ကော်ဖီတစ်ခွက် မုန့်တစ်ဘက်နှင့်၊ တစ်ခဏတာ အမောဖြေဖျောက်၊ ဒီလူတစ်ယောက်မှာ မနက်ဖြန်များစွာ ဆက်ခါသာ ခရီးဆက်ရဦးမည်ပါတကား။ [CMS] :P ပြီးခဲ့သည့်တစ်ပတ်က ကင်မရာဖြင့် လက်ဆော့နေတုန်း ဒီလူကြီး ကင်မရာရှေ့ရောက်လာတာနဲ့ ခလုတ်နှိပ်ထည့်လိုက်တာ :D သူ့ကိုကြည့်ရတာ ကော်ဖီကြိုက်တဲ့ ပုံစံမျိုးပဲ။ သူသောက်နေတဲ့ တံဆိပ်ကိုတော့ ကျွန်တော်မကြိုက်။ သို့သော်လည်း Starbucks သည် Apple လိုပဲ။ ဘာမှန်းမသိ နာမည်နဲ့ပဲ စားစားသွားသည်။ အရသာကိုတော့ ကျွန်တော်လုံးဝမကြိုက်။ ကျွန်တော်ကြိုက်သည်က ခပ်ပြင်းပြင်းကော်ဖီမျိုး ဥပမာ .. Costa, Nero and Pret A Manger ရတနာပုံ မြို့တော်ကြီးမှာ နေတုန်းကတော့ ကော်ဖီထက်စာလျှင် လဘက်ရည်ကို ပိုသောက်ဖြစ်သည်။ ကော်ဖီသောက်လျှင်လည်း အမူးပြေ ဘလက်ကော်ဖီသာ သောက်ဖြစ်သည် :P ကော်ဖီ လဘက်ရည်အကြောင်းပြောရင်း ငယ်ငယ်တုန်းက လူကြီးတွေ လဘက်ရည်သောက်တဲ့ ပုံစံကိုလည်း မြင်ယောင်မိသည်။ လဘက်ရည်သောက်ပြီဆိုလျှင် ခွက်ဖြင့်မသောက် ခွက်အောက်ခံ ပုဂံပြားထဲသို့ အရင်ထည့်ပြီး တဂွတ်ဂွတ်သောက်သုံးကြသည်။ ထိုအလေ့အထမှာ မည်သူစပြီး ထွင်လိုက်သည်မသိ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ကျွန်တော်တွေ့ဖူး ဆုံဖူးသော ကျေးလက်နေ သ...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ