Skip to main content

Posts

Showing posts with the label The Sanatan Hindu Mandir Wembley

The Sanatan Hindu Mandir Wembley

      Hindu တွေရဲ့ ဂုဏ်ယူစရာကောင်းလှတဲ့ ဒီ Temple ကို London ရဲ့ Wembley Area မှာ တွေ့နိုင်ပါတယ်။ တည်ဆောက်မှု ကုန်ကျစရိတ်ဟာ £16m ဖြစ်ပြီး ၁၄ နှစ်ကျော်ကြာ တည်ဆောက်ခဲ့ရပါတယ်။ အလားတူ ပုံတူ temple ကို Leytonstone area မှာလည်း တွေ့ရှိနိုင်ပါတယ်။ Wembley area မှာ ယခုလို Asian လူမျိုးတွေရဲ့ ယဉ်ကျေးမှုအဆောက်အဦးတွေအပြင် ဘောလုံးလောကမှာ ကျော်ကြားလှတဲ့ Wembley ဘောလုံးကွင်းကြီးလည်း တည်ရှိပါတယ်။ Wembley area မှာ India လူမျိုးအများဆုံးနေထိုင်ပြီး ကျွန်တော်တို့ မြန်မာလူမျိုးများ နှစ်သက်လှသော ဟင်းသီးဟင်းရွက်မျိုးစုံ (ဘူးသီး၊ မြင်းခွာရွက်၊ ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ဒန့်ဒလွန်သီး စသည်ဖြင့်) ဝယ်ယူရရှိနိုင်ပါတယ်။ ကွမ်းယာကြိုက်နှစ်သက်သူများအတွက်လည်း အမျိုးစုံလင်လှသော ဆေးမျိုးစုံဖြင့် သုံးဆောင်နိုင်ပါတယ်။ လန်ဒန်မှာ ကွမ်းမရှိဘူးလို့ ပြောလာခဲ့ရင် အဲဒီနေရာတဝိုက်ကိုသာ ခေါ်သွားလိုက်။ အဲဒီ ဧရိယာမှာ ကွမ်းစားပြီး နံရံတွေ လမ်းတွေ ထွေးကြလွန်းလို့ Council ကတောင် ဒဏ်ရိုက်မယ်လို့ သတိပေးတားမြစ်ရတဲ့ အထိပါပဲ။ ယခုလို အခြားဘာသာဝင်တွေရဲ့ Temple အကြီးကြီးတွေကို မြင်တိုင်း ကျွန်တော်တို့ မြန်မာများအ...