သင်္ကြန်ကျပြီဆိုမှဖြင့် ဟိုကဒီက သင်္ကြန်သီချင်းတွေ ‘တူးပို့ တူးပို့ တူးပို့’ နဲ့ ကြားကြရပြန်ပြီလေ။ အဲဒီ သင်္ကြန်သီချင်းတွေထဲမှာ ကြားရတာ များလွန်းလို့ နားထဲမှာ ရိုးအီနေကြပြီမို့ ‘မြနန္ဒာ ရေညိုညိုရစ်ခတ်သန်းတယ် ရွှေမန်းတောင်ရိပ် အတူတူ ခိုသူ ပျိုဖြူတွေရယ်’ လို့များ ဆိုလိုက်ရင်ဖြင့် ဒါ သင်္ကြန်သီချင်း မြနန္ဒာလို့ ပြောတဲ့သူက ပြောမယ်။ ဒါမြို့မငြိမ်းရဲ့ သင်္ကြန်သီချင်းပေါ့ မန်းတောင်ရိပ်ခိုလေလို့ ပြောတဲ့သူက ပြောမယ်။ မြနန္ဒာလို့ လူသိများနေပေမဲ့ တကယ့် နာမည်အမှန်က မန်းတောင်ရိပ်ခို ဖြစ်ပါတယ်။ ကြာတော့လဲ ကြာခဲ့ပြီလေ။ ဒီ မန်းတောင်ရိပ်ခို သီချင်းကို စပြီး ကြားဖူးတာက ကျွန်တော် လေးတန်းကျောင်းသား ဘဝမှာပေါ့။ ကျွန်တော့်ဇာတိမြို့က အညာမှာ။ အဲဒီတုန်းက ရပ်ကွက်ထဲမှာ ဘုရားပွဲရှိရင် ကွင်းပြင်ကြီးထဲမှာ ပိတ်ကားကြီး ထောင်ပြတဲ့ ရုပ်ရှင် အလကားကြည့်ရတယ်။ ကြော်ငြာ အတိုအစတွေလဲ ပါတယ်။ ပွင့်ကောင်း ငါးပိ ငံပြာရည် ကြော်ငြာတို့၊ ကာတွန်းဦးဗကလေးရဲ့ ကာတွန်းကိုလဲ ကြည့်ရတယ်။ ဘုရား ထီးတင်ပွဲ သတင်းတို့၊ သတင်း တိုလီ ထွာလီတွေလဲ ပါတယ်။ အသေးစိပ် ကောင်းကောင်း မမှတ်မိတော့ပါ။ မှတ်မိနေတာက အဆိုတော် ဦးအံ့ကြီး နဲ့ နိုင်ငံခြားသားတွေ သီချင်းဆိုကြတဲ...
ကျွန်တော်နှင့် မျှဝေခံစားလိုသော အကြောင်းအရာများ