "သေချင်တဲ့ကျား တောပြောင်း" ဆိုတာ ရှိသလို "တစ်ရွာမပြောင်း သူကောင်းမဖြစ်" ဆိုတာလည်း ရှိတယ်။ "သွားပါများ ခရီးရောက်" ဆိုတာ ရှိသလို "ခရီးသာတွင် ရွာစဉ်မမှတ်မိ" ဆိုတာလည်း ရှိတယ်။ အရေးကြီးဆုံး လူ့အရည်အချင်း ဆိုတာ သူကောင်းဖြစ်အောင် ခရီးရောက်အောင် ဆင်ခြင် လုပ်ဆောင်နိုင်စွမ်းပဲ။

တ၀က်ပြည့်နေသလား ... လျော့နေသလား

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားတဲ့ "စိတ်နှလုံး ရွှင်လန်းစေဖို့" စာအုပ်မှ ကြိုက်နှစ်သက်မိတဲ့ စာသားလေးတွေ အတွေးအခေါ်လေးတွေကို ပြန်ပြီး မျှဝေလိုပါတယ်။ ရေခွက်ထဲမှာ ရေတ၀က်ထည့်ထားတာ မြင်တဲ့အခါ တစ်ယောက်က "ရေခွက်ထဲမှာ ရေတ၀က် လျော့နေတယ်" လို့မြင်တယ်။ နောက်တစ်ယောက်က "ရေခွက်ထဲမှာ ရေတ၀က် ပြည့်နေတယ်"လို့ မြင်တယ်။ ဘယ်သူ့အမြင် မှန်သလဲ၊ နှစ်ယောက်လုံး မှန်ပါတယ်။ ဒါပေမယ့် "ရေခွက်ထဲမှာ ရေတ၀က်ပြည့်နေတယ်"လို့ မြင်တဲ့သူက အကောင်းမြင်တတ်လို့ စိတ်ချမ်းသာတယ်။ "ရေခွက်ထဲမှာ ရေတ၀က် လျော့နေတယ်"လို့ မြင်တဲ့သူက အဆိုးကိုမြင်လို့ စိတ်မချမ်းသာဘူး။ ရသလောက်ကိုလက်ခံပြီး နောက်ထပ်ရဖို့ ဆက်ကြိုးစားသင့်တယ်။ အခုရသလောက်ကို စိတ်မချမ်းသာတဲ့သူဟာ နောက်ထပ်ရလာလဲ တကယ်စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး။ "လောဘရဲ့ သဘာဝဟာ ဘယ်လောက်ရရ နဲသေးတယ် ထင်တာပဲ။" ခွက်အပြည့် ရလာရင်လဲ ခွက်ကြီးကြီးထဲပြောင်းပြီး လောင်းထည့်လိုက်ရင် တ၀က်ရှိမှာပဲ။ ထည့်တဲ့ခွက်က ပိုကြီးလာလေ ပြည့်ဖို့မလွယ်လေပဲ။ ရသလောက်နဲ့ စိတ်ချမ်းသာအောင် နှလုံးသွင်းပြီးတော့ နောက်ထပ် ရနိုင်သလောက် စိတ်ချမ်းချမ်းသာသာနဲ့ ကြိုးစားနိုင်မှေ

ဝမ်းနည်းကြေကွဲခြင်း

သူငယ်ချင်း နိုင်နွေးအောင်၊ ကိုနောင်တို့၏ ချစ်လှစွာသောမိခင် (ဒေါက်တာ ဒေါ်သန်းမေစီ) သည် စနေနေ့ (၃၀ရက်) တွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားကြောင်း သိရသည့်အတွက် မိသားစုနှင့်အတူ ထပ်တူထပ်မျှ ၀မ်းနည်းကြေကွဲရပါတယ်။