Skip to main content

Posts

Showing posts from April, 2008

မစိုးရိမ် ဆရာတော်ဘုရားကြီး ဦးကောဝိဒ ဘိဝံသ ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း

အမေရိကန်ပြည်ထောင်စု New York ပြည်နယ်မှာ သတင်းသုံးနေထိုင်နေတဲ့ သာသနာ့အာဇာနည် မစိုးရိမ်ဆရာတော်ဘုရားကြီး ဦးကောဝိဒ ဘိဝံသ သည် ဧပြီလ ၂၉ ရက်နေ့ တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားကြောင်း စိတ်မကောင်းစွာ ကြားသိရပါတယ်။

ရပ်ဝေး ရပ်နီးမှာ ဆရာတော်ဘုရားကြီး၏ တပည့် ဒါယိကာ ဒါယိကာများ သိစေဖို့ရာ သတင်းပါးလိုက်ရပါတယ်။ ဈာပန အခမ်းနားကို လာမည့် တနင်္ဂလာနေ့ မေလ ၅ ရက်နေ့မှာ ကျင်းပ ပြုလုပ်မှာဖြစ်တယ်လို့ သိရှိရပါတယ်ခင်ဗျာ။

နေမကောင်းပါဘူးဆိုမှ ဇွတ်

ယုဇနပလာဇာရှေ့၊ ရန်ကုန်မြို့ (Photo via mizzima)

Mizzima မှာ သတင်း သွားဖတ်ရင်း ဒီ ဓာတ်ပုံ (အဲ ... ချီးပုံ မဟုတ်ဘူးနော်) တွေ့လိုက်လို့ ပြန်လည်ဝေမျှလိုက်တာပါ။ ဒုတိယ စာကြောင်းလေးကိုတော့ ကြိုက်တယ်ဗျာ။ လုံးဝလွတ်လပ်ရေး တဲ့။ ဒါဆို သဘောက ခုချိန်ထိ လုံးဝ မလွတ်လပ်သေးတဲ့သဘောပေါ့ အင်း ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဘယ်နေရာသွားသွား ဘာပဲလုပ်လုပ် ပိတ်ပင်တားဆီးခံနေရတော့ လုံးဝ မလွတ်လပ်သေးတာတော့ အမှန်ပဲ။ နောက်ဆို လေတောင် ကောင်းကောင်းလည်ရပါ့မလား မသိ

All Kaspersky Keys in one place

Kaspersky Antivirus နှင့် Intersecurity Version 6, 7 အတွက် Update ဖြစ်တဲ့ Key တွေကို စုစည်းဖော်ပြပေးထားတဲ့ site တစ်ခုပါ။ Kaspersky ချစ်သူများ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Virus ကိုက်ခြင်း Spamware ဒုက္ခပေးခြင်းဘေးမှ ကင်းဝေးကြပါစေ

Tags: , , ,

Voting on the referendum

အခြေခံဥပဒေမူကြမ်းအတွက် မဲသွားပေးဖို့ ဒီနေ့ နေ့လည် ၂ နာရီလောက်မှာ မြန်မာသံရုံး တည်ရှိရာ 19 A Charles Street, London W1J 5DX သို့ သူငယ်ချင်းတစ်ယောက်နှင့်အတူ ရောက်ဖြစ်ခဲ့ပါတယ်။ သံရုံးရှေ့မှာလည်း မြန်မာတွေ တော်တော်များများ လာပြီး မဲပေးနေကြတာကိုလည်း တွေ့မြင်ရပါတယ်။ သံရုံးထဲ မဲပေးဖို့ ၀င်ခါနီးမှာ Passport ကို စစ်ပါတယ်။ အဲဒီနောက်မှတော့ မဲပေးဖို့အတွက် form ဖြည့်ပြီး စာရွက်လေးတစ်ခုကို ပေးလာပါတယ်။ စာရွက်မှာတော့ အခြေခံဥပဒေ မူကြမ်းကို ထောက်ခံ (သို့) ကန့်ကွက်ကြောင်း ဖြည့်စွက်ပြီး မဲပုံးထဲသို့ ထည့်ပေးခဲ့ ရုံပါပဲ။

ကျွန်တော်အပါအ၀င် မြန်မာပြည်သူတော်တော်များများ ဘယ်အဖြေကို ထည့်ကြမလဲဆိုတာကတော့ မေးနေစရာတောင် လိုမယ် မထင်ပါဘူး။

Calling You by Outlandish

ဘလော့လာဖတ်တဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ကိုဇော်မင်းထွန်းက သီချင်းတစ်ပုဒ် (Calling You by Outlandish) ကို တောင်းဆိုထားတဲ့အတွက် အွန်လိုင်းမှာ လိုက်ရှာပြီး တင်ထားပေးလိုက်ပါတယ်။ သီချင်းများနှင့် ပျော်ရွှင် အပန်းဖြေနိုင်ပါစေခင်ဗျာ။

Caricature artists at Leicester Square

London မြို့လယ် Leicester Square ၏ လူစည်ကားရာ နေရာတစ်နေရာဖြစ်ပြီး ညဥ့်နက်ပိုင်း ရောက်သည်ထိတိုင်အောင် စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများ၊ Casino ၀ိုင်းများနှင့် စည်ကားနေတတ်ပြီး Tour များ Londoner များ ပျော်ပါးရာ နေရာတစ်ခုဖြစ်ပါတယ်။ ပန်းခြံပတ်ပတ်လည်ကတော့ Caricature အနုပညာရှင်များ ၀မ်းကျောင်းမှုပြုရာ စားကျက်တစ်ခုဖြစ်ပါတယ်။

ပန်းခြံတစ်ဝိုက်ကို Live Web Cam နှင့် ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါ Link မှာ ကြည့်ရှူ့နိုင်ပါတယ်။

Leicester Square - Streaming Media Camera

Tags: , ,

မေတ္တာပို့ သီချင်း Remix နှင့်ပတ်သတ်၍

ကျွန်တော် အရင်က DJ တွေ ကုန်ကြမ်းရှားကုန်ပြီလား ဆိုတဲ့ နာမည်နှင့် ပို့စ်တစ်ခုကို ဘလော့မှာ တင်ခဲ့ဖူးပါတယ်။ အကြောင်းကတော့ အထက်ပါ မေတ္တာပို့တဲ့သီချင်း (ဘုရားသီချင်း လို့လည်း ယူဆလို့ရတယ်) လေးကို DJ လုပ်ပြစ်လိုက်လို့ပါ။ အဲဒီ ကိစ္စနှင့် ပက်သက်ပြီး Dj Wine ထံမှာ email တစ်ခုကို ဒီနေ့ ရရှိခဲ့ပါတယ်။ သူက ဘလော့မှာ ပြန်လည်ဖော်ပြပေးစေလိုတာကြောင့် တင်ပြပေးလိုက်ရပါတယ်။မေတ္တာပို့သီချင်း Remix နှင့်ပတ်သတ်၍ Myanmar Djs များမှပြန်လည်ရှင်းလင်းချက်...

အခုလုပ်ထားတဲ့သီချင်းက Dj Jay လုပ်ထားတာ မဟုတ်ပါဘူး။

ကျွန်တော် Dj Wine လုပ်ထားတဲ့သီချင်းပါ။ ကျွန်တော်က အစောကြီးထဲက အဲဒီလိုအပြောခံရမယ်ဆိုတာ သိပါတယ်။ဒါပေမယ့် သိစေချင်တာတခုက.. ကျွန်တော် အဲဒီမေတ္တာပို့သီချင်း ကိုပစ်စစ်လတ်ခတ် Remix လုပ်ထားတာမဟုတ်ပါဘူး.. သူ့ရဲ့ Original ကိုက သီချင်းဖြစ်နေလို့ ( Key တွေ Chord တွေ ပါနေလို့ ) ကျွန်တော်က သီချင်းအဖြစ်နဲ့ ပြန်လည်ပူဇော်ထားတာပါ။ သီချင်းလုပ်နေစဉ်ကာလတွေမှာလဲ.. သီချင်းမလုပ်ခင် , Computer ရှေ့မထိုင်ခင် , အရင်ဆုံး ဘုရားကန်တော့ , သတ္တဝါအားလုံးကို မေတ္တာပို့ပြီးမှ သီချင်းကိုစလုပ်တာပါ။

ထက်ပြီး ရှင်းအောင်ပြောရရင် DJ ဆိုတာအနုပညာရှင်ပါ။ မေတ…

Microsoft Windows Xp - Command-Line Reference A-Z

ကွန်ပျူတာနှင့် အလုပ်လုပ်နေတဲ့ လူတိုင်း (သို့) MS-DOS command ကို စိတ်ဝင်စားသူတွေအတွက် မရှိမဖြစ် သိမ်းထားသင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။ command တွေ ကလိကောင်းလွန်းလို့ ကွန်ပျူတာပျက်သွားရင်တော့ ကျွန်တော်နှင့် မဆိုင်ပါ

Dowanlod : MS Windows Xp - Command-Line Reference A-Z

Tags: , ,

ဦးမှုတ်ကြီး

ဘ၀ ၀မ်းတထွာအတွက် ရှာဖွေစားသောက်နေသူတွေထဲမှာ သူလည်း တစ်ဦးအပါအ၀င်ပေါ့။ သူကတော့ လေကိုပဲ အားကိုပြီး ရှာဖွေတယ်။ သူ့လိုပုံစံမျိုးကို နိုင်ငံရပ်ခြားက Train/Tube/Underground station တိုင်း လိုလိုမှာ တွေ့နိုင်ပါတယ်။ တစ်ချို့လည်း တစ်ကိုယ်တော်၊ တစ်ချို့လည်း အဖွဲ့လိုက်ပေါ့။ ကြည့်တော့သာ လမ်းပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ပိုက်ပိုက်ရှာနေရတာ၊ သူတို့ရဲ့ တစ်ရက်ဝင်ငွေကလည်း မဆိုးဘူးနော်

Tags: ,

ဘ၀ ၀မ်းတထွာ

ပိုက်ဆံရဖို့အတွက် လူတွေ နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေနေကြရပါတယ်။ ပညာကိုရင်းပြီး ရှာစားကြသလို၊ ခွန်အားကိုရင်းပြီးတော့လည်း ရှာစားကြရပါတယ်။ အဲဒီလို ရှာဖွေကြနေကြတဲ့ သူတွေထဲမှာ အောက်ပါ ဓာတ်ပုံနှစ်ပုံမှာပါတဲ့ သူတွေကိုရော ဘယ်စာရင်းထဲ ထည့်မလဲ ?

မလှုပ်မယှက် ပိုက်ဆံရှာနေသူတစ်ဦးလို့ ဆိုရမှာပေါ့

ခွေးတစ်ကောင်လို့တော့ မထင်လိုက်ပါနဲ့။ ဒါပေမဲ့ ပိုက်ဆံရဖို့အတွက် လူဟာ တစ်ခါတလေမှာ ခွေးဘ၀ကိုလည်း ရောက်သွားတတ်ပါတယ်။ သူဌေးဖြစ် ခွေးဖြစ်ဆိုသလိုပေါ့။ ဒီလိုနည်းနဲ့ ပိုက်ဆံရှားစားနေကြတဲ့သူတွေ London မြို့မှာ အများကြီးပါပဲ။

ဒီနေ့ မြို့ထဲမရောက်တာကြာပြီဖြစ်တာရယ်၊ လူမှုရေးကိစ္စတစ်ခုရယ်၊ အလုပ်ကိစ္စတစ်ခုရယ်ကြောင့် Central London ကို သူငယ်ချင်းနှစ်ယောက်နှင့် အတူ သွားဖြစ်ခဲ့ကြပါတယ်။ Convent Garden တစ်ဝိုက်မှာပဲ လျောက်လည်ပြီး ပြန်လာခဲ့ကြပါတယ်။ ရိုက်လာခဲ့တဲ့ ပုံတွေကတော့ အများကြီးပါပဲ။ နောက်နေ့ ဆက်ပါဦးမယ်။

Tags: ,

Adding a top of page icon link in blog

Blog တိုင်းမှာ ထည့်သွင်းထားသင့်တဲ့ Link Icon တစ်ခုလို့ ထင်ပါတယ်။ ကိုယ့်ဘလော့ရဲ့ ပို့စ်တွေကို reader တွေ ဖတ်ရင်း Blog Page ရဲ့ အောက်ဆုံးကို ရောက်သွားတဲ့အခါမှာ top of the page ကို ပြန်သွားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ကျွန်တော့် Blog ရဲ့ bottom-right hand corner မှာ ထည့်သွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။ ထည့်သွင်း အသုံးပြုပုံကတော့ အရမ်း လွယ်ကူပါတယ်။ Blogger မှာ sign in လုပ်၊ layout page ကိုသွားပြီး Add a page element ကို ရွေးရပါမယ်။ Element list ထဲကနေ HTML/Javascript ကိုရွေးပြီး အောက်ပါ coding ကို ထည့်သွင်းပေးလိုက်ရုံပါပဲ။
<a style="display:scroll;position:fixed;bottom:5px;right:5px;" href="#" title="Back to Top">
<img src="http://farm3.static.flickr.com/2112/2424600997_f0ef13d47b_o.gif"/></a>
Source : Blogger Buster

New Banner

နှစ်သစ်ရောက်ပြီဆိုတော့ အသစ်လေးတစ်ခု လုပ်ချင်တာနဲ့ Blog Banner ပြောင်းထားလိုက်ပါတယ်။ အစတုန်းက Template ပါ ပြောင်းမလို့ပဲ။ ဒါပေမဲ့ အချိန်အရမ်းကုန်တာကြောင့် မပြောင်းဖြစ်တော့ဘူး။ လုပ်ချင်တာထက် လုပ်သင့်တာတွေကို ဦးစားပေးရမယ် မဟုတ်လား နောက်ပိုင်းဆိုရင်တော့ wordpress ပြောင်းဖြစ်လိမ့်မယ်။

ကျွန်တော်ကလည်း Color တွေထဲမှာ Blue နဲ့ Skybule လောက်ပဲ crazy ဖြစ်တယ်။ သူငယ်ချင်းတွေရဲ့ မျက်စိထဲမှာတော့ "ပြာရည်မှိုင်းကာမို့မို့ ညို့ညို့ညိုလွင်" ဖြစ်နေမှာ သေချာတယ်

McAfee SiteAdvisor Plugin for Firefox

This plug-in performs a little background check on the Web sites you visit. Get a warning icon next to potentially dangerous results from popular search engines, along with an icon in your status bar that shows the risks and annoyances associated with the page you're viewing.

မိမိ browsing လုပ်နေတဲ့ site တွေ ဒါမှမဟုတ် search engine result တွေမှာ ပြလာတဲ့ site တွေရဲ့ ယုံကြည်စိတ်ချရမှု ရှိမရှိဆိုတာကို McAfee SiteAdvisor Plugin က ကူညီပေးသွားပါလိမ့်မယ်။ အစိမ်းပြနေရင်တော့ အိုကေ စိတ်ချရတယ်ဆိုတဲ့သဘော၊ အ၀ါပြနေရင် နည်းနည်း စဉ်းစားသင့်တယ်၊ အနီပြနေရင်တော့ သွားမလုပ်နဲ့ ကွိသွားမယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ Site တစ်ခုကို browsing မလုပ်ခင်မှာ siteadvisor.com မှာသွားပြီး အဲဒီ site နှင့်ပက်သက်တဲ့ report တွေကို ဖတ်ကြည့်သင့်ပါတယ်။ အသုံးပြုတဲ့ user တွေအတွက် စိတ်ချယုံကြည်ရမည့် plugin တစ်ခုဖြစ်ပြီး Firefox မှာပဲ အသုံးပြုနိုင်ပါတယ်။

Tags: , , ,

Happy Myanmar New Year

မင်္ဂလာရှိသော နှစ်သစ်ပါ ခင်ဗျာ ... နှစ်ဟောင်း တစ်နှစ်ကုန်လို့ နှစ်သစ်တစ်ခုကို ရောက်ပြန်ပါပြီ။ တစ်နှစ် တစ်နှစ်ကလည်း မြန်ပါ့။ အသက်တစ်နှစ် ပိုကြီးပြီး သေဖို့တစ်နှစ် ပိုနီးသွားပြီ စိတ်ထဲမှာ နှစ်သစ်ကူးအထိမ်းအမှတ် အနေနဲ့ ဘုရားမှာ ဆုတောင်းချင်တာလေးတွေရှိတယ်။
ဒီ အသက် ဒီ အရွယ်အထိ မတောင့်မတ မကြောင့်မကျဖြစ်အောင် ကျွေးမွေးပြုစုလာခဲ့တဲ့ ဖေဖေ နှင့် (မေမေ) ကျန်းမာ ချမ်းသာပါစေ။မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပြီး လူအချင်းချင်း နှိပ်စက်ခြင်း ဘေးမှ ကင်းဝေးနိုင်ပါစေ။
သူငယ်ချင်း မိတ်ဆွေများလည်း နှစ်သစ်မှာ အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ပြီး ကျန်းမာရွှင်လန်းကြပါစေ။မြန်မာပြည်တစ်လွှား မီးဘေး၊ စစ်ဘေး၊ အငတ်ဘေး ဒုက္ခများမှလည်း ကင်းဝေးပါစေ။
ဒီလို နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မန္တလေး မဟာမြတ်မုနိဘုရားကြီးသို့ အမြဲသွားလေ့ရှိတယ်။ အခုတော့ စိတ်ထဲကပဲ ဘုရားကြီးကို အာရုံပြု ဆုတောင်းလိုက်ပါတယ်။

Tags: , , ,

Demonoid.com back online

ကျွန်တော်အနှစ်သက်ဆုံး torrent site တစ်ခုဖြစ်တဲ့ Demonoid.com ဟာ လအနည်းငယ်မျှ ပြန်ပိတ်သွားပြီးတဲ့နောက် အခုတစ်ဖန် ပြန်လည်ပေါ်ပေါက်လာပါပြီ။ အင်တာနက်မှ လိုတာလေးတွေရှာပြီဆိုရင် မသွားမဖြစ် သွားရောက်ရှာဖွေရတဲ့ နေရာတစ်ခုထဲပါ သူလည်း အပါအ၀င်ပါပဲ။ မြန်မာပြည်မှာတော့ torrent တွေကို ပိတ်ထားပါတယ်။

Demonoid က download ဆွဲချတဲ့ torrent တွေဟာ အရမ်းမြန်ဆန်ပြီး virus free ဖြစ်တာကြောင့် user တွေလည်း အရမ်းများလာပါတယ်။ ဒါပေမဲ့ invitation code ပေးမှ invite လုပ်လို့ရတာဖြစ်ပါတယ်။ ကျွန်တော် register လုပ်ထားတာကြာပြီ ဖြစ်တဲ့အတွက် invitation code ထုတ်ပေးလို့ ရပါပြီ။ အဲဒါကြောင့် အသုံးပြုချင်တဲ့သူများ ဒီပို့စ်မှာ comment ပေးထားခဲ့၍သော်လည်းကောင်း ကျွန်တော့်ဆီကို email ပို့၍သော်လည်းကောင်း invitation code ကို ရယူနိုင်ပါတယ်။

demonoid ပြန်ပွင့်သွားခဲ့ပေမယ့် Torrentspy ကတော့ Goodbye ပြသွားပါပြီ။ ဒါပေမဲ့ demonoid ပြန်လာတာ အားလုံးအတွက် ၀မ်းသာစရာတစ်ခုပါ။

ကျန်းမာပျော်ရွှင်ပါစေ။

Colindale Thingyan 2008

မင်္ဂလာရှိသော မြန်မာ နှစ်သစ်ကို ကြိုဆိုပါတယ်ခင်ဗျာ။ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

ကျွန်တော်တို့ UK ရောက် မြန်မာများရဲ့ သင်္ကြန်ပွဲတော်ကို မနေ့က St Matthias Church, Colindale UK မှာ ကျင်းပခဲ့ပါတယ်။ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ သီလခံယူပွဲ၊ ပြဇာတ်၊ အငြိမ့်၊ သီချင်းဖျော်ဖြေမှုတို့ဖြင့် နှစ်သစ်သင်္ကြန်ကို ခမ်းနားစွာ ကြိုဆို ကျင်းပခဲ့ကြပါတယ်။

ဓာတ်ပုံများကို Picasa Web Album မှာ တင်ထားပါတယ်။ အောက်ပါလင့်ခ်မှာ ကြည့်ရှူ့နိုင်ပါတယ်ခင်ဗျာ။ ကျန်းမာပျော်ရွှင်ပါစေ။




Colindale Thingyan 2008 - Picasa Album

သာဓုခေါ် ကောင်းချီးပေးပါ အမေ

နှစ်ဟောင်းကုန်လို့ နှစ်ကူးပြန်တော့မယ်
မေ့လို့ရတဲ့ အတိတ်တွေကို ထားခဲ့ပေမယ့်လည်း
မေလို့မရတဲ့ အဖြစ်အပျက်တွေကတော့ ရှိနေဆဲပေါ့

မေလို့မရတဲ့ အရာတွေထဲမှာ
အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတွေက အဆိုးဆုံးပဲ

ဒီလိုပဲ ကျွန်တော့ဘ၀မှာလည်း
အမေဆိုတဲ့ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီး ကြုံခဲ့ရပြီလေ

အမေ ...

ကံကြမ္မာဂြိုလ်ဆိုးကြောင့် လောကကြီးကနေ
ရုတ်တရတ် နှုတ်မဆက် ထွက်ခွာသွားခဲ့ရတယ်နော်
အမေမရှိတော့မှ အမေ့တန်ဘိုး ပိုပိုပြီး သိလာရတယ်ဆိုသလိုပါပဲ
ချစ်လို့မ၀သေးဘူး အမေရယ် ...

အမြတ်ဆုံး ပညာအမွေ သားတို့ကို ပေးခဲ့နိုင်တဲ့အတွက်
တမလွန်မှာ အမေကျေနပ် ၀မ်းသာပါတော့

ဘ၀ပင်လယ်မှာ လှိုင်းတွေထန်တိုင်း
အမေ့ရဲ့ သွန်သင်ဆုံးမမှုတွေကို လိုက်နာပြီး
သားတို့ ကြံ့ကြံ့ခံ ရင်ဆိုင်သွားပါမယ် အမေ

လူတစ်လုံး သူတစ်လုံးဖြစ်အောင်
အိပ်ထိန်းပြုစု ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့
အမေ့ မွေးကျေးဇူး ကျွေးကျေးဇူးတွေကို
သားတို့ ပြန်ဆပ်လို့်မကုန်ပါဘူးအမေ

ဒါပေမဲ့ ...

အမေဖြစ်ချင်တဲ့ ဆန္ဒတွေ၊ အမေရဲ့ ရည်မှန်းချက်တွေကို
သားတို့ ဆက်လက်ဖြည့်ဆည်းနေပါတယ် အမေ
သားတို့ရဲ့ စွမ်းဆောင်မှု၊ ကြိုးစားမှုတွေကို
အမေရောက်ရာ ဘုံဘ၀မှ
ဝမ်းမြောက်စွာ သာဓုခေါ် ကောင်းချီးပေးပါ အမေ။

၁၁.၉.၀၇ တွင် ကွန်လွယ်သွားသော မေမေ ဒေါ်ေ…

Tilt-Shift Photography

Before

After

ဒီလို effect ပုံစံကို ဓာတ်ပုံပညာ အခေါ်အဝေါ်အရ Tilt Shift technique လို့ခေါ်ကြောင်း မှတ်သားရပါတယ်။ ဓာတ်ပုံ နှင့် Design ပညာလေ့လာနေသူတွေအတွက်တော့ အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ အဆင့်မြင့် Digital Camera တွေမှာသုံးတဲ့ Tilt Shift Lens တွေဟာ အင်မတန် ဈေးကြီးပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့လို အပျော်တမ်း ကင်မရာသမားတွေအတွက် ဒီလို effect မျိုးကို Len တွေမလိုဘဲ Photoshop သိရုံနဲ့ ဖန်တီးလုပ်ယူနိုင်ပါတယ်။ အရိုးရှင်းဆုံးပြောမယ်ဆိုရင် ဓာတ်ပုံတစ်ပုံမှာ လိုချင်တဲ့ Focus ကို ချန်ထားပြီး ကျန်တဲ့အပိုင်းတွေကို Blur လိုက်တာပါပဲ။

Tutorial ကို ဒီနေရာ မှာ လေ့လာနိုင်ပြီး examples တွေကို ဒီမှာ ကြည့်ရှူ့နိုင်ပါတယ်။

Tags: , , ,

Olympic Torch Protest London

အိုလံပစ် မီးရှူးတိုင်ကို ၀င်လုကြတဲ့ တိဘက်တွေ စိတ်ဓာတ်ပြင်းပြပြီး ပေါက်ကွဲနေကြတယ်။ ဒီကိစ္စ ဖြစ်သွားပြီးတဲ့ နောက်မှာ London Metropolitan Police တွေလည်း security ညံ့ဖျင်းမှုကြောင့် အရှက် လုံးလုံး ကွဲတာပဲ။ မြန်မာပြည် နှင့် တိဘက် သွေးသံတွေအောက်က လွတ်ကင်းပြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ။
Tags: , ,

အမေလူထုဒေါ်အမာအတွက် ၀မ်းနည်းကြေကွဲခြင်း

ဒီနေ့မနက် (7.04.08) တွင် အမေလူထုဒေါ်အမာ (၉၃နှစ်) ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူ ထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်။ မန္တလေးရဲ့ဂုဏ်ဆောင် စာပေအာဇာနည်တစ်ဦး ကြွေလွင့် သွားပြန်ပြီပေါ့။

အမေလူထုဒေါ်အမာ ကောင်းရာ သုဂတိ လားပါစေ။

BSO Thingyan သွားမယ်

မနက်ဖြန် BSO (Burmese Student Organisation) မှ ကျင်းပပြုလုပ်မည့် သင်္ကြန်ပွဲကို သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ဓာတ်ပုံတွေလည်း ရိုက်ခဲ့မယ်။ သင်္ကြန်အလွမ်းပြေပေါ့။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကတော့ အချိန်မဟုတ် အခါမဟုတ် သင်္ကြန်ကျတော့ Feeling မလာလို့ မသွားတော့ဘူးတဲ့။ ကျွန်တော်ကတော့ စိတ်ပြေလက်ပျောက် သင်္ကြန်အလွမ်းပြေအနေနဲ့ သွားလိုက်ဦးမယ်ဗျာ။

မနက်ဖြန်မှ ဓာတ်ပုံတွေနဲ့အတူ ပြန်တွေ့ကြတာပေါ့။ နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေဗျာ။

Scotch Tape Effect

Learn Tutorial

Tutorial ရေးဖို့ပါပဲ။ ဒါပေမဲ့ စိတ်မပါတာရယ် ရေးရမှာ ပျင်းတာရယ်ကြောင့် Link ကိုပဲ မျှဝေပေးလိုက်ပါတယ်။ ရိုးရှင်းတဲ့ tutorial လေးတစ်ခုပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

ကျန်းမာပျော်ရွှင်ပါစေ

DJ တွေ ကုန်ကြမ်း ရှားနေပြီလား

မေတ္တာပို့တဲ့ သီချင်းက အစ DJ လုပ်ပြစ်လိုက်ပြီ။ တော်လွန်းပါတယ် DJ တို့ရယ်။ ကြည့်ကြပ်လည်း လုပ်ကြပါဦး။ မေတ္တာပို့တဲ့သီချင်း ဖြစ်တဲ့အတွက် သီချင်းရဲ့ video ထဲမှာ ဘုရားပုံ၊ ဘာသာရေးနဲ့ ပက်သက်တဲ့ ပုံတွေပဲ မြင်ပါရစေ။ အဆိုတော်၊ DJ တွေပါ ပါနေတာ စိတ်ထဲမှာကြည့်ရတာ တစ်မျိုးဖြစ်နေသလားလို့။

ကြက်ဖတညှင် တောကိုဝင်၊ တောင်ပေါ်ကရှမ်းကလေး လျှော်ထမ်းလို့ပြေး စတာတွေက အစ အကုန်ပါတယ်နော်။ နောက်ဆို အောင်ခြင်းရှစ်ပါး DJ ဆိုပြီးများ ထွက်လာမလား မသိဘူး။

Video from : Burmese Classic

ရှမ်းတိုဖူး (သို့မဟုတ်) တိုဖူးပျော့

"တစ်နပ်ကယ် ၀၀ စားလိုက်ရရင်ဖြင့် အာဂပါးစပ် လူဖြစ်ရကျိုးနပ်ပြီဟေ့"

ရေသည်ယောင်္ကျား တမ်းတခဲ့တဲ့ စာသားလေးပါ။ အခုတော့ မိမိနိုင်ငံရဲ့အပြင်ကို ရောက်နေတဲ့သူတွေအတွက် အဲဒီစာသားလေးက တကယ်ကို ဖြစ်နေပြီထင်တာပဲ။ အခုလည်း အရည်မရ အဖတ်မရ ငတ်လိုက် .. အဲ တမ်းတလိုက်ဦးမယ်။ ရှမ်းတိုဖူးလေ တချို့ကလည်း ရှမ်းတိုဟူးလို့ ခေါ်ကြတယ်။ ရှမ်းပြည်နဲ့ မန္တလေးကလူတွေ တော်တော်များများကတော့ ကြိုက်ကြ စားဖူးကြပါတယ်။ ရန်ကုန်မှာလည်း လမ်းဘေးက ရှမ်းခေါက်ဆွဲဆိုင်တွေမှာလည်း ရောင်းကြပါတယ်။ အရသာကတော့ မတူဘူးပေါ့။ ကိုယ့်ဘက်ကို ယက်ပြီးပြောဦးမယ် မန္တလေးက တိုဖူးပျော့ကို အကြိုက်ဆုံးပဲ။ အဲဒီထက်ကောင်းတာက တောင်ကြီးသွားတုန်းက စားခဲ့ဖူးတဲ့ တိုဖူးပျော့ပဲ။ စိတ်သာပါလို့ကတော့ နှစ်ပွဲလောက် ကုန်တယ်

ငယ်ငယ်တုန်းကတည်းက စားခဲ့ဖူးပါတယ်။ မေမေ့ကို မနက်ပိုင်း မြို့သစ်က VEC စာသင်ဆောင်တွေကို လိုက်ပို့တုန်းက အပြန်ဆိုရင် သားအမိနှစ်ယောက် အမြဲဝင်ဝင်စားကြတယ်။ ဆောင်းတွင်း မနက်ခင်းလေးဆိုရင် ပူပူနွေးနွေးလေး စားရတာ အရမ်းမြိန်တယ်။ မေမေဆို သိပ်ကြိုက်တာ။

မေမြို့ညဈေး(ရတနာပုံဈေးအနီးနား) မှာဆိုရင် ညပိုင်း ရှမ်းခေါက်ဆွဲ နှင့် တိုဖူးပျော့ ရောင်းတဲ့ဆိုင်တွေ ပေါမှပေါပဲ။ ကွ…

မန္တလေးသင်္ကြန်ရေ ဖိုးချမ်းလာပြီ

သင်္ကြန်ကို မန်းလေး ပြန်လာဖြစ်ဖို့လုပ်ထားတာ အောင်မြင်သွားပါပြီ။ ကျွန်တော်မျိုး ဧပြီ ၁၀ ရက်နေ့မှာ လုံဒုံ Heathrow ကနေစပြီးထွက်လာပါမယ်။ ၁၁ ရက်နေ့ညမှာ ရန်ကုန်ကိုရောက်ဖြစ်ပါမယ်။ ရန်ကုန်ရောက်ပြီးရင်တော့ ရန်ကုန်က သူငယ်ချင်းတွေ ဘော်ဒါတွေနဲ့ နှစ်ရက်လောက်နေဦးမယ်။ သူငယ်ချင်းတို့ရေ ကိုယ်လာပြီ ဟဲဟဲ။

ရန်ကုန်မှာ အ၀သောက် အဲ အ၀လည်ပြီးသည့်နောက်တွင် ၁၂ ရက်နေ့ညနေမှာ ကားနဲ့ မန်းလေးကို ပြန်မယ်။ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ မန်းလေး ရွှေမြို့တော်ကြီးသို့ ဆိုက်ရောက်ပါမယ်။ သင်္ကြန်ကို မန်းလေးမှာ တ၀ကြီးလည်ပြီးမှ ဧပြီ လကုန်မှာ London ကို ပြန်မယ်။ မန်းလေးသင်္ကြန်ကို လာခဲ့ဖို့လည်း သူငယ်ချင်းတွေကို ကြိုပြီး ဖိတ်ခေါ်လိုက်ပါတယ်။

ရန်ကုန်မှ မန်းလေးသို့လာဖြစ်မည့် သူငယ်ချင်းများ ဘလော်ဂါများ email လေးသာပို့လိုက်ပါ။ မန်းလေး ဘူတာကြီး သို့မဟုတ် ကားဂိတ်အရောက် လာကြိုပေးပါမယ်။ အခုတော့ ပြန်ဖို့အတွက် လက်ကျန်ကိစ္စလေးတွေ နည်းနည်း ဖြတ်လိုက်ဦးမယ်။ တာ့တာ


ဒီနေ့ဘာနေ့လဲ? ပို့စ်နဲ့ ရက်စွဲကို သေချာစဉ်းစားပါ ... ဒန် တန့် တန်