Skip to main content

Posts

Showing posts with the label joke

ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ ထူးခြားသတင်း

ဘာမှ မပြောလိုတော့ပါဘူး။ သူတို့ရေးဆွဲတဲ့ဥပဒေကို သူတို့ပဲရွေးကောက်ပွဲလုပ် မေးပေးခိုင်းတော့လည်း သူတို့လူတွေ။ ဒါမှ သူတို့ မနိုင်ရင်လည်း ဘယ်သူမှ နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကို ဘေးလူက ကံ၊ ဝဋ်ကြွေးပါပဲလို့တော့ ပြောလို့မရတော့ဘူး။ ... ??? ...

ဟာသဗေဒင်

တနင်္ဂနွေ သားသမီးများ (အ၊ဥ၊သြ) အားအားယားယား ဖြစ်နေတတ်သည်။ အူကြောင်ကြား ဖြစ်နေသောသူတစ် ယောက်နှင့် မိတ်ဆွေဖြစ်ကိန်းရှိသည်။ အူတူတူ အတတ ကောင်မလေးတစ်ယောက်နှင့် ဥတုတု ညုတုတု ဖြစ်ကိန်းရှိသည်။ အီရတ် နိုင်ငံသို့ နွေရာသီ အပန်းဖြေခရီး ထွက်ရကိန်းရှိသည်။ ဥ နှင့်ပတ်သက်၍ ကျန်းမာရေး အညံ့ရှိသည်။ အိမ်သာတက်ရင်း အူကျရောဂါ အပြင်းအထန်း ခံစားရတတ်သည်။ အနာကြီးရောဂါ ဖြစ်နေသော သူတစ်ယောက်နှင့် မတော်တဆ အိမ်ထောင်ကျကိန်း ရှိသည်။ ယတြာ။ ။အင်္ဂါနေ့တွင် ဥဥနေသော ကြက်မဖင်ကို အံ့သြစွာကြည့်၍ “အောင်ပြီ၊ အောင်ပြီ” ဟု သုံးကြိမ်တိုင်တိုင် အော်ပါ။ တနလာင်္ သားသမီးများ (က၊ခ၊ဂ၊ဃ၊င) ကုန်းကုန်း ခွခွ အလုပ်များနေတတ်သည်။ တနင်္လာနံဖြစ်ပစ္စည်းများ ဖြစ်သော ကုန်တင်ကား၊ဘစ်(စ်)ကားများ မမျှော်လင့်ပဲ အစုံလိုက်အပြုံလိုက် ၀င်လာတတ်သည်။ ရုတ်တရက် ၀င်လာတတ်သဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။ ဂေါက်ကြောင် ကြောင်ဖြစ်နေသော ကုလားမတစ်ယောက်နှင့် ချစ်ကြိုက်ရကိန်းရှိသည်။ ကျပ်မပြည့်သော လူတစ်ယောက်၏ ကြောင်တောင်တောင် လုပ်ခြင်းခံရတတ်သည်။ လကုန်ရက် ဖြစ်ပါက ငွေဝင်ကိန်းရှိသည်။ ခွေးရူးပြန်ရောဂါ ရှိသူများ ချွတ်ခြုံကျနေသော သူများ၏ မရမကချစ်ကြိုက်ခြင်းကို ခံရတတ်သည်။ ဂတ်ထဲတွင် အိပ်...

Sittin On Tha Toilet

တော်တော်လေး ရီရတဲ့ Video Clip တစ်ခုပါ။ အိမ်သာတက်နေရင်း ဟာသလုပ်ပြီး လျောက်ဆိုထားတာဖြစ်ပါတယ်။ ဆိုတော့ ... ရှူရင်းဆို ... ဆိုရင်းရှူနေရတဲ့ သဘောပေါ့ :P တစ်ချို့လူတွေကလည်း ဟာသတွေကို ကြံကြံဖန်ဖန်လုပ်ကြတယ်။ Video တင်ထားတဲ့သူနဲ့ video ထဲမှာပါတဲ့သူက သူငယ်ချင်းတွေပါ။ Video တင်ထားတဲ့ ပိုင်ရှင်ကတော့ ဒီဗွီဒီယိုမှာပါတဲ့သူက သူ့ပုံကို ခွင့်ပြုချက်မရဘဲ MySpace ပေါ်မှာတင်လိုက်တဲ့အတွက် အခုပြန်ပြီး လက်စားချေထားတယ်လို့ဆိုပါတယ်။ ကဲ .. အဲဒီတော့ ... တစ်အိမ်ထဲမှာ သူငယ်ချင်းတွေ စုနေကြတယ်ဆိုရင် သတိထားကြနော် ... အိမ်သာတက်နေတဲ့ပုံကြီး အွန်လိုင်းရောက်သွားရင်တော့ +_*&^%$ ... :P ဟတ်ဟတ် စကားမစပ် ... အိမ်သာတက်ရင်း မီးပျက်တဲ့ ဒုက္ခ၊ အိမ်သာတက်ပြီးမှ ရေမလာတဲ့ ဒုက္ခ၊ အိမ်သာတက်ပြီး တစ်ရှူးကုန်/မရှိတော့တဲ့ ဒုက္ခ ကြုံဖူးလား ? ကြုံဖူးရင်တော့ ဘယ်လိုဖြေရှင်းခဲ့လဲ ... ဟိဟိ .. Just curious :)

Fantastic job opportunities in Myanmar !!!

သြော် ... ဂြိုလ်ကုပ်ကြီးတွေရယ် ... ဘ၀က ခီညားတို့နဲ့ ခီညားတို့ ချွေမျိုးတွေလောက် အဆင်မပြေဘူးလေဗျာ။ ပြောရက်ပ။ ပြည်တွင်းမှာ အလုပ်ကောင်းပြီး ဘ၀အဆင်ပြေရင်တော့ ဘယ်သူက နိုင်ငံခြားမှာ သွားပြီး အလုပ်လုပ်မှာလဲ။ ♫ အိမ်မက်ထဲက စိတ်တွေ ... (သောက်) ဦးနှောက်မှ မရှိတာကိုး ♫ "ဆင်ပိန်ရင် ကျွဲလောက်တော့ ကျန်ပါသေးတယ်" ဟူသောစကားအရ နိုင်ငံခြားမှာ အဲလိုတွေဖြစ်သည့်တိုင် မြန်မာပြည်သည်ထက်တော့ သာပါသေးသည်။ မူလနေထိုင်သည့် အိုးအိမ်များ ဆိုသည်မှာလည်း မီးမလာခြင်း၊ ရေမလာခြင်း၊ လူထုထောက်ခံပွဲ သွားရခြင်း၊ ကြက်ဆူပင် စိုက်ပျိုးရခြင်း၊ လုပ်အားပေး မဖြစ်မနေလိုက်ရခြင်း ဒုက္ခများကြောင့် ပြန်ရောက်နေထိုင်ရန် သင့်မသင့် အင်မတန် စဉ်းစားရကြပ်လျက် ရှိပါသည်။ နှစ်သန်းကျော်လည်း ပြန်လာမှာ မဟုတ်ဘူး ... ရူးမနေနဲ့။ နိုင်ငံခြားမှာ အလုပ်မရရင်ဘဲ မြန်မာပြည် ပြန်လာပြီး အလုပ်ကြမ်းသမား လုပ်ရတော့မလိုလို ဖြစ်နေပြီ။ ကဲ ... နိုင်ငံခြားမှာ အလုပ်မရသေးတဲ့သူတွေ စဉ်းစားကြဦး ... fantastic Offer :P အဲဒီအလုပ်တွေက ... ဘယ်လောက်ရမှာလဲ နောက်ပြီး ဘ၀အာမခံချက်ရော ပေးနိုင်မှာလား ? ပြီးတော့ တော်တော့်ကို professional ကျပြီး အဆင့်မြင့်တဲ့ အလုပ်တွေချည်းပဲနော် (...

မန္တလေးသင်္ကြန်ရေ ဖိုးချမ်းလာပြီ

သင်္ကြန်ကို မန်းလေး ပြန်လာဖြစ်ဖို့လုပ်ထားတာ အောင်မြင်သွားပါပြီ။ ကျွန်တော်မျိုး ဧပြီ ၁၀ ရက်နေ့မှာ လုံဒုံ Heathrow ကနေစပြီးထွက်လာပါမယ်။ ၁၁ ရက်နေ့ညမှာ ရန်ကုန်ကိုရောက်ဖြစ်ပါမယ်။ ရန်ကုန်ရောက်ပြီးရင်တော့ ရန်ကုန်က သူငယ်ချင်းတွေ ဘော်ဒါတွေနဲ့ နှစ်ရက်လောက်နေဦးမယ်။ သူငယ်ချင်းတို့ရေ ကိုယ်လာပြီ ဟဲဟဲ။ ရန်ကုန်မှာ အ၀သောက် အဲ အ၀လည်ပြီးသည့်နောက်တွင် ၁၂ ရက်နေ့ညနေမှာ ကားနဲ့ မန်းလေးကို ပြန်မယ်။ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ မန်းလေး ရွှေမြို့တော်ကြီးသို့ ဆိုက်ရောက်ပါမယ်။ သင်္ကြန်ကို မန်းလေးမှာ တ၀ကြီးလည်ပြီးမှ ဧပြီ လကုန်မှာ London ကို ပြန်မယ်။ မန်းလေးသင်္ကြန်ကို လာခဲ့ဖို့လည်း သူငယ်ချင်းတွေကို ကြိုပြီး ဖိတ်ခေါ်လိုက်ပါတယ်။ ရန်ကုန်မှ မန်းလေးသို့လာဖြစ်မည့် သူငယ်ချင်းများ ဘလော်ဂါများ email လေးသာပို့လိုက်ပါ။ မန်းလေး ဘူတာကြီး သို့မဟုတ် ကားဂိတ်အရောက် လာကြိုပေးပါမယ်။ အခုတော့ ပြန်ဖို့အတွက် လက်ကျန်ကိစ္စလေးတွေ နည်းနည်း ဖြတ်လိုက်ဦးမယ်။ တာ့တာ ဒီနေ့ဘာနေ့လဲ? ပို့စ်နဲ့ ရက်စွဲကို သေချာစဉ်းစားပါ ... ဒန် တန့် တန်

အိုစမာကြောက်တဲ့ ကြံ့ဖွတ်

အိုစမာဘင်လာဒင်သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ဘူးသီးတောင်ဘက်တွင် ရောက်ရှိနေသော သတင်းတစ်ခုကို ချောင်ချိုချောင်ကြား မီဒီယာ တစ်ခုမှ လူသိရှင်ကြား ကြားသိခဲ့ရလေသည်။ ဖြစ်နိုင်ချေရှိသည်မှာ အိုစမာသည် အမေရိကန်တို့ လိုက်ရှာသည့်ဒဏ်မှ ကင်းဝေးအောင် ရှောင်တိမ်းရင်း မြန်မာပြည်ဘက်သို့ ရောက်ရှိလာဟန်တူသည်။ ထိုသတင်းကို ရသည်နှင့် မြန်မာပြည်မှ လူကြီးများလည်း အိုစမာကို သွားရောက်ရှာဖွေကြရာ နွားမွေးမြူရေးခြံတစ်ခုတွင် နွားနို့ညှစ်အလုပ်သမားအဖြစ် ဇာတ်မြှုပ်နေလေသော အိုစမာကို တွေ့ရှိရလေသည်။ အိုစမာနှင့် ပက်သက်ပြီး အမေရိကန်တို့ဂယက် မြန်မာပြည်သို့ရောက်ရှိလာမည် စိုးရိမ်သောကြောင့် ပြန်လည်ထွက်ခွာသွားပေးရန် ဘာမသိညာမသိ လူကြီးမင်းများ နှင့် ပါလေရာ မိရှောက်အဖွဲ့ဝင်များ သွားရောက်တောင်းဆိုကြလေသည်။ သို့သော် ကိုကြီးအိုစမာကတော့ ဂျစ်တီးဂျစ်ကန်လုပ်ပြီး မသွားဘဲနေနေလေသည်။ ဘဘဗိုလ်ချုပ်ကြီးမှ စပြီး ထွက်သွားပေးရန်ပြောဆိုခဲ့ရာ ၀န်ကြီးအဆင့် ရောက်သည်အထိ ဂျစ်တီးဂျစ်ကန် ဆက်ပြီးလုပ်နေသည်။ ထိုအချင်းအရာကိုမြင်ပြီး အားမလို အားမရဖြစ်နေသော ကျည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွတ်မွေးရေး ... အဲ ... ဖွံ့ဖြိုးရေး အဖွဲ့ဝင်တစ်ဦးက ပြောဆိုလိုက်မှ ကိုကြီးအိုစမ...

ပိုက်ဆံ | အကြွေလည်ပတ်မှု စနစ်

မနက်ပိုင်း ၉ နာရီလောက် Visa ၀င်ဖို့အတွက် စာစီစရာရှိတာလေးတွေလုပ်ဖို့ မိတ္တူဆိုင်ကို ထွက်လာခဲ့တယ်။ ဆိုင်ကိုလည်းရောက်ရော လူတွေအရမ်းများနေလို့ ခဏထိုင်စောင့်နေရတယ်။ အဲဒီအချိန်မှာ ကိုရင်လေးတစ်ပါးဝင်လာပြီး ဆိုင်ထဲကလူရဲ့လက်ထဲကို တစ်ဆယ်တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန် နှင့် တစ်ရာတန်ပါတဲ့ အကြွေတွေထည့်လိုက်တယ်။ အစကတော့ မသိသေးဘူး။ နောက်ပိုင်းမှ သဘောပေါက်တော့တယ်။ ဆိုင်တွေမှာ အကြွေက အရမ်းရှားတော့ ကိုရင်လေးတွေ အလှူခံလို့ရလာတဲ့ အကြွေတွေကိုပဲ ပြန်လဲကြရတော့တယ်။ မနက်ပိုင်း ကိုးနာရီ၊ ဆယ်နာရီလောက်မှာ လာပြီးလဲတာတောင် ကိုရင်လေး ၁၀၀၀ ကျော်ကျော်လောက်ရလိုက်တယ်။ နောက်တစ်ပါး လာပြီးလဲသွားတာက သူ့ထက်ပိုများသေးတယ်။ ဒီအတိုင်းတွက်ကြည့်ရင် ကိုရင်တစ်ပါးက တစ်နေ့ဝင်ငွေ အနည်းဆုံး ၁၀၀၀ ကနေ ၃၀၀၀ ကြားမှာရှိလောက်တယ်နော့။ ကိုရင်လေးတွေကို မေးကြည့်တော့ သာကေတ ကနေလာပြီး ဆွမ်းခံကြတာတဲ့။ ဘာသာရေးရှူ့ထောင့်ကကြည့်မယ်ဆိုရင်တော့ သိပ်မကောင်းပေမယ့်။ ဈေးဆိုင်တွေအတွက် ဒါမှမဟုတ် အကြွေလည်ပတ်ဖို့အတွက်ကတော့ အဆင်ကိုပြေနေတာပဲ။ မန္တလေးမှာတုန်းကလည်း တစ်နေ့သော ညနေပိုင်းမှာ မဟာနွယ်ဆိုတဲ့ လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်နေတုန်း သူတောင်းစားအဘွားကြီးတစ်ယောက် အကြွေတွေ...

Funny Laws

သူငယ်ချင်းတစ်ယောက် (KuKu) email ကနေ ပို့လိုက်တာပါ။ ပုံတွေအများကြီး မတင်ချင်တာနဲ့ slideshare.net မှာ slideshow လုပ်ပြီး ပြန်တင်ပေးလိုက်ပါတယ်။ ရေးထားတာတွေကတော့ အရမ်းရီရတယ်။ ကြံကြံဖန်ဖန် ဘယ်သူထွင်ပြီး ရေးထားလည်းတော့ မသိဘူး။ ရေးတဲ့သူ ဟာသဥာဏ် တော်တော်လေးရွှင်တယ်။ ဖတ်ကြည့်ပါဦး ... နောက်ပြီး ကိုယ့်ကိုကိုယ် စဉ်းစားကြည့်ဦးနော် ဘယ်ပုဒ်မနဲ့ ငြိနေသလဲလို့ သတိပေးထားတာ တော်ကြာ အရေးယူခံနေရမှာစိုးလို့ Tags: myanmar joke , joke , myanmar humor , humor

Blogging Jokes - 1

The Widgetized Kawasaki Modern Day Bully Finish Your RSS Understanding Women Are You a Twitter Ninja? Have Fun! see more ... Tags: blogging jokes , jokes , humor , blog jokes

Internet Jokes

Credit: Funny Stuff

Window Vista & MAC

Window Vista

စမူ = ဇယ် = ရည်းစား = စော် = ချစ်သူ

မြန်မာစကားရဲ့ အရှုပ်တော်ပုံလေးတွေကို နည်းနည်းစဉ်းစားမိပြီး ရေးမိတာပါ။ ပြီးတော့ ၈တန်းတုန်းက အင်္ဂလိပ်စာသင်ခဲ့တဲ့ဆရာကြီး ပြောခဲ့တဲ့ဟာလေးကိုလည်း သွားပြီးသတိရမိလို့ပါ။ အဲဒီဆရာကြီးက မန်းလေးရေစစ်ကန်နားလေးမှာနေတယ်။ သူပြောတာက ဘာလဲဆိုတော့ ယောက်ျားလေးတွေက သူ့ချစ်သူမိန်းကလေးတွေကို ခေါ်ဝေါ်သုံးစွဲပုံလေးပါ။ ဒီခေတ်မှာတော့ ကိုယ့်ရည်းစားကို ချစ်စနိုးနဲ့ ခေါ်တဲ့ အသုံးအနှုန်းလေးကတော့ "စော်" တဲ့ ... အင်း ... ခေါ်ရတာတော့ တော်တော် ကသီးကအောက်နိုင်ပါတယ်။ [ ဟေ့ကောင် .. ငါ့စော်ကို တွေ့မိလား ... ကျွန်တော်တို့ ယောက်ျားလေးတွေ အချင်းချင်း မေးလေ့မေးထရှိကြတဲ့ စကားတွေပါ] အင်း ... သေချာစဉ်းစားကြည့်မယ်ဆိုရင်တော့ ကြားရတဲ့သူအတွက်လည်း ကသီးကအောက်နိုင်လွန်းလှပါတယ်။ ကျွန်တော့်ဆရာကြီးပြောတာကတော့ ဆန်းတယ်ဗျ ကျွန်တော်လည်းမကြားဘူးဖူး ... ဟီးဟီး။ သူတို့လူပျိုတုန်းက "စော်" အစား "စမူ" လို့ခေါ်တာတဲ့ အဲဒီကမှတဆင့် "ဇယ်" ဆိုတာဖြစ်လာတယ်တဲ့ ပြီးတော့ မင်းတို့ ခေတ်ရောက်မှ ရည်းစား ... အဲဒီကမှ "စော်" ဆိုတာကြီး ဖြစ်သွားတာတဲ့။ တော်တော်တော့ စဉ်းစားကြည့်သေးတယ်ဗျ ဘာလို့ "စမူ" လို့ခေါ်သလဲပေါ့ ဟီးဟ...