Skip to main content

Posts

Showing posts from January, 2007

ထမနဲ

စားရကံပါလို့ မုတ်ဆိတ်ကျားဆွဲတယ် .. အဲလေ ..ပျားဆွဲတယ် ပြောရမလားပဲ ဟိဟိ ဒီနေ့ ဘေးအခန်းက အသိတစ်ယောက်က ထမနဲလာပေးတယ်ဗျာ။ Wembly ဘုန်းကြီးကျောင်းမှာ ဒီနေ့ထမနဲပွဲရှိလို့ ယူလာတာတဲ့။ ကျွန်တော်တော့ သိတောင်မသိဘူး။ ကိုယ့်ဘာသာကိုယ် စာလုပ်နေတာ (အကြောင်းပြတာ ) ဓာတ်ပုံတော့ရိုက်ပြီး ဒီမှာတင်ချင်ပါရဲ့ ဒါပေမဲ့ ကျွန်တော်မျိုးဘလော့က အခုတော့လည်း လည်ပင်းကို နှစ်ပိသာအလေး ချိတ်ပေးထားသလို လေးနေတာကြောင့် မတင်တော့ဘူး။ စားချင်တဲ့သူများလည်း သရေကျခြင်း ဒုက္ခမှ ကင်းဝေးသွားတာပေါ့ ထမနဲက ကောင်းတော့ ကောင်းတယ်ဗျ ဒါပေမဲ့ မန်းလေးက ဒေါ်ရှိ ထမနဲကိုတော့ မမှီဘူး။ ၈၂ လမ်း ၃၃နှင့် ၃၄ ကြားကလေ။ မစားဖူးရင် သွားစားကြည့်။ ( ဟင်း ... ကိုယ့်ဘက် ကိုယ်ယက် ကိုယ့်ငါးချဉ် ကိုယ်ချဉ် နေပြန်ပြီ ) သူများတွေ မပြောခင် ကြိုပြောထားတာ

Window Vista & MAC

Window Vista

LONDON EYE

သွားမယ်သွားမယ်နဲ့ မရောက်သေးဘူး။ တစ်ခါကတော့ ရောက်ပါရဲ့ လူတွေ အရမ်းများနဲ့လို့ စိတ်ညစ်ညစ်နဲ့ မတက်ဖြစ်ခဲ့ဘူး။ အခုလည်း မတက်ရသေးပါဘူးလေ။ အင်တာနက်ထဲက ဓာတ်ပုံတစ်ပုံတွေ့တော့မှ သွားချင်စိတ်ပေါက်ပေါက်နေပြန်ရော။ ဓာတ်ပုံမှာပါတဲ့ View ကတော့ တော်တော်လေး လှတယ်။ လန်ဒန်ကို BirdEyeView နဲ့ကြည့်ရတာ မိုက်တယ်။ တကယ် သေသေချာချာကြည့်တော့လည်း ရှေးမြို့ကြီးတစ်မြို့ပါပဲလေ။ ဘာမှတော့ သိပ်မဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာမှာ ဆိုရင် မန်းလေးက နန်းမြင့်မျှော်စင်တို့ မေမြို့က မျှော်စင်တို့နဲ့ သိပ်တော့မကွာပါဘူးလေ။ ရှူ့ခင်းပဲ ကွာတာပေါ့ :) ဓာတ်ပုံကြည့်လိုက်ရင်ကိုပဲ တော်တော်လေး အားပါးတရ ရှိသွားလိမ့်မယ်လို့ထင်ပါတယ်။ ဒီမှာတင်ထားတာပေါ့ ပုံအသေးပါ။ Orginal Size က 3000x2000 ရှိပါတယ် :) ( လိုချင်ရင် ပုံအသေးကိုသာ Click လိုက်ပါ )Wallpaper လည်း လုပ်လို့ရတာပေါ့။ 2in1 ဆိုတာ ဒါမျိုးပေါ့နော်။ ရှူ့ခင်းလည်း ကြည့်လို့ရ ကွန်ပျူတာအတွက်လည်း သုံးလို့ရ။ ဒီ့ထက်ဂွတ်တာတောင် ဒီလောက်ဂွတ်မှာ မဟုတ်ဘူး။ သြော် ဒါနဲ့ သူ့ဆိုဒ်က ဒီမှာပါ [ LondonEye ] [ စကားမစပ် ... စီဘောက်စ် Error တက်နေလို့ MESSAGE ဆိုပြီး Window အသစ်နဲ့ လုပ်ထားပါတယ်။ ပြောစရာရှိခဲ့ရင်

ဒီနေ့ဒိုင်ယာရီ

ဒီနေ့ သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးတဲ့ ရယ်ဒီမိတ်မုန်းဟင်းခါး ချက်စားတယ်။ အရမ်းကောင်း အရမ်းကျေးဇူးတင်ပါ၏ ဟိဟိ။ အခုထိ ဗိုက်ပြည့်နေတုန်းပဲ။ အုန်းနို့လေးပါ ထည့်ချက်လိုက်တော့ အနံ့လေးကောင်းသွားသလို တစ်ကိုယ်လုံးမှာ ရှိတဲ့ အကြောမျာလည်း သိပ်မလှုပ်ရှားချင်တော့ :P နောက်လဆန်းမှာ စာမေးပွဲနှစ်ခုရှိ၏။ တစ်ဘာသာကတော့ တော်တော်အုန်းကိုက်တယ်။ ဟိုဘက်လှည့်စဉ်းစားလိုက် ဒီဘက်လှည့်တွေးလိုက် လုပ်ရတဲ့ဘာသာ ... တစ်မျိုးမထင်နဲ့နော် Logic တွေပါတဲ့ဘာသာကို ပြောတာပါ :P လူတိုင်းညီးကြသည် ... ကျွန်တော်အပါအ၀င်ပေါ့။ Core Module ဖြစ်နေတော့လည်း လုပ်ရပေမည်။ လာမည့် semester တွင် အုန်းကိုက်သော် ဘာသာများနှင့်တကွ Project လည်းလုပ်ရအုံးမယ် :( ဘယ့်နှယ့်မှကို မဘယ့်နှယ့်နိုင်ပါလား ... မောင်ဖိုးချမ်း ... ဟန် ... မင်းက ဒီကြားထဲ ဘလော့ကို ကလိနေသေးတယ် ... ။ တာ့တာဗျာ

နှင်းတွေကျနေပြီ ... ပျော်စရာကြီး

ဒီနေ့နှင်းတွေကျမယ်လို့ သတင်းမှာလည်းပါထားတယ်။ ထိုင်စောင့်နေတာ မနက် ၄ နာရီလောက်မှာကျတယ်။ လမ်းမပေါ်မှာ ဖွေးနေတာပဲ .. အရမ်းမိုက်တယ်။ ဓာတ်ပုံထွက်ရိုက်လိုက်သေးတယ်။ အခုပဲ ပြန်လာတယ်။ နေရာတိုင်းမှာ ဖွေးနေတာပဲ။ အိမ်ခေါင်မိုးလေးတွေဆို ဆေးအဖြူရောင်တွေ လွှမ်းထားသလားအောင်းမေ့ရတယ်။ အခုမှ စကြုံတော့လည်း အထူးအဆန်းပေါ့။ မော်စကိုက ကိုဝေဟင် တို့အတွက်ကတော့ ဒါမျိုးက ရိုးနေပြီ :P ဒီနိုင်ငံကလူတွေကတော့ နှင်းကို မကြိုက်ကြပါ။ ရာသီဥတု ဆိုးတာရယ်၊ Travel လုပ်ရတာ အဆင်မပြေတာရယ်ကြောင့် လူမုန်းခံနေရပါတယ်။ ကျွန်တော်ကတော့ ဘာပဲပြောပြော ပျော်တယ်။ တစ်ညလုံး ထိုင်ပြီးစောင့်နေတာပဲ ကြည့်တော့။ တစ်ညလုံးတော့ ထိုင်ပြီးစောင့်ရကျိုးနပ်ပါရဲ့ ... မနက်ကျတော့ တော်တော်နဲ့ မနိုးတော့ဘူး ဟီးဟီး :P ဒါလည်း မဆန်းတော့ပါဘူးလေ။ နေ့စဉ်လုပ်နေကျ အလေ့ကျင့်တစ်ခုလို ဖြစ်နေပါပြီ။ ဒီရောက်တဲ့သူတိုင်းနီးပါးလည်း ဖြစ်ကြတာပဲ။ နှင်းကလည်း လန်ဒန်မှာ တစ်နှစ်မှ တစ်ရက်နှစ်ရက်ပဲ ကျတယ်လို့ပြောတယ်။ ပထမဆုံးအကြိမ်တော့ ကြုံဖူးလိုက်ပြီပေါ့ :) နောက်နှစ် ဘယ်လိုအချိန် ဘယ်လိုအခြေအနေမျိုးမှာ ထပ်ပြီးကျအုံးမလဲတော့ မသိဘူးပေါ့။ အဲဒီအချိန်ကျရင်တော့ ကျွန်တော်လည်း တစ်ခုခုပြောင်းလဲနေမှာေ

တစ်ခါက ... ရေကြီးတုန်းကပေါ့

ပြီးခဲ့တဲ့ မိုးတွင်းတုန်းက အထက်အညာဘက်မှာ မိုးတွေအရမ်းရွာပြီး စိတ်ညစ်စရာကောင်းလောက်အောင် ရေတွေလှိုင်လှိုင်ကြီးခဲ့ပါတယ်။ တစ်ချို့ဓာတ်ပုံတွေလည်း အင်တာနက်ဝက်ဆိုဒ်တစ်ချို့မှာ ကြည့်လိုက်ရတယ်။ ဒီဓာတ်ပုံတွေကတော့ ဟိုသွားဒီသွားလုပ်ရင်းတွေ့ခဲ့တာပါ။ ရေကြီးခဲ့တုန်းက မန်းလေးအနီးတ၀ိုက်နဲ့ ကျောက်ဆည်ဘက်မှာတော့ အဆိုးဆုံးပေါ့ဗျာ။ အစကတော့ ရေကြီးတယ်ဆိုတာ ဘာလဲပေါ့။ ဒီလောက်မရှိလောက်ဘူး မှတ်နေတာ။ ဓာတ်ပုံတွေကြည့်လိုက်ရမှ တော်တော်သိသွားတယ်။ လန့်စရာပါလား။ နောင်မှာ ဒီလိုမဖြစ်အောင် ဆုတောင်းပါတယ်။ နောက်ဆုံးတစ်ပုံကိုကြည့်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။ ဘာလို့လဲ ဆိုတာကတော့ ကြည့်တဲ့သူတိုင်း တွေးမိမယ်ထင်ပါတယ် ? [ ဓာတ်ပုံတွေကို ဘယ်ဆိုဒ်က ယူခဲ့မှန်း မမှတ်မိတော့တဲ့အတွက် ဓာတ်ပုံပိုင်ရှင် နားလည်ခွင့်လွှတ်နိုင်မယ်လို့ ထင်ပါတယ်။ သုံးပြီး နားမလည် ဖြစ်နေမှာ စိုးလို့ပါ ]

မန္တလေး ပြည်ကြီးမွန်ဖောင်တော်

ရှာဖွေလေ တွေ့ရှိလေ အစီအစဉ်အရ ဒီပုံလေးကို သွားတွေ့တယ်။ ကျွန်တော် ငယ်ငယ်တုန်းကတော့ ဒီဖောင်တော်ကြီးက မန်းလေးရဲ့ အရှေ့တောင်ဒေါင့် နေရာမှာ ရှိတာပေါ့။ အဲဒီတုန်းကတော့ အလယ်တန်းကျောင်းသားဘ၀ မနက်ပိုင်း ကျောင်းကိုသွားတိုင်း မြင်နေရတယ်။ အဲဒီထဲက စားသောက်ဆိုင်ကိုတော့ မှတ်မှတ်ရရ သုံးခါပဲ ရောက်ဖူးတယ်။ ရေပြင်ပေါ်က ဆိုင်လေးမှာ အစားသောက်စားရတာလည်း အရသာတစ်မျိုးပဲ။ မန်းလေးကျုံးကြီးရဲ့ ရေပြင်ပေါ်မှာရှိတဲ့ ပြည်ကြီးမွန်ဖောင်တော်ကနေပြီး မန်းလေးတောင်ကို လှမ်းမျှော်ကြည့်ရတဲ့ ရှူ့ခင်းကတော့ တော်တော်လေး ရှူ့မောဖွယ်ကောင်းလှပါတယ်။ အခု အဲဒီဖောင်တော်ကြီးကတော့ မန်းလေး ကန်တော်ကြီးထဲကို ရောက်ရှိသွားပါပြီ။ ဘာကြောင့် ရွှေ့လိုက်တယ်ဆိုတောတော့ ကျွန်တော်လည်း မသိပါဘူး။ အမြင်ချင်းကတော့ တော်တော်ကွာသွားပါတယ်။ ဆိုင်ကတော့ ကျုံးထဲမှာ ထားတုန်းကလောက်တော့ ရောင်းမကောင်းတော့ဘူးပေါ့။ ကန်တော်ကြီးထဲ ရောက်သွားတော့လဲ တစ်မျိုးတော့ လှနေတာပါပဲ။ မန်းလေးတောင်ကြီးကို မြင်ရတဲ့ရှူ့ခင်းကတော့ မရှိတော့ဘူးပေါ့။ တစ်ခုကောင်းတာကတော့ ကန်တော်ကြီးဘက်က ဧရာဝတီမြစ်ဘက်နဲ့လည်းနီးတော့ လေကောင်းလေသန့်တွေ ရတာပေါ့။ လတ်ဆတ်တဲ့လေနုအေးလေးတွေ ရှူရှိုက်ရင်း ပြည်ကြီးမွန်ရဲ့လက်ရာေ

Colindale ဘုန်းကြီးကျောင်းသို့ နောက်တစ်ခေါက်

မနေ့ညနေက ဘုန်းကြီးကျောင်းကို သူငယ်ချင်းတစ်ယောက်နဲ့ ထပ်ရောက်ဖြစ်တယ်။ ဒီတစ်ခါတော့ ကျောင်းထိုင်နဲ့ပါတွေ့လိုက်တယ်။ ဘုန်းဘုန်းက သဘောကောင်းတယ်။ ဘုန်းကြီးကျောင်းဆောက်ဖို့ ကိစ္စလူကြီးတွေဆွေးနွေးကြတယ်။ အဆင်တော့ မပြေသေးဘူး။ ဒီလို့ပဲ ဖြည်ဖြည်းနဲ့တော့ အဆင်ပြေသွားမှာပါ။ ဘုန်းဘုန်းက ဗုဒ္ဓနေ့ စာအုပ်ထုတ်ဖို့ ပြောတယ်။ မျက်နှာဖုံးဒီဇိုင်းတွေဆွဲပေးရမယ်တဲ့။ ကုသိုလ် ယူချင်သူ Designer များ ဆက်သွယ်ပါ အခုချက်ချင်းကြီးတော့ မဟုတ်သေးပါဘူး။ အစ်ကိုကြီး ကိုတိုးကတော့ ကူညီမယ်လို့ ပြောထားပါတယ်။ လုပ်ဖို့က လိုတော့ လိုပါသေးတယ်။ ကြိုပြီးပြောထားတာပါ။ ဒါနဲ့ စကားမစပ်ဗျာ။ ကျွန်တော့်မှာ Font တွေလိုနေတယ်ဗျာ။ ရှိတဲ့သူများ ကူညီပါအုံး။ လိုချင်တဲ့ Font က ကျုံးမြို့ရိုးတို့ ဘုရား ၂၄ ပစ္စည်းတို့ပါတဲ့ Font တွေပါ။ ဘယ်မှာမှ ရှာမရလို့ ဒီမှာ ရေးပြီး အကူအညီ တောင်းရတာပါ။ ရှိတဲ့သူများ ကူညီလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့ တော်တော်ပင်ပန်းနေပြီ အချိန်လည်း မစောတော့ဘူး။ အီပိတ် ... အိပ်ပြီဗျာ။

ရည်စူးကုသိုလ် ရစေလို (၂)

ဘုန်းကြီးကျောင်းသို့ နေ့ဆွမ်း ကပ်မှာဖြစ်သည့်အတွက် မနက် ၁၀ နာရီလောက် အရောက်သွားရမှာဖြစ်သည်။ ဘုန်းဘုန်းက ၁၁ နာရီ ဆွမ်းစားနေကြတဲ့။ ဒီတော့ အိမ်ကနေ မနက် ၈နာရီလောက်ကတည်းက ထွက်လာခဲ့သည်။ ဘုန်းကြီးကျောင်းက Colindale မှာရှိသည်။ မနက်ပိုင်း ၈နာရီ ရုံးသွားချိန်လည်း ဖြစ်တော့ ကြပ်လိုက်တဲ့ ရထားတွေ၊ နောက်ပိုင်း လန်ဒန်မှာ ဒီထက် ပိုဆိုးမယ်ထင်တာပဲ။ ဒီကြားထဲ Signal problem ကြောင့် ခဏခဏ ရပ်စောင့်နေရတဲ့ အခါတွေက ရှိသေး။ ထားပါလေ စိတ်ညစ်စရာတွေ မပြောချင်တော့ဘူး။ ဒါနဲ့ပဲ ဘုန်းကြီးကျောင်းကို မနက် ၁၀နာရီ မထိုးခင်လောက်မှာ ရောက်သွားတယ်။ ဒီ ဘုန်းကြီးကျောင်းကတော့ Manchester က ဘုန်းကြီးကျောင်းလို ဘုန်းကြီးကျောင်း သိပ်မပီသသေးဘူး။ အိမ်သဘောမျိုးပဲ ရှိသေးသည်။ မြေနေရာရှာပြီး လုပ်နေကြတယ်လို့တော့ သိရပါတယ်။ ဒါပေမဲ့ တစ်ခုအံ့သြဖို့ကောင်းတာက စကျင်ဆင်းတုတော် အကြီးကြီးတစ်ဆူ ရှိသည်။ မန်းလေးကျွဲဆန်ကန်မှ Company တစ်ခုကနေ ပို့ပေးထားတာလို့ ဘုန်းဘုန်းပြောပြချက်အရ သိရသည်။ ဘုန်းဘုန်းနာမည်ကိုတော့ ဦးသီလို့ပဲ ခေါ်ကြသည်။ ဘွဲ့နာမည်က နည်းနည်းမှတ်ရခက်သည်။ ကျောင်းတွင် ကိုယ်တော်လေးပါး သတင်းသုံးနေသည်ကို တွေ့ရသည်။ ဦးသီက ကျောင်းထိုင်တော့ မဟုတ်။ ကျွန်

ရည်စူးကုသိုလ် ရစေလို

မနက်ဖြန် ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ဖို့ ဒီနေ့ည ဆွမ်းဟင်းချက်နေတယ်။ ကိုယ်တိုင်ချက်လားဆိုတော့ ပြောလို့လည်း မရဘူးဗျ။ အစ်မကို ကူပေးရင်း ချက်နေတာပေါ့။ ဆွမ်းဟင်းကို ပြောတာနော် :P မနက်ဖြန် ကျွန်တော်တို့ရဲ့ အဘ ဆုံးတာ ၁၀ နှစ်ပြည့်ဆိုတော့ အဘအတွက် ရည်စူးပြီး နေ့ဆွမ်းသွားကပ်ကြဖို့ လုပ်နေတာပါ။ အဘ ဆိုတာကတော့ ကျွန်တော့်တို့အတွက် အရမ်းကို ကျေးဇူးရှိခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပေါ့။ ဆွမ်းကပ်ဖို့ ဟင်းချက်နေရင်း ကျွန်တော့်အသိ အစ်ကိုကြီး ကိုသန်းအေး ပြောပြသွားတဲ့ စကားလေးကို သတိရမိတယ်။ "ညီလေး ... ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာ စိတ်ထဲမှာ လောဘစိတ်မရှိရဘူးတဲ့။ ကိုယ်က တစ်ခုခုရချင်လို့ (ဥပမာ ... ဒါကို လှူရခြင်းအကျိုးအားကြောင့် ချမ်းသာရပါလို၏) ကုသိုလ်ကောင်းမှု ပြုတယ်ဆိုရင် ကုသိုလ် မရရင် ငရဲက အရင်ရနေပြီတဲ့။ ဘာစိတ်မှာ မထားဘဲ လှူပြီးတော့မှသာ သတ္တ၀ါတွေ အားလုံးအတွက် အမျှဝေလိုက်ပါတဲ့။ အဲဒါကုသိုလ် အရဆုံးပဲတဲ့" တကယ်တမ်း စဉ်စားကြည့်တော့ ကျွန်တော် အဲဒီစကားကို မသိခဲ့ခင် အချိန်အထိ ကုသိုလ်ကောင်းမှု ပြုခဲ့တာတွေဟာ လောဘတွေပါလားဆိုတာ စဉ်ခြင်မိလာတယ် တစ်ခုခုလိုချင်လို့ ပြုခဲ့တဲ့ ကုသိုလ်တွေက တော်တော်များနေတယ်။ အခုကိစ္စမှာလည်း က

ရှာဖွေလေတွေ့ရှိလေ

ရှာဖွေလေ တွေ့ရှိလေ စကားအရ ဒီနေ့ ဘလော့တွေထဲကို လျောက်သွားပြီးမွှေလိုက်တာ Smiley ထည့်တာလေး ရလိုက်တယ် :) တော်တော်ပျော်သွားတယ်။ ဒီတိုင်းကြီးစာရေးပြီး ဘလော့ရတာလည်း ပျင်းလာပြီ။ smiley လေးတွေနဲ့ဆိုတော့ ဖတ်ရတာလည်း ကောင်းတာပေါ့နော့ ;) ဘယ်မှာယူ ဘာတွေရခဲ့တယ်ဆိုတာတော့ notes4pc မှာ တင်ထားပါတယ်။ အဲ ... ကျွန်တော့်ရဲ့ နောင် ရေးမည့် ပို့စ်တွေကတော့ မျက်စိနည်းနည်း နောက်လိမ့်မယ်ပေါ့ဗျာ :P ဒီနေ့ အိပ်ရာက နိုး ဘလော့ကို ကြည့်လိုက်တော့ cbox မှာ သူငယ်ချင်းတွေ အများကြီး လာအော်ထားတာတွေ့တယ်။ အရမ်းပျော်သွားတယ်ဗျာ :) နောက်ကိုလည်း အမြဲလာပြီး ပြောပါအုံးလို့ တောင်းဆိုပါရစေခင်ဗျာ။ တစ်ချို့ သူငယ်ချင်းတွေက ကျွန်တော့်ရဲ့ ငယ်ပေါင်း တွေလည်းပါတော့ သူတို့ ကျွန်တော့်ကို ချစ်လို့ ခင်လို့ ပြောထားတဲ့ စကားလေးတွေတော့ ရှိတယ်ဗျ :P Update : 14/01/07 Smile လေးတွေ OldBlogger အတွက်ရော BetaBlogger အတွက်ပါ အိုကေသွားပါပြီ

အာရုဏ်ဦး Assignment နှင့် CMS

Assignment တစ်ခု ... DeadLine က မနေ့ကည ၁၂နာ၇ီမတိုင်ခင်။ ဒါပေမဲ့ တင်တော့ အခုမနက် သုံးနာရီလောက်မှ တင်ပြီးသွားတယ်။ တောစောင့်နတ် တောင်စောင့်နတ် ကျောင်းစောင့်နတ်တွေ မစလို့ တော်သေးတယ် Supervisor ဆီက OK ဆိုတဲ့ Mail လေးရောက်လာတယ်။ ရင်ထဲမှာ ဘာတွေစုနေမှန်းမသိတဲ့ အလုံးကြီး ကျသွားတယ်။ ကိုယ့်ကိုယ်ကို ညံ့လှပြီမှတ်နေတာ ကိုယ့်ထက်ပိုဆိုးတဲ့သူနဲ့တွေ့နေတယ်။ သူတို့ကိုလုပ်ပေးနေရတာနဲ့ နောက်မကျသင့်ပဲ နောက်ကျသွားတယ်။ တော်သေးတယ် OK ဆိုတဲ့ မေးလ်ကို မြင်လိုက်ရတာ တော်တော် စိတ်ချမ်းသာသွားတယ်။ အခု ဆက်လဲ မအိပ်ချင်တော့တာနဲ့ လျောက်သွားနေတယ် (အင်တာနက်ထဲမှာ)။ နေ့လည်ကျရင်လည်း ကျောင်းသွားပြီး Assignment တစ်ခု ထပ်ပြီး တင်ရဦးမယ် ... ဟူ ဟူး ကျောင်းသားနဲ့ Assig: က သူကအပေါ်ရောက်လိုက် ကိုယ်က အပေါ်ရောက်လိုက်ပဲ :P ပြီးသွားလို့ စိတ်ထဲမှာ ဖြစ်လာတဲ့ ခံစားမှုကတော့ မိုက်တယ် တစ်မျိုးလေးပဲ ဟာဟ။ ဒီနေ့ထူးဆန်းတာ သူငယ်ချင်းတွေအိမ်မှာ assign လုပ်ဖို့ မနေ့ညကတည်းက လိုက်လာခဲ့တာပဲ။ ခုထိတော့ မအိပ်ရသေးဘူး။ ဒါ လန်ဒန်မှာ ပထမဆုံး သူများအိမ်မှာ ညည့်နက်အောင်နေတာပေါ့ :P မန်းလေးမှာ တုန်းကတော့ မဆန်းပါ။ ညပိုင်းနဲ့ မနက်စောစော ဖိုးချမ်းကို ရှာချင်လား MCC ကို

ဘယ်နေရာလဲ

မန်းလေးမှာ ရှိတဲ့ နေရာလေးတစ်ခုပေါ့။ ကြည့်လိုက်တာနဲ့ မျက်စိထဲမှာ အေးသွားတာပဲဗျာ။ မန်းလေးသူ/သား တော်တော် များများကတော့ သိပြီးသားဖြစ်ကြမှာပါ။ ဘယ်နေရာလဲ ခန့်မှန်းကြည့်ကြပါအုံး ? ဖြည့်စွက် (၁၄.၀၁.၀၇)

Doncaster, ManU and Me (3)

၂၄ ရက်နေ့က မသွားဖြစ်လိုက်ဘဲ သူငယ်ချင်းအိမ်မှာပဲ ညအိပ်ပြီး မနက်ပိုင်း အေးအေးဆေးဆေးမှ လန်ဒန်ကနေ စထွက်လာခဲ့တယ်။ ၁၀ နာရီလောက်ကနေစပြီး ထွက်လာတာ Manchester နားလေးက Doncaster ဆိုတဲ့မြို့လေးကို နေ့လည် ၁နာရီလောက်မှာရောက်သွားတယ်။ ခရစ်စမတ်နေ့ဆိုတော့ လမ်းမှာယာဉ်ကြောရှုပ်မယ်လို့ ထင်ထားခဲ့တာ ပြောသေလောက်တော့ မရှုပ်ဘဲ ခဏလေးနဲ့ပဲရောက်သွားတယ်။ ဟိုရောက်တော့ ဗမာအသိတစ်ယောက်အိမ်မှာပဲ တည်းဖြစ်ခဲ့တယ်။ အိမ်ရှင်တွေက တော်တော်သဘောကောင်းပြီး ဖော်ဖော်ရွေရွေရှိပါတယ်။ ရောက်တဲ့ညမှာပဲ မုန့်ဟင်းခါးချက်ကြတယ်။ နောက်နေ့မနက်မှာ မန်ချက်စတာက ဘုန်းကြီးကျောင်းကို အာရုံဆွမ်းကပ်ရန်အတွက် လုပ်နေကြခြင်းဖြစ်ပါသည်။ တတ်နိုင်သလောက် ၀ိုင်းဝန်း၍လုပ်ဆောင်ပေးခဲ့သည်။ အကြော်ကြော်တဲ့တာဝန်ကို ယူခဲ့သည်။ မုန့်ဟင်းခါးအတွက် ပဲကြော်ကြော်ကြခြင်းဖြစ်သည်။ မနက် ၃ နာရီလောက်မှ အိပ်ဖြစ်သွားပြီး မနက်လေးနာရီလောက်မှာ ပြန်ထ၍ လိုအပ်သည့်အရာများ ကားပေါ်သို့တင်ဆောင်ကာ မန်ချက်စတာသို့ထွက်ခွာလာခဲ့သည်။ တစ်နာရီခွဲလောက်ကြာပြီးနောက် အင်္ဂလန်တွင် အကြီးဆုံးနှင့် အသပ်ရပ်ဆုံး ဘုန်းတော်ကြီးကျောင်းတည်ရှိရာ မန်ချက်စတာသို့ရောက်ရှိခဲ့သည်။ ကျောင်းတွင် ဆယ်ရက်တရားစခန်းဝင်နေသော ရောဂီမျ