Skip to main content

Posts

Showing posts from June, 2008

Bookstalls under Waterloo bridge

Waterloo Bridge ရဲ့အောက်မှာ တည်ရှိပြီး စာအုပ်ကောင်းတွေရော အဟောင်းတွေရော ဈေးချိုချိုနဲ့ ၀ယ်လို့ရနိုင်တဲ့နေရာလေးတစ်ခုပါ။ စာအုပ်တွေအပြင် ပန်းချီကားတွေကိုလည်း ရောင်းချနေတာ တွေ့ရပါတယ်။ စာဖတ်ဝါသနာပါသူ၊ စာအုပ်စုဆောင်းသူတွေအတွက် အကြိုက်တွေ့စရာနေရာလေးတစ်ခုပါ။ ဒီစာအုပ်ဈေးလေးကို မြင်တော့ ကျွန်တော်တို့ ရွှေမန္တလေးရဲ့ ဈေးချိုညဈေးတန်းကိုလည်း သတိရမိတယ်။ ဈေးချိုညဈေးတန်းမှာလည်း စာအုပ်အဟောင်းတွေကို ဈေးပေါပေါနဲ့ ရှာဖွေဝယ်ယူလို့ရပါတယ်။ စာဖတ်ဝါသနာပါသူတွေအတွက် စာအုပ်တိုက်တွေ စာအုပ်ဆိုင်တွေမှာ စာအုပ်ရှာလို့မရတော့ရင် ဈေးချိုညဈေးတန်းကို ပြေးရပါတယ်။ အဲဒီမှာမှ မရရင်တော့ ရဖို့ရာ သိပ်ပြီး မသေချာလှတော့ပါ။ ကွန်ပျူတာသင်တန်းတက်တုန်းက သူငယ်ချင်းတွေနဲ့အတူ ညဘက် ဗိုက်ဆာရင် ဈေးချိုညဈေးတန်းဘက်ကို သွားပြီး မုန့်စားကြတယ်။ ညဈေးတန်းမှာ အကြိုက်ဆုံးကတော့ ၀က်သားဒုတ်ထိုး။ ဆိုင်နာမည်က ဦးလေးကြီး။ တစ်ခါတစ်ခါစားရင် အဆုံးမသတ်နိုင်ပဲ ဈာန်ဝင်သွားပြီး ရှစ်ရာ တစ်ထောင်ဖိုးလောက် ထိရောက်ရောက်သွားတယ်။ ရောက်လဲ ရောက်သင့်ပါတယ် ... အသီးမှာ သရက်၊ အသားမှာ ၀က် မဟုတ်လား။ နောက်တစ်ခုကျန်တာက အသားမှာ လက်ဖက်။ ဈေးချိုဘက်ရောက်လို့ လမ်းကြုံရင် သူ

HDR Photos with Photomatix

ဓာတ်ပုံတွေကတော့ သိမ်းစ်မြစ်တလျောက် လမ်းတွေလျှောက် ကင်မရာတစ်လုံးနဲ့ တစ်ဖျောက်ဖျောက် ရိုက်ထားတာပါ။ သွားခဲ့တာ ကြာပါပြီ။ အခုမှ စိတ်ကူးပေါက်ပြီး HDR photo ပြုလုပ်နည်းကို လေ့လာရင်းနဲ့ တင်ဖြစ်သွားတာပါ။ HDR photo ဖန်းတီးရယူနည်းကို စိတ်ဝင်စားစွာနဲ့ အခုထိ လေ့လာနေဆဲပါ။ ဓာတ်ပုံပညာနဲ့ ပက်သက်ရင် စလုံးရေ စ မှာသာ အဆင့်ရှိတဲ့အတွက် HDR နဲ့ပက်သက်ပြီး အသုံးဝင်တဲ့ site အချို့ကိုပဲ မျှဝေပေးလိုက်ပါရစေ။ Discussing What is HDR in HDR by Flickr The Future of Digital Imaging by Jon Meyer How to create HDR Photos by abduzeedo ဓာတ်ပုံပညာဖြင့် ဘ၀ရဲ့ အမှတ်တရ ပုံရိပ်များကို ပြောင်မြောက်စွာ ဖန်းတီးနိုင်ပါစေ :)

လန်ဒန် ပုံပြင်

လန်ဒန်မြေပဲယိုတော့ မဟုတ်ဘူး ... ဇာတ်ကားနာမည်က လန်ဒန် ပုံပြင်တဲ့ ... လောလောဆယ်တော့ Trailer ပဲကြည့်ရသေးတယ်။ ကိုယ်ရောက်နေတဲ့ အရပ်ဒေသ၊ ပတ်ဝန်းကျင် လူတွေအကြောင်းပါနေတော့ ဇာတ်လမ်းအပြည့်အစုံကိုတော့ ကြည့်ချင်စိတ် ဖြစ်နေမိတယ်။ Trailer ကြည့်ရသလောက် ရိုက်ထားတဲ့ ရိုက်ချက်နဲ့ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်က အကောင်းကြီးမဟုတ်တောင် အလယ်အလတ်လောက်မှာ ရှိပါတယ်။ ဇာတ်လမ်းအပြည့်အစုံတွေ့ရင်လည်း လက်တို့ပါဦး :)

မွေးနေ့ရှင်ကို တမ်းတနေတဲ့ မွေးနေ့ပွဲလေးတစ်ခု

မနေ့က အန်တီစုရဲ့ မွေးနေ့ပွဲလေးကို ရောက်ဖြစ်ခဲ့ပါတယ်။ မွေးနေ့ရှင်မတက်ရောက်နိုင်ပေမယ့် မွေးနေ့ရှင်အတွက် အမှတ်တရဆုတောင်းကဗျာများ၊ သီချင်းများဖြင့် လန်ဒန်ရောက် မြန်မာများက ဆုတောင်း ဂုဏ်ပြုခဲ့ကြပါတယ်။ အန်တီစု သက်ကျော်ရာကျော်ရှည်ပြီး အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ။

စဉ်းစဉ်းစားစားလည်းလုပ်ပေါ့ ကိုရင်ရယ်

ပြောချင်ရေးချင်လွန်းလို့ သူငယ်ချင်း ကွန်ပျူတာငှားပြီး တင်လိုက်တာ။ စိတ်ထဲ မနေနိုင်တော့လို့။ ကိုရင်ဆိုတာက Common name တစ်ခု သုံးလိုက်တာပါ။ ကိုရင် ... နာမည်ကြီးချင်တိုင်း လျှောက်လုပ်မနေနဲ့။ နာမည်ကြီးချင်ရင် တုံးလုံးချွတ်ပြီး မြို့ထဲမှာလျောက်သွားလည်း နာမည်ကြီးတယ်။ စဉ်းစဉ်းစားစားလည်း လုပ်။ နှလုံးသားနဲ့ ခံစားစာနာပြီး စဉ်းစား၊ ဦးနောက်နဲ့ အလုပ်လုပ်။ ကိုယ့်ကိုကိုယ် ဟုတ်လှပြီဆိုပြီးတော့လည်း Overconfidence ဖြစ်မနေနဲ့ဦး။ ထိုင်နေရင်အကောင်းသား ထသွားမှကျိုးမှန်းသိတယ်ဆိုတဲ့ စကားလိုပဲ လုပ်စရာမရှိရင်လည်း ငြိမ်ငြိမ်လေး တစ်ခုခုလုပ်ပြီးနေလိုက်။ ထသွားမှ ကျိုးကန်းပြီး သေနေဦးမယ်။ စုံစမ်းမေးမြန်းခြင်း သီးခံပါ။

Myanmar Cyclone Relief Fund Raising Event

မန်းဘလော့ မိတ်ဆက်

အခုတလော ဘာရယ်ကြောင့်မသိ စိတ်ထဲမှာ နည်းနည်းထွေနေတာရယ်၊ ကွန်ပျူတာ ခဏခဏပျက်နေတာရယ်ကြောင့် ဘလော့ကို နေ့တိုင်းလည်း Update မလုပ်ဖြစ်၊ သူများဘလော့တွေကိုလည်း သွားမဖတ်ဖြစ်ဘူး။ ဒါပေမဲ့ ၀ါသနာတူတဲ့ ဘော်ဒါတွေနှင့် မန္တလေးဘလော့တွေကိုတော့ ရောက်ဖြစ်ပါတယ်။ အခုလည်း မန္တလေးက သူငယ်ချင်းတစ်ယောက်ရဲ့ ဘလော့ကိုဖတ်မိရင်း ဒီပို့စ်လေး ဖြစ်လာတာပါ။ သူ့ဘလော့မှာတော့ ဒီလိုဖော်ပြထားပါတယ်။ ဘလော့နာမည် - လွမ်းတယ် မန်းရယ် ရေးသားသူ - ကိုပေါက်ကျိုင်း (SG) - မြန်မာပြည်မှ ခြင်္သေ့မြို့ဆီ အလုပ်လာလုပ်သော ငနဲလေး အရေးအသား ရှင်းလင်းပြီး ထိထိရောက်ရောက်ရှိလှပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် သွားရောက် ဖတ်ရှူနိုင်ပါတယ်။ စကားမစပ် ... ကျွန်တော် တစ်ပတ်၊ ဆယ်ရက်လောက် ပျောက်နေပါလိမ့်ဦးမယ်။ အကြောင်းကတော့ ကွန်ပျူတာ ကလိခြင်း များလွန်းသွားပြီး Service Center သို့ သွားရောက်ပို့ထားရမည့် အတွက်ကြောင့်ဖြစ်ပါတယ်။ ကြုံရာအရပ်မှ အင်တာနက် တက်ဖြစ်ခဲ့ရင်တော့ ပြန်ပြီး ဆက်သွယ်ပါ့မယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ အစဉ်လေးစားလျှက် CMS