ယခုဆောင်းပါးလေးကို လွန်ခဲ့တဲ့ လများစွာက ဘလော့တစ်ခုမှာ ဖတ်ဖူးလိုက်ပါတယ်။ မေ့မေ့ပျောက်ပျောက်ဖြစ်နေတာ ကြာပါပြီ။ အခု နေခြည်သွေးသစ် - ယဉ်ကျေးမှု စာစောင်မှာ ပြန်တွေ့တာနဲ့ ကိုယ့်ဘလော့မှာပါတင်ပြီး မှတ်ထားလိုက်ခြင်းဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ဖတ်လိုက်တော့ ဆရာတော်၊ သံဃာတော်များက ဒေါ်အမာလည်း ခင်ပွန်းအနိစ္စရောက်တာနဲ့ စိတ်များ ကတောက်ကတက် ဖြစ်နေရှာထင်ပါရဲ့လို့ ကျွန်မကို သနားနေကြမလား မသိပါ။ "ဘုန်းဘုန်း တာ့-တာ" ဆိုတဲ့အသံမျိုး မကြာမကြာ ကြားရလွန်းလို့ နားကလောတာနဲ့ ဒီခေါင်းစဉ်ကို တပ်လိုက်မိတာပါ။ ကျွန်မတို့ဆီမှာ ကလေးငယ်တွေကို လူကြီးမိဘတွေက ဘယ်သူပြန်ခါနီးမှာပဲဖြစ်ဖြစ် "တာ့-တာ" လို့ နှုတ်ဆက်လိုက်ဆိုပြီး လက်ပြခိုင်းနေကြပါတယ်။ မြို့ပေါ်တင်လားဆိုတော့လည်း မဟုတ်သေးဘူး။ ဒီ တာ့-တာက တောကြိုအုံကြားအထိ ပျံ့နှံ့ဆင်းသက်လို့ နေပါတယ်။ ဒါကို ထောက်ခြင်းအားဖြင့် ကျွန်မတို့မှာ ပြန်ခါနီးနှုတ်ဆက်စကား တခု မရှိမဖြစ်၊ အပူတပြင်း လိုအပ်နေတဲ့ပုံပါပဲ။ လိုသမှ မဟားဒယားမို့ ကိုယ့်မှာလည်း မရှိလေတော့ သူများဟာကို အတင်းဆွဲယူသုံးထားရတဲ့ သဘောမျိုး ဖြစ်နေပါပြီ။ "တာ့-တာ" ဆိုတာ ဘယ်လူမျိုးက သုံးစွဲတဲ့ စကား၊ ဘာအဓိပ္ပါယ်ရှိတယ...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ