Skip to main content

Posts

Showing posts with the label နေဘုန်းလတ်

ကိုနေဘုန်းလတ် PEN American Center က ချီးမြှင့်သော ၂၀၁၀ ရွှေကလောင်ဆုရရှိ

ကရင်ပြည်နယ်၊ ဘားအံ ထောင်တွင် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသည့် ဘလော့ဂါ ကိုနေဘုန်းလတ်အား လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့် အတွက် ကြိုးပမ်းခဲ့ သောကြောင့်၂၀၁၀ ရွှေကလောင်ဆု (2 010 PEN/Barbara Goldsmith Freedom to Write Award ) ကို ၂၀၁၀ ဧပြီ ၁၄ ရက်နေ့က ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ရွှေကလောင်ဆု ချီးမြှင့်သည့် အခမ်းအနားကို ဧပြီ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပကြောင်း သိရသည်။ ကိုနေဘုန်းလတ်ဟာ ကျွန်တော်တို့ မြန်မာဘလော်ဂါတွေအတွက်သာ မဟုတ်ဘဲ NLD လူငယ်တွေအတွက်လည်း လေးစားဂုဏ်ယူရတဲ့ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ပါတယ်။ ဒီလိုဆု ချီးမြှင့်ခံရတဲ့အတွက် ကိုနေဘုန်းလတ်အစား ဂုဏ်ယူဝမ်းမြောက်မိသလို စစ်ခွေးတွေရဲ့ မတရားချုပ်နှောင်ခံထားရခြင်းမှလည်း အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းပါတယ်။