Skip to main content

Posts

Showing posts from May, 2012

Mandalay 150th Anniversary Ah-Nyeint

မန္တလေး နှစ် (၁၅၀) ပြည့် အနုပညာပုံရိပ်ပွဲတော်တွင် ဝါရင့် အနုပညာရှင်ကြီးများ ဖျော်ဖြေတင်ဆက်ခဲ့သော အငြိမ့် ဖြစ်ပါတယ်။ အပြည့်အစုံရအောင် ကြိုးစားရှာပေမယ့် ဒီအပိုင်းလေးတွေပဲ ရခဲ့တယ်။ နောက် အပြည့်အစုံရမှ ထပ်ပြီး တင်ပေးပါဦးမယ်။ ဒီအပိုင်းလေးတွေကို Facebook မှာ ကိုအောင်အောင်မျိုး Tag လုပ်ထားတဲ့ video ကနေ ပြန်လည်ရယူထားပြီး အမှတ်တရအဖြစ် ကျွန်တော့်ရဲ့ Youtube မှာ ပြန်လည်တင်ထားတာဖြစ်ပါတယ်။ အခုလက်ရှိ မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတစ်ခုနဲ့ ဒီအငြိမ့်ထဲက ပျက်လုံးတစ်ခုနဲ့ ကွက်တိပဲဗျာ။ A : သတင်းအတိအကျရထားပြီးပါပြီ။ ဘုရားပွဲတော်ကြီးပြီးရင် တစ်နိုင်ငံလုံး ၂၄ နာရီ မီးထိန်ထိန် လင်းမယ်တဲ့။ B : ဘယ် ဘုရားပွဲတော်တုန်း ? A : အရိမေတ္တယ :P ခုခေတ် ပေါ့ပျက်ပျက် လူရွှင်တော်တွေ အောက်လုံးတွေချည်းပျက်နေတဲ့ လူရွှင်တော်တွေ ဒီအငြိမ့်ကိုကြည့်ပြီး အတုယူသင့်ပါတယ်။ -- ခံစားကြည့်ကြပါဦး :)

Lights of South Bank

မနေ့က လန်ဒန်ရဲ့ ညအလှကို ခံစားရင်း သူငယ်ချင်း နှစ်ယောက်နှင့် အတူ ဓာတ်ပုံထွက်ရိုက်ဖြစ်ခဲ့တယ်။ ရိုက်ခဲ့သည့် ဓာတ်ပုံများမှ ကျွန်တော်အကြိုက်ဆုံ ဓာတ်ပုံတစ်ပုံ။ ဒီမီးရောင်တွေမြင်တော့ ကျွန်တော်တို့ မြန်မာပြည်မှာလက်ရှိဖြစ်ပျက်နေတဲ့ လျှပ်စစ်မီးရရှိရေး လှုပ်ရှားမှုတွေကို တွေးပြီး စိတ်မကောင်းဖြစ်မိတယ်ဗျာ။ ကျွန်တော်နေတဲ့ မန္တလေးမှာလည်း ဖြစ်ပျက်နေတာ တော်တော်ဆိုးတယ်။ အချို့လူတွေပြောကြတယ်။ မြန်မာပြည် အခြေအနေဟာ တော်တော်ကြီးကောင်းနေပါပြီတဲ့။ ဘာကောင်းတာလဲဗျာ။ စိတ်ပျက်ဖို့လား ?

HDR and Panorama image of South Bank, London

  South Bank ဆိုတာ လန်ဒန်မြို့ထဲမှာ ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ ဓာတ်ပုံ ၅ ခုကို photoshop ထဲမှာ panorama ဖြစ်အောင် merge လုပ်ထားပါတယ်။ original ပုံတွေမှာ နောက်ခံက မိုးအုံ့နေတော့ မိုးပြာရောင်ဖြစ်အောင် gradient ထည့်ထားလိုက်တယ်။ HDR ကိုတော့ Photomatix Pro ထဲမှာ ဖန်တီးထားပါတယ်။ ဝေဖန်ပေးပါဦး။

Speakers' Corner

ခင်ဗျားတို့ စဉ်းစားကြည့်ပါဗျာ ဒီဟာက ဒီလိုရှိတယ် ... ဟိုဟာက ဟိုလိုရှိတယ် မဖြစ်နိုင်ဘူး ... အဲဒါမဟုတ်ဘူး [ more photos ] Speakers' Corner ဆိုတာ အစိုးရမှ တရားဝင် ဟောပြောခွင့်၊ ငြင်းခုံဆွေးနွေးခွင့်ပေးထားတဲ့ နေရာတစ်ခုဖြစ်ပြီး Hyde Park အနီးမှာ တည်ရှိပါတယ်။ ဟောပြောသူတွေဟာ မိမိကြိုက်နှစ်သက်သည့် အကြောင်းအရာကို ဟောပြောဆွေးနွေး ငြင်းခုံနိုင်ပါတယ်။ ကျွန်တော်ရောက်သွားတဲ့ တစ်ရက်ကတော့ ဟောပြောတဲ့သူက အကြောင်းအရာတစ်ခုကို ပြောပြီးတာနဲ့ နားထောင်သူ ပရိသတ်များမှ မေးခွန်းပေါင်း လေးငါးခုမက ငြင်းခုံဆွေးနွေးဖို့ အဆင်သင့်စောင့်နေတာ တွေ့ရပါတယ်။  Speakers' Corner တွေကို Finsbury Park, Clapham Common, Kennington Park နှင့် Victoria Park တို့မှာလည်း တွေ့ရှိနိုင်ပြီး Hyde Park မှ Speakers' Corner ကတော့ လူသိအများဆုံးဖြစ်ပါတယ်။

N-Photo June 2012

Download here Nikon ရဲ့ ဇွန်လအတွက် ထုတ်ဝေလိုက်တဲ့ nphoto magazine ပါ။ လစဉ်တိုင်း လေ့လာစရာတွေကတော့ အများကြီးပါ။ ဝါသနာတူ မိတ်ဆွေများ နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Photo: 9th Anniversary of Buddha Day (London, UK)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ နဝမအကြိမ်မြောက် ဗုဒ္ဓနေ့ပူဇော်ပွဲ မှတ်တမ်းတင် ဓာတ်ပုံများဖြစ်ပါတယ်။ ယခုနှစ်ပွဲကတော့ ယခင်ကထက်လူကြီးလူငယ်များသထက်များပြီး  ပိုမိုစည်ကားလာတာကို အားတက်ဖွယ်ရာတွေ့မြင်ရပါတယ်။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်ကလေးများပါပဲ။ ရေခြားမြေခြားရောက်နေသော်ငြားလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာတရား၊ ကိုယ့်ယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဆရာတော်များနှင့် တကွ ပွဲဖြစ်မြောက်ရေး တတက်တအား ဝိုင်းဝန်းပြီး လုပ်ဆောင်ပေးကြတဲ့ ညီအစ်ကိုမောင်နှမများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Father

"အဖေ (သို့မဟုတ်) ပဲ့ကိုင်ရှင်" လို့ အမည်ပေးထားပါတယ်။ ပြီးခဲ့သည့်တပတ် အလုပ်ပိတ်ရက်  Hyde Park  ရောက်ခဲ့တုန်းက ဒီပုံလေး ရိုက်ဖြစ်ခဲ့တာပါ။ ဒီပုံလေးကို မြင်တိုင်း ကိုယ်တိုင်ဝမ်းဖြင့်လွယ် မမွေးခဲ့ရပေမဲ့ အမေတွေထက်မလျော့တဲ့ ချစ်ခြင်းမေတ္တာတွေကို ပေးနိုင်တဲ့ အဖေတွေရဲ့ ကြီးမားတဲ့ မေတ္တာကို ပြန်မြင်ယောင်ပြီး သတိရစေချင်ပါတယ်ခင်ဗျာ။