Skip to main content

Posts

Showing posts with the label Welcome Home Nikon

I Love Nikon

Nikon Camera ကြော်ငြာတွေရဲ့ နောက်ခံသီချင်းလေးပါ။ သီချင်းဆိုတဲ့သူ ရုပ်ဆိုးတယ်လို့ ပြောကြပေမဲ့ သီချင်းစာသားနဲ့ ဖန်တီးထားတဲ့ တီးလုံးကတော့ အရမ်းကိုကောင်းပါတယ်။ ကျွန်တော်လည်း Nikon Fan ဆိုတော့ သီချင်းလေးကို ပိုပြီးကြိုက်သွားတာပေါ့ဗျာ။ ဒီနှစ်ပိုင်းမှာ စိတ်ထွက်ပေါက်အနေနဲ့ ဓာတ်ပုံတွေတော်တော်ရိုက်ဖြစ်ဗျ။ ဘာရယ်မဟုတ်ဘူး ကင်မရာတစ်လုံးလွယ်ပြီး မြင်ကွင်းထဲပေါ်လာတာလေးတွေကို ခလုတ်လေးနှိပ်လိုက်ရတာကိုက ကျွန်တော့်အတွက် အပန်းဖြေနည်းတစ်ခုလို ဖြစ်နေတယ်။ (ရူးတာ) ပန်းပွင့်လေးတွေ၊ လူတွေရဲ့ လှုပ်ရှားမှုပုံတွေ နဲ့ သဘာဝရှူ့ခင်းတွေကို ရိုက်ရတာပိုပြီး သဘောကျတယ်။ ကျွန်တော့်ဓာတ်ပုံတွေကို ဝေဖန်အကြံပေးချင်ရင်တော့ ဒီနေရာမှာ ကြည့်ရှူ့နိုင်ပါတယ်။ မိတ်ဆွေသည်လည်း Nikon Fan ဆိုရင်တော့ Blog ရဲ့အောက်ဆုံးမှာ Nikon နှင့်ပက်သက်ပြီး အသုံးဝင်တဲ့ site တစ်ချို့ကို စုစည်းပေးထာပါတယ်။ Have fun shooting with Nikon ;)