Skip to main content

Posts

Showing posts with the label facebook and twitter

Facebook နှင့် Twitter တို့ကြောင့် ပင်ကိုယ်သရုပ် ပျောက်နေသည့် မျိုးဆက် ဆောင်းပါအား ပြန်လည်သုံးသပ်ကြည့်ခြင်း

ယခုပို့စ်သည် မောက္ခသတင်း ပါ ဘာသာပြန်ဆောင်းပါးအား ကျွန်တော့်အမြင်ဖြင့် ( အနီရောင်စာသား ) ပြန်လည်သုံးသပ်တင်ပြထားခြင်းဖြစ်ပါသည်။ ဖေ့စ်ဘွတ်နှင့် တွစ်တာစသည့် လူမှုကွန်ယက်များကို အသုံးပြုနေသည့် မျိုးဆက်များမှာ စိတ္တဇ ဆန်ဆန် ပြုမူ တတ်ကြခြင်း၊ အာရုံ စူးစိုက်ချိန် လျော့နည်းလာခြင်းနှင့် ရှင်သန်မှုတွင် ကလေးငယ်များကဲ့သို့ အထောက်အကူ လိုအပ်ခြင်း တို့ကို ရင်ဆိုင် နေရပြီဖြစ်ကြောင်း ထိပ်တန်း သိပ္ပံပညာရှင် တစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။ မျိုးဆက်သစ် Teenage ပိုင်းတွေကိုတော့ မိဘတွေအနေနဲ့ အချိန်ပေးပြီး ထိန်းသိမ်းစောင့်ကြည့်ဖို့တော့လိုပါတယ်။ Carrot and stick ပုံစံသွန်သင်သွားမယ်ဆိုရင်တော့ ပိုကောင်းပါလိမ့်မယ်။ Facebook နှင့် Twitter သာမက Youtube ကဲ့သို့သော website တွေမှာ underage မကြည့်သင့်သည်များကို မကြည့်မိစေဖို့ မိဘတွေအနေဖြင့်လည်း Computer Knowledge ရှိသင့်ပြီး security software မှာပါဝင်သင့် Parental Control ဖြင့် မိမိကလေးငယ်၏ online ဝင်ရောက်မှု့ကို စောင့်ကြည့်ထိန်းချုပ်နိုင်ပါသည်။ အောက်စဖို့ဒ်တက္ကသိုလ်၊ ဆေးဝါးဗေဒဌာနမှ ပါမောက္ခ Baroness Greenfield က အင်တာနက်ပေါ်တွင် “သူငယ်ချင်းများ” တိုးပွားလာနေပုံ၊ ကွန်ပျူတ...