Skip to main content

Posts

Showing posts from June, 2006

Le@rn English

IELTS www.ielts.org http://www.ielt-test.com/ Listening www.bbc.co.uk/radio4/reith www.bbc.co.uk/worldservice/learningenglish/multimedia/index.shtml Writing www.ohiou.edu/esl/english/writing/index.html www.uefap.co.uk/writing/exercise/exwrifeat.htm www.elc.polyu.edu.hk/cill/writing.htm www.vuw.ac.nz/llc/academic-writing/pbuild1.html www.uefap.com/writing/writfram.htm Vocabulary www.lextutor.ca www.nottingham.ac.uk/~alzsh3/acvocab www.lextutor.ca/concordancers/concord_e.html Grammar http://web2.uvcs.uvic.ca/elc/studyzone/ www.world-english.org http://www.vnn.vn/vnn4/test/ www.flo-joe.co.uk/cae/students/index.htm www.flo-joe.co.uk/cpe/students/index.htm Online Dictionary Master of All Dictionary http://en.wikipedia.org http://dictionary.cambridge.org/ Merriam-Webster Online Collegiate Dictionary , A free, searchable on-line dictionary and thesaurus, word games, a word of the day, and many other English language and vocabulary reference tools and resources. Roget's Thesaurus , 1911

London Metropolitan University

University ( www.londonmet.ac.uk ) ကိုသွားခဲ့တယ်။ လိပ်စာက 166-220, Holloway Road, N7 8DB တဲ့။ သွားရတာတောသိပ်မဝေးလှပါဘူး။ တစ်နာရီခွဲလောက်ပဲကြာတယ် :) ။ Asian တွေတော့ တော်တော်များတယ်။ ဆန်ဂျပေါက် တွေ တော်တော်များတယ်။ Purple Group မှာ သွားတက်ရတယ်။ Lecturer Name က Mark Wallace ။ တော်တော်သဘောကောင်းပါတယ်။ လိုအပ်တဲ့ အကူအညီတွေလည်း ပေးပါတယ်။ ဒါပေမဲ့ ... ပျင်းတယ်။ :( မြန်မာ သူငယ်ချင်းမှ မရှိတာကိုး :(

London မြို့ကို လေ့ခြင်း

မြို့ထဲကိုသွားပြီး နည်းနည်း လေ့ ခဲ့တယ်။ တကယ်တော့ London ဆိုတာ ကုလားပြည်ပါပဲ။ ပြီးတော့ မြို့ဟောင်းကြီး။ ဒါပေမယ့် နေရာတကာမှာ စည်းစနစ်တော်တော်ကျပါတယ်။ အဲဒါတော့ လက်မခံလို့မရဘူး။ စည်းစနစ်ကျလို့ပဲ သူတို့ ကမ္ဘာပတ်ပြီး အုပ်ချုပ်ခဲ့တယ်မလား။ အမှတ်တရဖြစ်အောင် ဓာတ်ပုံတွေရိုက်ခဲ့တယ်။ သရဲလန့်တတ်ရင်တော့ မကြည့်နဲ့နော်။ ပြေးကြည့်မှ ဒီမောင်နှမ နှစ်ယောက်ပဲရှိသည်။

Ygn > Doha > London

ဟီးသရိုးလေဆိပ်သို့ ဇွန်လ ၁၉ ရက်နေ့ လန်ဒန်စံတော်ချိန် ၆ နာရီထိုးခါနီးလောက်မှာရောက်တယ်။ လန်ဒန်မြို့ပေါ်ကို ပထမဆုံး ခြေချတဲ့နေ့ပါပဲ။ လန်ဒန်ကိုရောက်နှင့်နေပြီးသော အစ်မ ကလာကြိုခဲ့တယ်။ ရာသီဥတုကတော့ အေးနေတယ်။ တစ်နေကုန်နီးပါး လေယာဉ်စီးခဲ့သောကြောင့် အလှူလိုအိပ်ချင်နေပြီ။ ဒါပေမဲ့ နေရမည့် နေရာကိုမရောက်သေး။ မြေအောက်ရထား ၁ နာရီလောက်ဆက်စီးခဲ့ရသည်။ အစ်မနေသည်က NewburyPark ဟီးသရိုးနှင့်က အရှေ့ နှင့် အနောက် :) မြေအောက်ရထားလက်မှတ်ဝယ်ခဲ့သည်။ တစ်ပတ်စာ ကို 32 £ တဲ့။ များတော့များသည်။ ကျောင်းသားကဒ်ရှိရင် 30% Discount ရသည်။ ကျောင်းသားကဒ်ကလည်းမရှိသေးတော့ ဒီချိန်မှာ တော်တော် ထွက်တယ်။ လိုအပ်တဲ့ ဘာညာကွိကွ တွေလည်းဝယ်ရသေးတာပေါ့။ MDY က အဖေ နဲ့ အမေ ကိုရော သူငယ်ချင်းတွေကိုပါ အရမ်းသတိရတယ်။ ဒါကြောင့် အလွမ်းပြေကြည့်ဖို့ Photo တွေ တင်ထားလိုက်တယ်။ ဆရာဦးခင်လတ်၊ ဖေဖေ၊ မေမေ၊ ကြီးကြီးစန်း ဖေဖေ (မျက်မှန်နှင့်) မေမေ ငယ်သူငယ်ချင်းကြီး ဇီဒန်း ( သန့်ဇော်ဆွေ ) သူငယ်ချင်းများနှင့် ၀င်းဝင်း အကင်ဆိုင် (MDY) တွင်အမှတ်တရ အောင်သူရ၊ ဖိုးလုံး၊ နေမျိုးအောင် ၊ မျိုးဝင်းအောင်၊ ရန်မျိုးအောင်၊ နိုင်နွေးအောင်၊ စိုးဇေနောင် ၊ ဆင်ကြီး၊ ဝေေ၀၊ နေဇာလင