ဓာတ်ပုံတွေကို Lens Flare Filter သုံးပြီး လွယ်ကူစွာ Effect ထည့်နည်းပါ။ ဒီနည်းကို တွေ့မိတာ သိပ်မကြာသေးပါဘူး။ ပညာရပ်တစ်ခုကို ကျွမ်းကျင်အောင် လိုက်စားရတာ မလွယ်လှပါဘူး။ မသိသေးတာတွေ တပုံတပင်ကြီးပါတကား။ အထူးသဖြင့် ကွန်ပျူတာလို ပညာရပ်မျိုး ပိုဆိုးပါသေးတယ်။ ဒါပေမယ့်လည်း အသေးအမွှားလေးတွေကစပြီး အဆက်မပြတ်လေ့လာသွားရင် ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်မှာသေချာပါတယ်။ Keep in Touch ပေါ့ :) ဒီနည်းလေးကိုလည်း နောင်ခါမေ့သွားရင် ဘလော့ပေါ်မှာ ပြန်ဖတ်နိုင်အောင်နှင့် သူငယ်ချင်းတွေကိုလည်း မျှဝေချင်တာကြောင့် ပို့စ်တစ်ခုအနေနှင့် sharing လုပ်လိုက်ပါတယ်။ ၁။ New Document တစ်ခုကိုခေါ်ပြီး မိမိပြုလုပ်လိုသော ပုံကိုထည့်သွင်းပါ။ ၂။ Layer အသစ်တစ်ခု (Shift+Control+N) ဖန်တီးပြီး Paint Backet Tool ဖြင့် အနက်ရောင်ဖြည့်ပါ။ ထို့နောက် အနက်ရောင် Layer ထဲသို့ Lens Flare (Filter Menu > Render > Lens Flare) ထည့်သွင်းပါ။ 50-300mm Zoom ရွေးလျှင် ပိုပြီး ကြည့်ကောင်းပါလိမ့်မည်။ 3။ Lens Flare ထည့်သွင်းထားသော အနက်ရောင် Layer ကို select ပေးပြီး Layer Belndin Mode မှ Screen ကို ရွေးပါ။ (Linear Dodge နှင့်လည်း ကစားနိုင်သည်)။ Effect ထည်...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ