Skip to main content

Posts

Showing posts with the label မှတ်စု

Sharing: သူငယ်ချင်း

ဒီပို့စ်လေးက ကျွန်တော်ရေးတဲ့ စာသားတွေ မဟုတ်ပါဘူး။ ပြေခိုင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် မေးလ်ကနေ ပို့ပေးထားတာပါ။ လူတိုင်း လူတိုင်းမှာ သူငယ်ချင်း၊ မိတ်ဆွေဆိုတာ ရှိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းကတော့ လူတိုင်းမှာ မရှိပါဘူး။ ဒီပို့စ်လေးအတွက် ပြေခိုင်ကို အထူးကျေးဇူးတင်ပါတယ်။ ကိုယ့်ဘဝမှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား …? ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။ ကံတရားက ဆန်းကြယ်တယ်။ ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ့်ဆီ အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ ချစ်သူရီးစားပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ် တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့ လိုပါလိမ့်မယ်။ ကံပါလို့ ...

ဝါဆိုလပြည့်နေ့ (သို့) လမြတ်ဝါဆို

ဒီနေ့ဟာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ ၀ါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ အမြတ်ဆုံးလပြည့်နေ့လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ၀ါဆိုလပြည့်ကိုမှ ဘာကြောင့်အမြတ်ဆုံးလို့ ခေါ်ဆိုလဲဆိုတာကို ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တိုင်း လေးနက်စွာသိထားသင့်ပါတယ်။ ကျွန်တော်တို့၏မြတ်ဗုဒ္ဓနှင့်ပက်သက်သော အောက်ပါနေ့ရက်များသည် ၀ါဆိုလပြည့်နေ့တွေမှာချည်း ဖြစ်တည်ခဲ့သောကြောင့် ဖြစ်သည်။ (၁) ပဋိသန္ဓေတည်သည့်နေ့ = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့) (၂) တောထွက်သည့်နေ့ = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့) (၃) ဓမ္မစကြာတရားဦး = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) (၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) (၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့) via : http://www.theravada-3p.org/knowledge-book.htm

ဗိုလ်ချုပ်ပြောတဲ့ ခေါင်းဆောင်ဆိုတာ

ယောင်္ကျားပီပီ တိုင်းပြည်တစ်ခုလုံး၏ ခေါင်းဆောင်လုပ်မည်ဆိုလျှင် တိုင်းပြည်မှာ အဆိုးဆုံးတစ်ခုတွေ့လာလျှင် ကိုယ်က ရှေ့ကနေ သွားရမယ်။ အကောင်းဆုံးတစ်ခုကို တွေ့လာလျှင်လည်း ကိုယ်ကနောက်မှာ နေရမယ်။ ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်အောင်ဆန်းပြောသည့် စကားဟာ မှန်နေပြီ။ အဆိုးဆုံးကိုတွေ့တော့ ရှေ့ကသွားတဲ့ ဗိုလ်အောင်ဆန်းဟာ သေရှာပြီ။ အကောင်းဆုံးကိုတွေ့တော့လည်း ဗိုလ်အောင်ဆန်းဟာ နောက်ချန်နေရစ်ခဲ့ပြီ။ ဦးစပ်စု (ခ) အောင်ခေချောင်း ဆရာ ဦးအောင်သင်းရဲ့ "မျိုးဆက်သစ် တိုးတက်ရစ်ဖို့ (၃)" ထဲက မှတ်သားဖွယ်ရာ စာသားလေးတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းဟာ အတုယူမှတ်သားဖွယ်ကောင်းသလို ဦးစပ်စုရဲ့ မှတ်ချက်လေးတွေဟာလည်း တကယ့်ကို လွမ်းမောဖွယ်ကောင်းလှပါတယ်။ အခုခေတ် ခေါင်းဆောင်တွေများ ... ။

Common Colors and Their Most Common Meanings

Web Design မှာ Colour အသုံးပြုပုံနှင့် ပက်သက်တဲ့ Article တစ်ခုကိုဖတ်ရင်း အရောင်တွေနဲ့ သူတို့ရဲ့ စိတ်ဝင်စားဖွယ်ရာ အဓိပ္ပာယ်ဖော်ပြချက်တွေကို မှတ်စုသဘောမျိုး ဘလော့မှာ မှတ်ထားရင်း ပြန်လည် မျှဝေလိုက်ရပါတယ်။ Red energy, passion, excitement, power; also implies aggression, danger Blue coolness, spirituality, freedom, patience, loyalty, peace, trustworthiness; can also imply sadness, depression Yellow light, optimism, happiness, brightness, joy Green life, naturalness, restfulness, health, wealth, prosperity; in certain contexts, can imply decay, toxicity Orange friendliness, warmth, approachability, energy, playfulness, courage Violet wisdom, sophistication, celebration White purity, cleanliness, youth, freshness, peace Black purity, cleanliness, youth, freshness, peace Gray security, maturity, reliability Pink romance a feminine color Brown romance a feminine color Via : Avangate

How Microsoft Windows 7 Got Its Name

Microsoft ကနေ Window Vista ထွက်လာပြီးတော့ အခု Window 7 ထပ်ထွက်လာပါပြီ။ Version တွေကလည်း ဘယ်လိုလဲပေါ့ ... 6 ပြီးတော့ 7 လာရမည့်ဟာ အခု Vista ပြီးတော့ 7 :-? ကျွန်တော်လည်း အစက နားမလည်ဘူး။ ဒါပေမဲ့ အောက်ပါ ပို့စ်တစ်ခုကို ဖတ်လိုက်တော့မှ ရှင်းသွားတော့တယ်။ One . The very first release of Microsoft Windows: Windows 1.0 Two . The second release of Microsoft Windows: Windows 2.0 Three . The third release of Microsoft Windows (3.0, 3.1): Windows 3.0 Four . The fourth release of Microsoft Windows was Windows 95, code named Windows 4.0 Five . Then, Windows 2000 was code named Windows 5.0, with Windows XP known as Windows 5.1 Six . The release of Windows Vista was code-identified as Windows 6.0 Seven . So, the next release of Windows will be called publicly and internally “Windows 7“. -- Keith Via : great documents

Moving the clocks forward one hour in The UK

BST (British Summer Time) ရောက်လာပြီ ဖြစ်တဲ့အတွက် ဒီနေ့မနက် 1:00 am sunday march မှာ နာရီအားလုံး တစ်နာရီရှေ့ကို တိုးသွားပါပြီ။ မြန်မာပြည်နဲ့ လန်ဒန် အချိန်ကွာခြားမှုဟာ ၅ နာရီခွဲ ဖြစ်သွားပါတယ်။ British Summer Time (GMT+1) Yangon Time (GMT+6:30) နာရီရွှေ့ပြောင်းမှုအကြောင်း ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင် ဒီနေရာမှာ ဖတ်ရှူ့နိုင်ပါတယ်။

What Tree Did You Fall From? :P

မွေးတဲ့ ရက် အလိုက် ရာသီတွေ သတ်မှတ်ထားသလို သစ်ပင်တွေလည်း သတ်မှတ်ထားတာရှိတယ်။ ကိုယ် မွေးတုန်းက ဘယ်အပင်ပေါ်က ပြုတ်ကျခဲ့တယ်ဆိုတာ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ကြီးလာတဲ့အခါ အဲဒီသစ်ပင်တွေ့ရင်လည်း ပြန်တက်ကြည့်ပေါ့ :P WALNUT TREE (the Passion) - unrelenting, strange and full of contrasts, often egotistic, aggressive, noble, broad horizon, unexpected reactions, spontaneous, unlimited ambition, no flexibility, difficult and uncommon partner, not always liked but often admired, ingenious strategist, very jealous and passionate, no compromise. ကျွန်တော် ပြုတ်ကျခဲ့တဲ့ သစ်ပင်ကတော့ Walnut Tree (သစ်ကြားပင်) ဖြစ်ပါတယ်။ တိုက်ဆိုင်မှု ရှိခဲ့ရင် ပြောခဲ့ဦးနော်။ ကျန်းမာပျော်ရွှင်ပါစေ :) via : http://www.wowzone.com/whattree.htm

ကံကြမ္မာ နှင့် လူသား

ဦးအောင်သင်းရေးတဲ့ "မျိုးဆက်သစ် တိုးတက်ရစ်ဖို့ - ၃" စာအုပ်ထဲက စာသားလေးတစ်ချို့ကို မျှဝေချင်ပါတယ်။ Fortune knocks at evey man's door once in a life, but in a good many cases the man is in a neighbouring sloon and does not hear her. " တစ်သက်တစ်ခါ၊ ကောင်းကြမ္မာ၊ တခါးလာ၍ ခေါက်စမြဲ " သို့သော် များသောအားဖြင့် လမ်းထိပ်က ဘုံဆိုင်ရောက်နေသောကြောင့် တံခါးခေါက်သံကို မကြားလိုက်မိချေ။

Eric Schmidt Defines Web 3.0

Google CEO Eric Schmidt launched into a great definition of Web 3.0 at the Seoul Digital Forum . He said that while Web 2.0 was based on Ajax , Web 3.0 will be "applications that are pieced together" - with the characteristics that the apps are relatively small, the data is in the cloud, the apps can run on any device (PC or mobile), the apps are very fast and very customizable, and are distributed virally (social networks, email, etc). via : readwriteweb Tags: web3.0 , web2.0 , Google CEO , Eric Schmidt , ajax , seoul digital forum

အကောင်းဆုံးလက်ရာ ဖြစ်ပါစေ

စာရေးဆရာ ဖေမြင့် ရေးသားတဲ့ "စာဖတ်သမား၏မှတ်စုများ" စာအုပ်မှ အမေရိကန် လူမည်းခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ မာတင်လူသာကင်း (MartinLutherKing Jr -1929-68) ရဲ့ quote လေးကို မျှဝေချင်ပါတယ်။ Whatever your life's work is, do it well. A man should do his job so well that the living, the dead and the unborn could do it no better. သည်ဘ၀မှာ ဘာအလုပ်ကိုပဲလုပ်လုပ် လုပ်ကိုင်နေသည်ဖြစ်စေ အဲသည်အလုပ်ကို ကောင်းအောင်လုပ်ပါ။ ဘယ်သူမဆို ကိုယ့်အလုပ်နဲ့ ပက်သက်လာရင် တခြားသက်ရှိလူတွေရော၊ ကွယ်လွန်ပြီးတဲ့ ပုဂ္ဂိုလ်များနဲ့ မမွေးဖွားသေးတဲ့သူများပါ ကိုယ့်ထက်ဘယ်လိုမှ မသာနိုင်အောင် အကောင်းဆုံး လုပ်ဆောင်သင့်တယ်။

၃၈ ဖြာ မင်္ဂလာ (သို့) မင်္ဂလာတရားသည် ကြီးပွားခြင်း၏ အကြောင်းဖြစ်၏

ဆရာတေး က ကျွန်တော့်ကို ၃၈ ဖြာ မင်္ဂလာနဲ့ ပက်သက်ပြီး Tag လုပ်ထားတာကြောင့် ဒီပို့စ်ကို ရေးဖြစ်သွားပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ တရားနဲ့ ပက်သက်တဲ့ အလုပ်တွေ ဘာသာရေးအလုပ်တွေကို အခုနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ပိုပြီး သက်ဝင်ယုံကြည်လာတယ်။ အရင်တုန်းကဆိုရင် မနက်မိုးလင်းတိုင်း သီချင်းဖွင့်တတ်တဲ့ ကျွန်တော်၊ အခုဆိုရင် မနက်အိပ်ယာထတိုင်း ပရိတ်ကြီး ၁၁ သုတ်ကို အမြဲဖွင့်ပြီး တရားနာတယ်။ ကျွန်တော်တို့တွေ လူ့ပြည်က ထွက်ခွာသွားရင် ရာထူးတွေ စည်းစိမ်တွေ ဥစ္စာပစ္စည်းတွေက ယူသွားလို့ မရဘူး။ တရားနဲ့ကုသိုလ်တွေကပဲ နောင်ဘ၀အထိ ပါသွားမှာ မဟုတ်လား။ နောက်ပြီး အင်္ဂါနေ့နှင့် တနင်္ဂနွေနေ့တိုင်းမှာလည်း ဘုန်းကြီးကျောင်းမှာ ပရိတ်တွေ ပဌာန်းတွေ ရွတ်ကြတယ်။ နောက်ပိုင်း လုပ်ရင်း လုပ်ရင်း စိတ်ထဲမှာ ပိုပြီး ကြည်လင်လာပြီး အေးချမ်းမှုကို ခံစားရတယ်။ တရားတော်တွေကို ဆုံးမပြသပေးတဲ့ လန်ဒန် သာသနာ့ရံသီကျောင်းက ဆရာတော် ဦးဥတ္တရ၊ ဦးသီ၊ ဦးကေ တို့ရဲ့ တရားဂုဏ်ကျေးဇူးတွေကလည်း အင်မတန်ကြီးမားပါတယ်။ အခု ၃၈ ဖြာမင်္ဂလာနဲ့ ပက်သက်ပြီး ဆရာတေးရဲ့ ဘလော့မှာ တော်တော်များများပါပြီးပါပြီ။ သူ ဖော်ပြထားတာတွေ ရေးသားထားတာတွေကလည်း တော်တော်လေးပြည့်စုံလှပါတယ်။ ကျွန်တော...

Anyway - မည်သို့ပင်ဖြစ်စေ

ဆရာဖေမြင့်ရေးသားသည့် "စာဖတ်သမား၏ မှတ်စုများ" စာအုပ်မှ ကျွန်တော်နှစ်သက်သည့် ဘ၀လမ်းညွှန် ဒဿာနတစ်ခုကို (English/Myanmar) နှစ်ဘာသာလုံးဖြင့် မျှဝေချင်ပါတယ်။ ဖတ်ရှူ့ရုံတင်မကပဲ စဉ်းစားဆင်ခြင်ကြည့်စေချင်ပါတယ်လို့ ဆရာဖေမြင့်က တိုက်တွန်းရေးသားထားပါတယ်။ Anyway ("The Paradoxical Commandments " was written by Dr. Kent M. Keith in 1968.) People are unreasonable, illogical and self-centered. Love them anyway. If you do good, people will accuse you of selfish ulterior motives, Do good anyway. If you are successful, you will win false friends and true enemies. Succeed anyway. Honesty and frankness make you vulnerable. Be honest and frank anyway. The good you do today will be forgotten tomorrow. Do good anyway. The biggest people with the biggest ideas can be shot down by the people with the smallest minds. Think big anyway. People favor underdogs but follow only top dogs. Fight for some underdogs anyway. What you spend years building may be destroyed overnight. Build anyway. Give t...

လူ့အရည်အချင်း

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ရေးသားတော်မူသော "အောင်ပွဲဆင်မယ့် ခြေလှမ်းများ နှင့် မထေရ်မြတ်တို့ စကားဝိုင်း (၅)" စာအုပ်မှ ကြိုက်နှစ်သက်မိသော ဒဿနတစ်ချို့ကို မျှဝေလိုက်ပါတယ်။ "သေချင်တဲ့ကျား တောပြောင်း" ဆိုတာ ရှိသလို "တစ်ရွာမပြောင်း သူကောင်းမဖြစ်" ဆိုတာလည်း ရှိတယ်။ "သွားပါများ ခရီးရောက်" ဆိုတာ ရှိသလို "ခရီးသာတွင် ရွာစဉ်မမှတ်မိ" ဆိုတာလည်း ရှိတယ်။ အရေးကြီးဆုံး လူ့အရည်အချင်း ဆိုတာ သူကောင်းဖြစ်အောင် ခရီးရောက်အောင် ဆင်ခြင် လုပ်ဆောင်နိုင်စွမ်းပဲ။

တ၀က်ပြည့်နေသလား ... လျော့နေသလား

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) ရေးသားတဲ့ "စိတ်နှလုံး ရွှင်လန်းစေဖို့" စာအုပ်မှ ကြိုက်နှစ်သက်မိတဲ့ စာသားလေးတွေ အတွေးအခေါ်လေးတွေကို ပြန်ပြီး မျှဝေလိုပါတယ်။ ရေခွက်ထဲမှာ ရေတ၀က်ထည့်ထားတာ မြင်တဲ့အခါ တစ်ယောက်က "ရေခွက်ထဲမှာ ရေတ၀က် လျော့နေတယ်" လို့မြင်တယ်။ နောက်တစ်ယောက်က "ရေခွက်ထဲမှာ ရေတ၀က် ပြည့်နေတယ်"လို့ မြင်တယ်။ ဘယ်သူ့အမြင် မှန်သလဲ၊ နှစ်ယောက်လုံး မှန်ပါတယ်။ ဒါပေမယ့် "ရေခွက်ထဲမှာ ရေတ၀က်ပြည့်နေတယ်"လို့ မြင်တဲ့သူက အကောင်းမြင်တတ်လို့ စိတ်ချမ်းသာတယ်။ "ရေခွက်ထဲမှာ ရေတ၀က် လျော့နေတယ်"လို့ မြင်တဲ့သူက အဆိုးကိုမြင်လို့ စိတ်မချမ်းသာဘူး။ ရသလောက်ကိုလက်ခံပြီး နောက်ထပ်ရဖို့ ဆက်ကြိုးစားသင့်တယ်။ အခုရသလောက်ကို စိတ်မချမ်းသာတဲ့သူဟာ နောက်ထပ်ရလာလဲ တကယ်စိတ်ချမ်းသာနိုင်မှာ မဟုတ်ဘူး။ "လောဘရဲ့ သဘာဝဟာ ဘယ်လောက်ရရ နဲသေးတယ် ထင်တာပဲ။" ခွက်အပြည့် ရလာရင်လဲ ခွက်ကြီးကြီးထဲပြောင်းပြီး လောင်းထည့်လိုက်ရင် တ၀က်ရှိမှာပဲ။ ထည့်တဲ့ခွက်က ပိုကြီးလာလေ ပြည့်ဖို့မလွယ်လေပဲ။ ရသလောက်နဲ့ စိတ်ချမ်းသာအောင် နှလုံးသွင်းပြီးတော့ နောက်ထပ် ရနိုင်သလောက် စိတ်ချမ်းချမ်းသာသာနဲ့ ကြိုးစားနိုင်မှေ...

Never Give Up

H.E. Janson The man who wins may have been counted out several times, but he didn’t hear the referee. Never quit or give up….never…..never give up. Satchel Paige Never let your head hang down. Never give up and sit down and grieve. Find another way. Winston Churchill Never give in, never give in, never; never; never; never - in nothing, great or small, large or petty - never give in except to convictions of honor and good sense. Doug Williams Never give up, never give in, and when the upper hand is ours, may we have the ability to handle the win with the dignity that we absorbed the loss. Source : quotes.wordpress.com

ငါအိုသွားတဲ့အခါ

ငါအိုသွားတဲ့အခါ ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေ မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။ မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မညိုညင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။ ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။ စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး၊ လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။ အသက်ကြီးလာလ...

စာပေ နှင့် ဘ၀တိုးတက်အောင်မြင်မှု

စာပေဖြင့် သင့်ဘ၀ တိုးတက်အောင်မြင်မှုရလိုသည်ဆိုလျှင် ရှေးဦးစွာ သင်သည် ဤဘ၀၌ အဘယ်သို့သော နယ်ပယ်တွင် ကျင်လည်လှုပ်ရှားပါမည်၊ ပေါက်မြောက်အောင်မြင်အောင် ကြိုးပမ်းပါမည်ဟူ၍ ဦးတည်ရည်မှန်းထားပါသလဲ။ စဉ်းစားပါ။ ပြီးလျှင် ဖတ်စရာစာအုပ် ရွေးချယ်သည့်အခါ၌ ယင်းဦးတည်ရည်မှန်းချက်နှင့် ဆက်စပ်ပတ်သက်သယောင်ထင်ရသော စာအုပ်များကို တကယ်ဆက်စပ် မဆက်စပ် သေချာအောင် မြည်းစမ်းကြည့်ပါ။ အတန်အသင့်မျှ ပက်သက်သည့် စာအုပ်မျိုးဖြစ်လျှင် ခပ်သုတ်သုတ် မျိုချသော နည်းမျိုးဖြင့် ဖတ်ရှူ့ပါ။ မိမိနှင့် လုံးလုံးလျားလျား ဆက်စပ်ပက်သက်သည့် စာအုပ်မျိုးကိုမူ ညက်ညက်ကြေအောင် ၀ါး၊ အစာချေ၊ အသွေးအသားထဲ စုပ်ယူ ဟူသော နည်းမျိုးဖြင့် ဖတ်ရှူ့ပါ။ စာရေးဆရာ ဖေဖြင့် ရေးသားသော ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါစာအုပ်မှ (P-14)

အရက်တို့၏ သဘော သဘာဝ

၁။ ပထမတွင် စိတ်ထဲမှာ ပျော်လာသည်။ စကားများလာသည်။ ၀ိုင်းဖွဲ့၍ အပေါင်းအသင်းများလာ လေလေ လက်ပံပင်ကို ဆက်ရက်ကျသလို ရှိသဖြင့် ဆက်ရက်မင်းစည်းစိမ်ဟု ခေါ်ပါသည်။ ၂။ ဒုတိယအဆင့်တွင် စိတ်ဓာတ်ကြွလာသည်။ ဒေါသဖြစ်လာသည်။ ရန်လိုလာသည်။ ရမ်းချင်လာသည်။ ဘီလူးစည်းစိမ်ဟုခေါ်ပါသည်။ ၃။ အမူးလွန်ပြီး အိပ်ပျော်သွားသည်။ တွေ့ရာနေရာတွင် အိပ်ပျော်သွားသည်။ တော်တော်နှင့် မနိုးတော့ပါ။ နဂါးမင်းစည်းစိမ်ဟု ခေါ်ပါသည်။ ၄။ အိပ်ရာမှ နိုးသော် အမူးမပြေသေးဘဲ ခေါင်းကိုက်လာသည်။ ရေငတ်လာသည်။ စိတ်ဓာတ်ကျပြီး မရွှင်မလန်းဖြစ်လာသည်။ အရက်မူးစဉ်က ကြမ်းခဲ့ရမ်းခဲ့သည်များကို ပြန်သတိရမိပါက နောင်တရသလို ဖြစ်လာသည်။ အရက်နာကျပြီး လင်းတမှိုင်သလို ဖြစ်နေသဖြင့် လင်းတမင်း စည်းစိမ်ဟု ခေါ်ပါသည်။ လူငယ်နှင့်ကျန်းမာရေး - ဒေါက်တာမြင့်သန်း (ညောင်လေးပင်) ဆက်ရက်မင်းစည်းစိမ်လောက်ထိပဲ ကောင်းပါတယ်။ လင်းတမင်းစည်းစိမ်ထိ ရောက်သွားရင်တော့ မကောင်းတော့ဘူး။ မနေ့ကတော့ ရထားထဲမှာ နဂါးမင်းနဲ့ တွေ့လိုက်သေးတယ် (နဂါးတောင် ရိုးရိုးနဂါးမဟုတ်ဘူး ဆံရှည်နဂါး )။ ရထားထဲ မူးနေတယ် အဓိပ္ပာယ်မဲ့တာ ... အနံ့လေးတွေမှ လှိုင်နေတာပဲ (ဝေါ့)။ နောက်ပိုင်း ဘယ်စည်းစိမ်ထိ ရောက်သွားလဲတော့မသိဘူး။

GENIUS - ဂျီးနီးယပ်(စ်)

တကယ်ထူးချွန်ထက်မြတ်တဲ့ ပညာရှင်တိုင်းဟာ နဂိုဝါသနာအခြေခံပေါ်မှာ ထပ်တလဲလဲ လေ့ကျင့်မှု၊ သက်ဆိုင်ရာနယ်ပယ်နဲ့ ပက်သက်တဲ့ သိသင့် တတ်သင့်သမျှကို သိအောင် တတ်အောင် လေ့လာဆည်းပူးမှု ကိုယ်လုပ်တဲ့ အလုပ်တစ်ခုကို စိတ်တိုင်းမကျမချင်း လက်မလွှတ်တတ်မှု ဆိုတဲ့ ပညာသည်ကောင်းရဲ့ အကျင့်တွေ ထပ်ဆင့်ပေါင်းစပ်ပြီးမှသာ တစ်ဖတ်ကပ်းခတ်ကျွမ်းကျင်သူ (Expert) တွေ၊ အသက်မွေးနိုင်လောက်အောင် တတ်မြောက်သူ (Professional) တွေ၊ သူတကာထက် ထူးကဲထက်မြတ်တဲ့ ပါရမီရှင် (Genius) တွေဖြစ်လာကြတာ။ Source : GENIUS - ဖေမြင့်

Tools 4 Programmer N WedDesigner

Programer လား ? WebDesigner လား ? လာလာ ဒီကိုလာ ပစ္စည်းကိရိယာ အစုံအလင်ပေးမယ် :P လူတွေများ တူး( Digg )လိုက်ကြတာ တစ်ထောင်ကျော်နေပြီ