Skip to main content

Posts

Showing posts from January, 2008

Pencil sketch effect in Photoshop

Photoshop မှာ Pencil sketch effect လုပ်တဲ့နည်းကို မှတ်တမ်းတင် မျှဝေပါဦးမယ်။ လူဆိုတာကလည်း တစ်ခါတလေမှာ အလွယ်ကြိုက်တော့ နည်း နှစ်နည်းလုံး မှတ်ထားလိုက်တယ်။ အလွယ်ကြိုက်တယ်ဆိုတာ ပြောခံရတာသာဆိုးတာ အချိန်ကုန်တော့ သက်သာတယ်ဗျ။ ကဲပါ ဘာပဲဖြစ်ဖြစ်ပေါ့ ... အဲဒါကို ဆက်ပြီး ပွားနေရင် လိုရင်းရောက်မှာ မဟုတ်တော့ဘူး :P စလုပ်ကြည့်ရအောင် ၁။ မိမိပြုလုပ်လိုသော ပုံကို Photoshop မှာ open (Ctrl+O) ပါ။ ၂။ Open လုပ်ပြီး လက်ရှိ ရှိနေသော Layer ကို Duplicate (Ctrl+J) လုပ်ပါ။ ၃။ Duplicate လုပ်ပြီး ရရှိလာသော Layer ကို select ပေးပြီး Desaturate (Image > Adjustments > Desaturate) or (Ctrl+Shift+U) လုပ်ပါ။ Black and White အဖြစ်သို့ ပြောင်းလဲသွားပါလိမ့်မည်။ ၄။ Desaturate လုပ်ထားသော Layer ကို select ပေးပြီး Duplicate (Ctrl+J) လုပ်ပါ။ ရရှိလာသော Layer ကို select ပေးပြီး Inverse (Ctrl+I) လုပ်ပါ။ ၅။ Inverse လုပ်ထားသော Layer ကို select ပေးထားပြီး Blending Mode မှ Color Dodge ကိုရွေးပါ။ ၆။ ထို့နောက် Filter > Blur > Gaussian Blur ကိုရွေးပါ။ Radius သည် 5 to 6 အတွင်း ထားမှသာ အဆင်ပြေပါလိမ့်မည်။ Radius သတ်မှတ်ပြီး OK ပေး

ကျွန်တော်သိသော ဓာတ်ပုံများအကြောင်း

Blog post တွေမှာ ပုံလေးတွေနဲ့တကွ ဖော်ပြရင် စာဖတ်တဲ့သူကိုလည်း ဆွဲဆောင်မှုရှိသလို အဓိပ္ပာယ်၊ ဆိုလိုရင်းကိုလည်း ကွက်ကွက်ကွင်းကွင်း မြင်နိုင်စေပါသည်။ သို့သော်လည်း ထည့်သွင်းအသုံးပြုမည့် ဓာတ်ပုံများနှင့် ပက်သက်ပြီး သိသင့်တာလေးတွေ၊ ရှောင်သင့်တာလေးတွေ၊ ဆောင်သင့်တာလေးတွေကို အနည်းငယ် စာကြောရှည်ပြလိုပါသည်။ Free Image Sources Blog ရေးသားသူများအနေဖြင့် Post အများစုတွင် မိမိကိုယ်ပိုင်ဓာတ်ပုံများကို ထည့်သွင်းအသုံးပြုကြ ပါသည်။ (ဥပမာ - ခရီးသွားတဲ့အကြောင်း ပို့စ်ရေးသားသူများ) သို့သော် တစ်ခါတရံ၌ ဓာတ်ပုံရှာဖွေ၍မရသည့် အခြေအနေမျိုး၌ Internet ထဲမှာဓာတ်ပုံများ အများအားဖြင့် Google Image Search မှ ဓာတ်ပုံများကို ထည့်သွင်းအသုံးပြုကြပါသည်။ ထိုသို့ ရှာဖွေအသုံးပြုရာတွင် Copyright ရှိသော Photo များနှင့် မရှိသော Photo များကို တွေ့ရပါလိမ့်မည်။ Google Image Search တွင်ပါဝင်သော Photo အများစုမှာ Copyright လုပ်ပြီးသား Photo များဖြစ်ပါသည်။ ထို့ကြောင့် ဓာတ်ပုံများထည့်သွင်းဖော်ပြပြီး Post ရေးသားချင်သူများအတွက် အောက်ဖော်ပြပါ Copyright လွတ်ကင်း၍ ဓာတ်ပုံများ အလကား ဒလဟောယူနိုင်သော site များကို တင်ပြပေးလိုက်ရပါသည်။ Stock.xchng St

ကိုယ် မညာတော့ဘူး (သို့) သီချင်းအေးအေးလေးတစ်ပုဒ်

ကိုယ် မညာတော့ဘူး ဆို-N ကိုင်ရာ ရေး - R ခိုင် အရှိကိုအရှိတိုင်းသာဖွင့်ပြောမည် မြင်မြင်ချင်းမင်းကိုချစ်သွားသည် ပိုင်ဆိုင်တဲ့အသည်းကို အရှုံးပေးခဲ့ရ ဒါအချစ်ပဲလား စိတ်မှာမောသည် နားလည်မှုတံခါးတွေဖွင့်ထားသည် အကြင်နာစကားလေးတွေမျက်ဝန်းဆီ ပိုင်ရှင်မဲ့အချစ်ကို ပေးအပ်ခဲ့ပြီ ကိုယ် မညာတော့ဘူးမင်းကိုချစ်သည် မင်း ပြုံးလိုက်ရင်လည်း အိပ်မက်တွေအထိပဲလိုက်နှောင့်ယှက်သည် အိပ်မက်ထဲမှာလို ဘယ်အချိန်ပဲကြည့်ကြည့် ပြန်တွေးတိုင်းရင်ခုန်လာသည် ချစ်သူလေးရှိရာ ဟို အဝေးဆီ လာရာလမ်းလေးကို မျှော်တတ်ပြီ ပိုင်ဆိုင်ခွင့်ဘ၀ကိုပေးအပ်ခဲ့ပြီ ကိုယ် မညာတော့ဘူးမင်းကိုချစ်သည်

Rambo IV

Run Time: 93 minutes Genre: Action/Adventure Locations: Thailand Budget: $50 Million Produced by: LIONSGATE Films EMMETT/FURLA Millennium Films Inc. Distributors: Lions Gate Films Inc. Directed by: Sylvester Stallone Stallone ရဲ့ နောက်ဆုံးထွက် ဇာတ်ကားတစ်ခုဖြစ်တဲ့ Rambo IV ဟာ တစ်ကမ္ဘာလုံးမှာ ဟိုးလေးတကျော်ကျော် ကျော်ကြားနေပါပြီ။ ပြီးခဲ့တဲ့ အပတ်ကပဲ US မှာ စတင်ရုံတင်ပြီး ပြသခဲ့ပါတယ်။ အင်တာနက်ရှိနေသူများအတွက်ကတော့ ရုံမှာသွားပြီးမကြည့်ချင်တော့ပါဘူး (ကျွန်တော့်အမြင်)။ ပိုက်ဆံကုန်သလို၊ အန္တရာယ်လည်း နဲနဲရှိတယ်ထင်လို့ပါ (ဘာရယ်မဟုတ်ဘူး ကိုယ့်ဘာသာ တွေးပြီးလန့်တာ)။ အခုတော့ အဆင်ပြေသွားပါပြီ။ Online ကပဲကြည့်ကြည့်၊ Download လုပ်၊ သိမ်းထားပြီးတော့ပဲ ကြည့်ချင်ရင်ဖြစ်ဖြစ် အားလုံးအိုကေသွားပါပြီ။ အောက်ဖေါ်ပြပါ Link များကို အသုံးပြုပြီး အပန်းဖြေ (သို့) ကိုယ့်ပေါင်ကို လှန်ထောင်းနိုင်ကြပါပြီ။ ကျွန်တော်လည်း Torrent ကိုသုံးပြီး အခုလေးတင် Download လုပ်ပြီးသွားလို့ ကိုယ့်ပေါင်ကိုလှန်ထောင်းလိုက် .... အဲ ... ကြည့်လိုက်ဦးမယ် :D ကျန်းမာပျော်ရွှင်ပါစေ :) John Rambo 4 Watch Online John Rambo 4 Torrent

Welcome back to London

၂၈ ရက်နေ့ ညပိုင်း Flight (TG) နဲ့ ၇:၄၅ မှာထွက်လာတာ ဘန်ကောက်ကို ၉:၂၅ လောက်မှာရောက်တယ်။ ဘန်ကောက်ကနေ ည ၁၂ ခွဲမှာ (TGနဲ့) ပြန်ပြီးထွက်လာတာ ဒီနေ့မနက် London စံတော်ချိန် ၇ နာရီလောက်မှာ လေယာဉ်ဆိုက်တယ်။ ဘန်ကောက်နဲ့ လန်ဒန်နဲ့ ၁၃ နာရီကျော် ၁၄ နာရီနီးပါးလောက်ကြတယ်။ လေဆိပ်ရောက်တော့ ကျွန်တော့်အစ်မနဲ့ စိုးစိုးကြည် တို့လာကြိုတယ်။ ရာသီဥတုကတော့ နဲနဲလေးအေးနေတယ်။ လမ်းခရီးကတော့ ချောချော မွေ့မွေ့ပါပဲ။ ဒါပေမဲ့ ပစ္စည်းလေးနှစ်ခု ပါသွားတယ်။ ရန်ကုန်လေဆိပ်မှာတုန်းက လက်သည်းညှပ်၊ ဓား စတဲ့ ပစ္စည်းလေးတွေပါတဲ့ Tool လေးပါသွားတယ်။ ထိုင်းကအထွက်မှာလည်း ခေါင်းလိမ်းဆီဘူးလေးကို Oversize ဖြစ်လို့ဆိုပြီး ပေးလိုက်ရတယ်။ အင်း ... တော်သေးတယ် တစ်ခြား Oversize လေးတွေ ပါမသွားလို့။ မဟုတ်ရင်တော့ ဒုက္ခပဲ။ ရန်ကုန်လေဆိပ် လေယာဉ်ပေါ်တက်ခါနီးအထိ လိုက်ပြီး ပို့ဆောင်ပေးတဲ့ ကိုဖိုးသူတော် ကိုလည်း ကျေးဇူးတင်ပါတယ်။ မနက်ပိုင်း အခန်းပြန်ရောက်ပြီး အွန်လိုင်းတက်ခါစမှာပဲ " ကိုနေဘုန်းလတ်ကို ရဲတွေဖမ်းသွားပြီ " ဆိုတဲ့ စိတ်မကောင်းစရာ သတင်းတစ်ခု ကြားလိုက်ရတယ်။ ကိုနေဘုန်းလတ် အမြန်ဆုံးအဆင်ပြေပြီး ငြိမ်းငြိမ်းချမ်းချမ်းရှိပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိ

ပိုက်ဆံ | အကြွေလည်ပတ်မှု စနစ်

မနက်ပိုင်း ၉ နာရီလောက် Visa ၀င်ဖို့အတွက် စာစီစရာရှိတာလေးတွေလုပ်ဖို့ မိတ္တူဆိုင်ကို ထွက်လာခဲ့တယ်။ ဆိုင်ကိုလည်းရောက်ရော လူတွေအရမ်းများနေလို့ ခဏထိုင်စောင့်နေရတယ်။ အဲဒီအချိန်မှာ ကိုရင်လေးတစ်ပါးဝင်လာပြီး ဆိုင်ထဲကလူရဲ့လက်ထဲကို တစ်ဆယ်တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန် နှင့် တစ်ရာတန်ပါတဲ့ အကြွေတွေထည့်လိုက်တယ်။ အစကတော့ မသိသေးဘူး။ နောက်ပိုင်းမှ သဘောပေါက်တော့တယ်။ ဆိုင်တွေမှာ အကြွေက အရမ်းရှားတော့ ကိုရင်လေးတွေ အလှူခံလို့ရလာတဲ့ အကြွေတွေကိုပဲ ပြန်လဲကြရတော့တယ်။ မနက်ပိုင်း ကိုးနာရီ၊ ဆယ်နာရီလောက်မှာ လာပြီးလဲတာတောင် ကိုရင်လေး ၁၀၀၀ ကျော်ကျော်လောက်ရလိုက်တယ်။ နောက်တစ်ပါး လာပြီးလဲသွားတာက သူ့ထက်ပိုများသေးတယ်။ ဒီအတိုင်းတွက်ကြည့်ရင် ကိုရင်တစ်ပါးက တစ်နေ့ဝင်ငွေ အနည်းဆုံး ၁၀၀၀ ကနေ ၃၀၀၀ ကြားမှာရှိလောက်တယ်နော့။ ကိုရင်လေးတွေကို မေးကြည့်တော့ သာကေတ ကနေလာပြီး ဆွမ်းခံကြတာတဲ့။ ဘာသာရေးရှူ့ထောင့်ကကြည့်မယ်ဆိုရင်တော့ သိပ်မကောင်းပေမယ့်။ ဈေးဆိုင်တွေအတွက် ဒါမှမဟုတ် အကြွေလည်ပတ်ဖို့အတွက်ကတော့ အဆင်ကိုပြေနေတာပဲ။ မန္တလေးမှာတုန်းကလည်း တစ်နေ့သော ညနေပိုင်းမှာ မဟာနွယ်ဆိုတဲ့ လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေတုန်း သူတောင်းစားအဘွားကြီးတစ်ယောက် အကြွေတွေ

ပြာသိုလပြည့် | အမေများနေ့

အမေမရှိတော့ပေမယ့် ... အဖေရှိနေသေးတဲ့အတွက် ကျွန်တော့်အတွက်တော့ အဖေလည်း အမေ ... အမေလည်း အဖေပါပဲလေ ဒါပေမဲ့ ငယ်ငယ်လေးကတည်းက အေးချမ်းမှု၊ နွေးထွေးမှုမေတ္တာတွေ အမြဲပေးခဲ့တဲ့ အမေ ကံကြမ္မာဂြိုလ်ဆိုးရဲ့ နှိပ်စက်မှုကြောင့် လောကကြီးကနေ ရုတ်တရတ် နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ရတယ် ရာသီအလီလီပြောင်းလဲ လတွေနှစ်တွေ ဟောင်းခဲ့ပေမဲ့လည်း အေးချမ်းလှတဲ့ အမေ့ရဲ့မေတ္တာရင်ခွင်ကိုတော့ သား ... ထာဝရငတ်မွတ် လွမ်းဆွတ်နေဆဲပါ အမေ ၂၀၀၇ စက်တင်ဘာ (၁၁) ရက်နေ့တွင် ကွယ်လွန်သွားသော အမေသို့ ဦးခိုက်ကန်တော့လျှက်

ကံကြမ္မာ နှင့် လူသား

ဦးအောင်သင်းရေးတဲ့ "မျိုးဆက်သစ် တိုးတက်ရစ်ဖို့ - ၃" စာအုပ်ထဲက စာသားလေးတစ်ချို့ကို မျှဝေချင်ပါတယ်။ Fortune knocks at evey man's door once in a life, but in a good many cases the man is in a neighbouring sloon and does not hear her. " တစ်သက်တစ်ခါ၊ ကောင်းကြမ္မာ၊ တခါးလာ၍ ခေါက်စမြဲ " သို့သော် များသောအားဖြင့် လမ်းထိပ်က ဘုံဆိုင်ရောက်နေသောကြောင့် တံခါးခေါက်သံကို မကြားလိုက်မိချေ။

တကယ့်ကို မလွယ်ပါလား

စိုင်းထီးဆိုင်ရဲ့ "မန္တလေးရောက်ရှမ်းတစ်ယောက်" ဆိုတဲ့ သီချင်းလေးကို Lyric ပြောင်းပြီး ရေးထားပါတယ်။ ခံစား ရှူ့စားကြပါဦး။ "ပြောမှသိ ထိမှနာ သာမှနေ သေမှခင်" ဆိုရင်တော့ မကောင်းဘူးပေါ့ ... နော :P လဘက်ရည်ဆိုင် ထိုင်တိုင်းလည်း သူတောင်းစား လေးတွေက တတွတ်တွတ် တောင်းကြတယ် ရုပ်ရှင်ကြည့်တိုင်းလည်း ဗုံးပေါက်မလားရယ်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရတယ် ဓာတ်ပုံရိုက်တိုင်းလည်း Police လေးတွေက အရိပ်တကြည့်ကြည့်နဲ့ ကြည့်ကြတယ် Bus Car တွေ စီးတိုင်းလည်း စပယ်ယာလေးတွေက လက်တဆော့ဆော့နဲ့ လုပ်ကြတယ် လက်မှတ် ၀ယ်တိုင်းလည်း အရောင်းသမားလေးတွေက မှောင်ခိုရှိုတိတ် လုပ်ကြတယ် ဘုရားတွေ သွားတိုင်းလည်း ဂေါပက လူကြီးတွေက ပတ်လည် ချက်စား လုပ်ကြတယ် လေဆိပ်တွေ ရောက်တိုင်းလည်း လ၀က လေးတွေက လက်ဆောင်ပါလား မေးကြတယ် အမှုတွေဖြစ်တိုင်းလည်း ရဲရဲ လေးတွေက လက်တဖြန့်ဖြန့်နဲ့ တောင်းကြတယ် ကျောင်းတွေ အပ်တိုင်းလည်း ကျောင်းအုပ်ကြီးတွေက ပိုက်ဆံ ဘိုင်ပွတ် ပွတ်ကြတယ် နိုင်ငံခြားကို ရောက်တိုင်းလည်း အပေါင်းအသင်းလေးတွေက ဗမာဆို နှာခေါင်း ရှုံ့ကြတယ် အင်တာနက်တွေ သုံးတိုင်းလည်း ပြိတ္တာလေးတွေက အကုန်လုံးနီးပါး ဘန်းကြတယ် ပွဲတွေလုပ်တိုင်းလည်း ရပ်ကွက်ရုံးတွေက

စောင့်လိုက်ရတဲ့စာ၊ This is myanmar နှင့် ထိုင်းဘလော်ဂါ

နိုင်ငံခြား ပြန်ထွက်ဖို့ စောင့်လိုက်ရတဲ့ ကျောင်းကစာ ... အခုမှ ရောက်လာတော့တယ်။ ဆက်သွယ်ရေး အင်မတန်ကောင်းတယ်ဆိုတဲ့ သဘောပေါ့။ ရန်ကုန်ဆင်းပြီး Visa တိုးရဦးမယ်။ နောက် သုံးလေးရက်လောက်နေရင် ရန်ကုန်ကို ရောက်မယ်။ ရွှေမန္တလေးကို ခဏပြန်ရောက်နေတဲ့ ဘန်ကောက်မှ ကိုမျိုးကျော်ထွန်းနဲ့လည်း လျှောက်လည်ဖြစ်တယ်။ မနေ့က မေမြို့ကို သွားလည်ကြသေးတယ်။ ဓာတ်ပုံတွေလည်း ရိုက်ခဲ့ကြတယ်။ နောက်မှပဲ ပုံတွေကို တင်တော့မယ်။ ပြန်ရောက်နေတဲ့ ကာလအတွင်း တော်တော်တော့ စိတ်တင်းထားရတယ်။ အင်တာနက်ကလည်း သုံးချင်တိုင်း သုံးမရ၊ မီးကလည်း ပျက်၊ စလောင်းတွေဆိုရင် အခုဆို ခိုးကြည့်ရသလိုတောင် ဖြစ်နေတယ်။ ကိုပုဂံနက်ကို နိုင်ငံခြားသားတစ်ယောက်က ပြောသွားတာကိုတောင် သတိရမိတယ်။ "မင်းတို့ မြန်မာတွေကို မေးခွန်းတွေ လျောက်မေးလိုက်တိုင်း နောက်ဆုံးတော့ အဖြေတစ်ခုနဲ့ပဲ အဆုံးသတ်သွားတယ်တဲ့" "ဘာလဲလို့ မေးလိုက်တော့" "This is Myanmar." တဲ့ ... ရှင်းရော။ ကိုမျိုးကျော်ထွန်းလည်း ၁၈ ရက်နေ့လောက် ပြန်သွားမယ်ထင်တယ်။ လောလောဆယ်တော့ ကျွန်တော်က ရန်ကုန်ကို သူ့ထက်အရင် ရောက်ဖြစ်လိမ့်မယ်။ ရထားစီးရင်တော့ ကြည့်ကြပ်စီးရလိမ့်ဦးမယ်။ ဘုရားစာ ရသလောက် ရွတ်သွာ

လူ့ငနွား

ကိုယ်ထမင်း ကိုယ်စား ကိုယ့်သမိုင်း ကိုယ်ရေးတယ် ဆိုပေမယ့် ကိုယ်ချင်းစာတရား မရှိရင်တော့ လူ့ငနွားပါပဲ