Skip to main content

Posts

Showing posts with the label Burmese events in the uk

Burmese Water Festival, Myanmar Thingyan 2013 in London

လန်ဒန်ရှိ မြန်မာများ၏ နှစ်သစ်ကူးအတာသင်္ကြန်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို Wembley ရှိ Copland Community School တွင် ၁၃ရက်၊ ဧပြီ၊ ၂၀၁၃ နေ့က အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ မနက်ပိုင်းအစီအစဉ်အဖြစ် သံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းပြီး သီလတရားတော်များ နာယူခဲ့ပါတယ်။ ထို့နောက် သံဃဒါနဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပါတယ်။ မွန်းလွဲပိုင်း အစီအစဉ်အနေဖြင့် လန်ဒန်တွင် ပထမဆုံးအနေဖြင့် သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဝါသနာရှင် ညီအစ်ကိုမောင်နှမ ဦးဦး ဒေါ်ဒေါ်တို့၏ အဆို၊ အက၊ အတီးတို့ဖြင့် ပရိသတ်ကို ဖျော်ဖြေခဲ့ပြီး မြန်မာ့ရိုးရာအစားအစာများကိုလည်း ရောင်းချခဲ့ပါတယ်။ လူငယ်၊ လူကြီး ပရိသတ်မြောက်များစွာ တက်ရောက်အားပေးခဲ့ကြပြီး အခမ်းအနားကို ည ၁၁ နာရီခန့်တွင် ဆရာတော်ဦးဥတ္တရမှ နှစ်သစ်ပရိတ်ရေများပက်ဖြန်းပေးပြီး အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ လန်ဒန်သင်္ကြန်ပုံများကို Print out အနေဖြင့်သော်လည်းကောင်း Digital Download အနေဖြင့်သော်လည်းကောင်း အမှတ်တရ ဝယ်ယူနိုင်ပါပြီ။ Digital Download သည် ဈေးအသက်သာဆုံးဖြစ်သည်။ ...

The Biggest Burmese New Year (Water Festival, Thingyan) Celebration in UK

13.April.2013 Saturday 10am to 11pm Entertainments will start at 4pm Copland Community School, Cecil Avenue, Wembley, HA9 7DU

Burmese Culture Show at Oxford Town Hall

မတ်လ ၁၀ ရက် ၂၀၁၃ နေ့က Oxford Town Hall မှာ လုပ်ဖြစ်ခဲ့တဲ့ Burmese Culture Show မှတ်တမ်းတင်ဓာတ်ပုံများဖြစ်ပါတယ်။

66th The Mon National Day - London, UK

more photos ၆၆ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းကို ယမန်နေ့က The Cardinal Wiseman School , Greenford, London မှာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါမယ်။ ယခုနှစ်နဲ့ဆိုရင် လန်ဒန်မှာကျင်းပလာခဲ့တာ ၁၂ ကြိမ်တိုင်ခဲ့ပါပြီ။  ဒီနှစ်ပွဲကတော့ ယခင်နှစ်တွေထက် လူအနည်းငယ် နည်းသွားပါတယ်။ မွန်အမျိုးသမီး အစ်မကြီးတစ်ယောက်ရဲ့ ပြောပြချက်အရ သူ့အသိ(မွန်)တွေ တချို့မြန်မာပြည်ပြန်ပြီး စီးပွားရေးလုပ်ကုန်ကြပြီတဲ့။ မော်လမြိုင်တဝိုက် ရာဘာခြံတွေ အတော်အလုပ်ဖြစ်တယ်ဆိုပဲ ;) ဖြစ်လည်းဖြစ်သင့်ပါတယ်။ လန်ဒန်ဆိုတာလည်း အခွံပဲ ကျန်တော့တာပဲလေ။ တချိန်တုန်းကတော့ ကျားပေါ့ အခုတော့ ဖွတ်ကျားဖြစ်သွားပြီ ဆိုသလိုပေါ့ :P မြန်မာ့ရိုးရာစားစရာများကို ရန်ပုံငွေအဖြစ်ရောင်းချခဲ့ပါတယ်။ မွန်တိုင်းရင်းသားရိုးရာအက၊ အငြိမ့် နှင့် ဝါသနာရှင်တေးသံရှင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ပြီး ရိုးရာဝတ်စုံဝတ်ဆင်ပြသတဲ့ model show ကိုလည်း စီစဉ်တင်ဆက်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ပွဲမပြီးခင် ၁ နာရီလောက်အလို ပြန်ဖြစ်ခဲ့လို့ အဲဒီပုံတွေ မရလိုက်ဘူး :(

ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက် မြန်မာမိသားစုများတွေ့ဆုံပွဲ မှတ်တမ်းဓာတ်ပုံများ

ဇွန်လ ၂၂ ရက်နေ့ ၂၀၁၂ ခုနှစ်ဟာ လန်ဒန်ရောက် မြန်မာတွေအတွက် အင်မတန်မှ အမှတ်ရစရာ သမိုင်းဝင်နေ့တစ်နေ့အဖြစ် တွင်ကျန်ရစ်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လန်ဒန်ရောက်မြန်မာများ တွေ့ဆုံပွဲလေးကို လန်ဒန် သိမ်းစ်မြစ်ကမ်းဘေးက Royal Festival Hall မှာ နံနက် ၁၀ နာရီမှ နေ့လည် ၁၂ နာရီထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ပါပဲ။ လန်ဒန်မှာ နေထိုင်စဉ်ကာလအတွင် မြန်မာများကို အများဆုံး မြင်တွေ့ဖူးတဲ့ ပွဲလို့လည်း ဆိုနိုင်ပြီး လူ ၂၀၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ထိုပွဲတွင် လန်ဒန်မှာရောက်ရှိနေတဲ့ ကိုဇာဂနာ၊ အန်တီမာမာအေး နှင့် လန်ဒန်ရောက် ဝါသနာရှင် ညီအစ်ကိုမောင်နှမများမှ ရွာစားကျော် သီရိမောင်မောင်တို့နှင့် တွဲဖက်ကာ ဖျော်ဖြေရေးအစီအစဉ်များကို တမူထူးခြားစွာ တင်ဆက်ခဲ့ပါတယ်။ နိုင်ငံတော်သီချင်းကိုလည်း သံပြိုင်သီဆိုခဲ့ပြီး သီချင်းသီဆိုနေချိန် အမိမြန်မာပြည်ကို လွမ်းဆွတ်သတိရစိတ်၊ အိမ်ကိုလွမ်းစိတ်တွေကြောင့် မျက်ရည်ကျမတတ် ခံစားခဲ့ရသူများလည်း ရှိခဲ့တာကို ဖေ့စ်ဘွတ် စာမျက်နှာများတွင် မြင်တွေ့ခဲ့ရပါတယ်။

Meeting with Daw Aung San Suu Kyi and Burmese Community (UK)

Date 22.June.2012 Time 9am to 12am Venue Royal Festival Hall Southbank Centre SE1 8XX London United Kingdom မှတ်ချက် အခမ်းအနား ကျင်းပရာ ခန်းမသို့ ၂၂ ရက်နေ့ မနက် ၉ နာရီ တိတိတွင် ရောက်ရှိစေလိုပါသည်။ အခမ်းအနားတတ်ရောက်သူများအတွက် ပွဲတတ်ဝတ်စုံ (ရိုးရာ) ကို ဝတ်ဆင်စေလိုပါသည်။ ပွဲတတ်ဝတ်စုံ ဝတ်ဆင်ရန်မှာ ခန်းမ၏ စည်းကမ်းဖြစ်ပြီး  အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့မှ "ရိုးရာ" ဆိုသော အချက်ကို မြန်မာနိုင်ငံသားများ အားလုံးအတွက် ဂုဏ်ယူနိုင်ဖွယ်ရာဖြစ်အောင် ဖြည့်စွက်ခြင်း ဖြစ်ပါသည်။

Protest against BBC to stop announcing Bogus News about Rakhine People in Rakhine State, Burma

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ဘင်္ဂါလီရိုဟင်ဂျာ လူမျိုးခြားများ၏ အကြမ်းဖက်ဆူပူမှုများအပေါ်တွင် ကမ္ဘာ့သတင်းဌာနများမှ နိုင်ငံတကာကို သိစေရန် ဘာသာရေး ဖိနှိပ်မှုအသွင်ဖြင့် ပြောင်းလဲဖော်ပြနေပြီး မဟုတ်မမှန် ပြောင်းပြန်ပြောင်းလဲ၍ စွပ်စွဲဘက်လိုက် ရေးသားမှုများ ရှိနေပါသောကြောင့် ယခုလာမယ့် ဇွန်လ ၁၈ရက် ၂၀၁၂ တင်္နလာနေ့ နေ့လည် ၁၂နာရီ မှ ၁နာရီ အချိန်တွင် နာမည်ကြီး မီဒီယာတခုဖြစ်သည့် လန်ဒန်မြို့မှ BBC Worldwide Ltd Media Centre ရှေ့တွင် မိမိနိုင်ငံနှင့် တိုင်းရင်းသားသွေးချင်းများ အပေါ် အမှန်တရားနှင့် ကင်းကွာ၍ ဆန့်ကျင်ဖက်ပြု စော်ကားနေခြင်းကို ကန့်ကွက်သည့်် အနေနဲ့ ယူကေနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ငြိမ်းချမ်းစွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ ထိုကဲ့သို့ ဆန္ဒပြ ဖော်ထုတ်သွားရာတွင် ယူကေနိုင်ငံ၏ မည်သည့် နိုင်ငံရေး အဖွဲ့အစည်းများ၏ လက်အောက်တွင် ရှိမနေဘဲ အမျိုးသားရေးစိတ်ဓါတ် အသိဖြင့် မြန်မာနိုင်ငံသားများ အနေဖြင့်သာ လွတ်လပ်စွာ ဆန္ဒပြ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။  ယူကေနိုင်ငံ၏ နိုင်ငံရေး အဖွဲ့အစည်းများမှ မြန်မာနိုင်ငံသားများကိုလည်း ပါဝင်ပူးပေါင်း ကူညီ၍ လိုအပ်သော အကြံဥာဏ်များ ပေးကြပါရန် လှိုက်လှ...

မြန်မာလူငယ်အသင်း (ယူကေ) ၏ နှစ်နှစ်ပြည့် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပမည်

အားလုံးသော မိဘပည်သူအပေါင်းတို့ကို မင်္ဂလာပါ လို့ ကျွန်တော်များ မြန်မာလူငယ်အသင်း - ယူကေ ( BYA-UK) မှ နုတ်ခွန်းဆက်သလိုက် ပါတယ်ခင်ဗျာ။ မိဘပြည်သူတို့ ရဲ့  မွန်မြတ်လှသော စိတ်ထား၊ ရက်ရောလှသော သဒ္ဒါ တရားတို့ နှင့် အတူ ပြည်မြန်မာ သာယာဝပြော ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းလှူဒါန်း ကူညီမှုကြောင့်ကျွန်တော်တို့ မြန်မာလူငယ် အသင်း - ယူကေ ( BYA-UK) အဖြစ်ရပ်တည်လာ တာ၂နှစ်တိုင်ခဲ့ ပါပြီ။ အမိမြန်မာနိုင်ငံအတွင်းရှိ မိဘမဲ့ကလေးငယ်များနှင့် ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် လိုအပ်သော ပညာရေး၊ကျန်းမာရေး ဆိုင်ရာ အခြေခံလိုအပ်ချက်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် ကျွန်တော်များ BURMESE YOUTH ASSOCIATION ( BYA-UK ) မှ ကြိုးပမ်းဆောင် ရွက် လျက် ရှိပါသည်။ BYA-UK မှ ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များမှာ ၁။ ချို့ တဲ့ကလေးငယ်များအတွက် ပညာရေးစရိတ် ထောက်ပံ့မှု ၂။ ဓမ္မပါရဂူဆေးခန်းရဲ့  အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု အတွက် လစဉ်လှူဒါန်းမှု ၃။ မျက်စိဝေဒနာရှင်များအတွက် အသေးစားခွဲစိတ်မှု ၄။ မရှိမဖြစ် လိုအပ်လှသော သောက်သုံးရေအတွက် အဝီဝိတွင်း လှူဒါန်းမှု စသည့်တို့ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ များပြားလှသော လိုအပ်ချက်...

မြန်မာလူငယ်အသင်း (BYA-UK) မှ (၁၁) အကြိမ်မြောက် စုပေါင်းဒါနနေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲကျင်းပမည်

သာသနာနှစ် ၂၅၅၆ ပြည့်နှစ် ၊ ကောဇာသက္ကရာဇ် ၁၃၇၄ ပြည့်နှစ်၊ ကဆုန်လပြည်ကျော် ၈ ရက် ၊ ခရာဇ်နှစ် ၂၀၁၂ ခုနှစ် မေ ၁၃ရက် ၊တနင်္ဂနွေနေ့ ။ မြန်မာလူငယ်မောင်မယ်များစုပေါင်း၍ ဘုရားအမှုးရှိသော ဆရာတော် ၊ သံဃာတော်များအား ၊ စုပေါင်း ဒါန ဆွမ်းကပ်လှူဒါန်းခြင်းကို Sasana Ramsi Vihara (ကောလင်းဒေး) ကျောင်း၌ BYA-UK မှ ဦးဆောင်၍ သွားရောက် လှူဒန်မည် ဖြစ်ပါသည်။ မိဘပြည်သူ အပေါင်းတို့ လည်း ကျွန်တော်တို့ BYA-UK မိသားစုနဲ့ အတူ တစ်တပ်တစ်အား ဆွမ်းကပ်ဒါန ကုသိုလ်တော် ပါဝင်ယူနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။ မြန်မာလူငယ်အသင်း ( BYA-UK )မှ ဘုရားမှုရှိသော ဆရာတော်၊သံဃာတော်များအား စုပေါင်းဆွမ်းကပ်ပွဲ ကို ၊ လစဉ် ပထမ ပတ် တနင်္ဂံနွေနေ့  တိုင်း ကျင်ပပြုလုပ် လျှက်ရှိရာ ၊ မေလ ၆ ရက် နေ့ သည် ''ဗုဒ္ဓ နေ့ ''ကျင်းမည့် နေ့ နှင့် တိုက်ဆိုင် နေခြင်း ကြောင့် မေလ (၁၃) ရက်နေ့ သို့  ပြောင်းရွှေ့ ကျင်းပ မည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလို ပါက Burmese Youth Association, UK ၏ website ဖြစ်သော www.byauk.org သို့မဟုတ် www.facebook.com/burmeseyouthassociation သို့ ဝင်ရောက်ကြည့်ရှု့ နိုင်ပါသည်။ E...

Photo: London Thingyan 2012

လန်ဒန်သင်္ကြန် ၂၀၁၂ တွင် မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဓာတ်ပုံများဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြီးခါနီးအပိုင်းတွေကိုတော့ မရိုက်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ရိုက်ဖြစ်ခဲ့သမျှ ပုံတွေကိုတော့ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

9th Anniversary of Buddha Day Ceremony - UK

Burmese New Year Festival - London 2012

လန်ဒန်ရောက် ရွှေမြန်မာတို့ရဲ့ အစည်ကားဆုံး နှစ်သစ်ကူးအတာသင်္ကြန်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို လာမည့်လ ဧပြီ ၁၄ ရက်နေ့  စနေနေ့ Ealing Town Hall မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ မနက်ပိုင်း အစီအစဉ်အဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပမှာဖြစ်ပြီး ညနေပိုင်း ဖျော်ဖြေရေး အစီအစဉ်များအဖြစ် ရန်ကုန်သီရိမောင်မောင် မြန်မာ့ဆိုင်းဝိုင်းနှင့် The Nox Band တို့က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Event: 65th Anniversary of Mon National Day - UK

Date : 18th Febuary, 2012 (Saturday) Time : 17:00 - 22:00 Venue : Feltham Assembly Hall Feltham TW14 9DN, London, UK Contact: Nai Than Soe - 07809561384 Nai Swa Ha Mon - 07950543753 Email: maungthansoe@gmail.com mehmswahamon@gmail.com

နဝမအကြိမ်မြောက် စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းပွဲ

ကောဇာသက္ကရာဇ် ၁၃၇၃ ပြည့်နှစ် ၊ သာသနာသက္ကရာဇ် ၂၅၅၅ ပြည့်နှစ်၊ တစ်ပေါင်းလဆန်း ၁၂ ရက် ၊ ခရာဇ်နှစ် ၂၀၁၂ ခုနှစ် မတ်လ ၄ရက်၊ တနင်္ဂံနွေနေ့  တွင် မြန်မာလူငယ်အသင်း( UK ) မှ ဘုရားအမှုရှိသောဆရာတော်၊ သံဃာတော်များအား ၊ စုပေါင်းဆွမ်း ကပ်လှူဒါန်းခြင်းကို လန်ဒန်မြို့ ရှိ တိသရဏ (မြောင်းမြ) ကျောင်း ၌ နေ့ ဆွမ်းဆက်ကပ်လှူဒါန်မည် ဖြစ်ပါ၍ မည်သူမဆို ပါဝင်ကုသိုလ် ယူနိုင်ကြောင်း နှိုးဆော်အပ်ပါသည်။ ကျွန်တော်တို့ မြန်မာလူငယ်အသင်းမှ ဘုရားမှုရှိသော ဆရာတော်၊ သံဃာတော်များအား စုပေါင်းဆွမ်းကပ်ပွဲ ကို ၊ လစဉ် ပထမ ပတ် တနင်္ဂံနွေနေ့  တိုင်း ကျင်ပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် မည်သူမဆို ကုသိုလ်ပါဝင် ယူနိုင်ကြောင်းနှိုးဆော်အပ်ပါသည်။ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ၊ www.byauk.org (သို့ မဟုတ်) facebook – Burmese Youth Association, UK မှတစ်ဆင့်ဝင် ရောက်ကြည့် ရှူ့ နိုင်ပါသည်။ မြန်မာလူငယ်အသင်း BYA-UK ဗဟိုအလုပ်မှူဆောင်အဖွဲ့  info@byauk.org burmeseyouthuk@yahoo.co.uk news via: Facebook

သာသနရံသီ ဝိဟာရ ထမနဲပွဲတော် ကျင်းပမည်

လာမည့် ဖေဖေါ်ဝါရီလ ၁၁ ရက် စနေနေ့ ညနေ(၂) နာရီတွင် နှစ်စဉ်ကျင်းပနေ ကြဖြစ်သော ထမနဲထိုးလှူပွဲကို လာရောက်လုပ်အားပေး လှူဒါန်းကြသူများကို ကံစမ်းမဲ များဖေါက်၍ ပျော်ရွှင်စွာ တမူထူးခြားကျင်းပကြမည်ဖြစ်ပါသည်။ ပြိုင်ပွဲဝင်မည့် မည်သူမဆို ၅ ယောက်တဖွဲ့ အဖွဲ့လိုက်ပါဝင်နိုင်ပါသည်။ ဒိုင်လူကြီးအဖွဲ့မှ ထမနဲစည်း ကမ်းများနှင့်ညီညွတ်သော အဖွဲ့ကို အထူးဂုဏ်ပြုပါမည်။ ထမနဲထိုးပွဲကို ကုသိုလ်လည်းရ ဝမ်းလည်းဝသည်မို့ တပျော်တပါး ပါဝင်ဆင်နွှဲကြပါရန် သာသနရံသီဂေါပက အဖွဲ့မှ နိုးဆော်တိုက် တွန်းအပ်ပါသည်။ ထမနဲ ပင်မအလှူရှင်များမှာ ဒေါက်တာဝင်းထွဋ် + မမေလှမောင် တို့ဖြစ်ပြီး ဦးစိန်ထွန်းအောင်+ဒေါ်လှလှ မိသားစုများနှင့် စေတနာရှင် အလှူရှင်များဖြစ်ကြပါသည်။  Via: သာသနရံသီဝိဟာရ ဒီ Video ကတော့ 2010 ထမနဲပွဲတုန်းက အမှတ်တရ ရိုက်ထားတဲ့ပုံတွေကို slide show လုပ်ထားတာပါ။ ဒီနှစ်ထမနဲပွဲကတော့ အလုပ်ခွင့်မရတာနဲ့ မသွားနိုင်တော့ဘူး။ Holiday ယူပြီးမှပဲ အေးအေးဆေးဆေး ဘုန်းကြီးကျောင်းကို သွားရတော့မှာပဲ။ စကားမစပ် မန်းလေးက "ဒေါ်ရှိ ထမနဲ"ကို လွမ်းတယ်ဗျာ။

Event: 51st Anniversary Kachin Revolution Day - UK

Dear Sir or Madam, We, the Kachin National Organization - UK, are honoured to invite you to the 51st anniversary of “Kachin Revolution Day” ceremony. It is well known fact that “the Union of Burma” came into existence after the signing of “panglong’s agreement” between the ethnic’s minority brethren and the Burman majority led by General Aung San.  We, the Kachin voluntarily took part as signatory in the panglong conference with a view that democracy, justice, equality and self-autonomy would be guaranteed through the panglong treaty so that the newly formed “Union of Burma” prospers in peace and harmony.  Following the independence, however, during U Nu-led parliamentary era based on the unitary centrally planned government: no political space is given to the ethnic minorities to exercise their political right contrary to essence of Panglong.  In addition, the discriminations, suppression, injustice and many forms of abuses were perpetuated against the ethn...

Fundraising for Sasanaramsi Vihara

Date: 14 Jan 2012, Saturday Time: 6:00pm to 10:00pm Venue: St Agnes R C Church 35 Cricklewood Lane London NW2 1HR Entrance fees:  £7 including Buffet (as much as u can eat) Behalf of Sasanaramsi Vihara www.sasanaramsiuk.org Ticket available NOW For ticket plz call Colindale Monestry @ 02082050221 Saw Yan Naing: 0780503245 Zarne Ko Ko: 07576607122 Ticket can also available at the entrance

STARS for BURMA

A concert in aid of BURMA Date: 24th October 2011 Time: 7pm Venue: The Bloomsbury Theatre, London Young professional musicians have come together to raise funds for Burma Campaign UK with pieces by: Mozart, Rossini, Puccini, Britten, John Rutter, Saint-Saens and Andrew Lloyd-Webber. “Stars for Burma” will encompass a wide variety of classical musical talent including performers who have graced the stages of The Proms, The Royal Variety Show, West-End Musicals (including Love Never Dies, Woman in White and Starlight Express), Royal Opera House and Albert Hall. Tickets are available at £30, £50 and £95 for premium seats. To purchase tickets, please contact Pia Dutton: piadutton@hotmail.com or contact the Bloomsbury Theatre box office on 020 7388 8822. http://www.thebloomsbury.com/event/run/1612 (for £50 and £95 tickets only) The Bloomsbury Theatre 15 Gordon Street London WC1H 0AH

Invitation: Burma conference, commission of inquiry on crime against humanity

Dear Friends of Burma, Brothers and sisters We would like to kindly invite to attend the following conference; Date: Saturday October 29th 2011 Time: 9:00AM to 5:00PM Venue: London South bank University, London Road building 100-116 London Road, SE1 6LN Burma Human Rights Conference Prosecuting Crimes against Humanity in Burma and the call for an International Commission of Inquiry London South Bank University Law Department in co-operation with the Red Fighting Peacocks Burma Human Rights Network Venue: London South Bank University, London Road Building