Skip to main content

Posts

Showing posts from January, 2012

Drinking Time

ဒီနေ့ Off ရတဲ့ ရက်မှာ ဈေးထွက်ဝယ်၊ ဟင်းတွေချက်ပြီး အပေါ်က ယမကာလေး နည်းနည်း မှီဝဲဖြစ်တယ်။  အမြည်းကတော့ ကျွတ်ကျွတ်ရွရွလေး မြင်တဲ့အတိုင်းပဲ။ ဟင်းကတော့ ကြက်မာဟင်း ချက်ဖြစ်တယ်။ အဲဒီကြက်က ချက်ရတာတော့ ကြာပေမဲ့ အတော်ချိုပဲ။  ဒါပေမဲ့ pressure cooker နဲ့ ဆိုတော့ နာရီဝက်ပါပဲ။ နောက်ပြီး မြင်းခွာရွက် ဟင်းရည်ရယ် ပြောင်းဖူးနဲ့ပဲသီးကြော်ရယ်။ ဟင်းသုံးမျိုးတည်း ဆိုပေမဲ့ ထမင်းအတော်မိန်ပါတယ်။ ရာသီဥတုကလည်း အေးတော့ Vodka လေးက နွေးနွေးထွေးထွေးဖြစ်အောင် လုပ်ပေးတယ်ဗျ။ ရုရှားမှာတော့ breakfast စားရင်းနဲ့ကို သောက်ကြတယ်ဆိုပဲ။ အခုသောက်ရင်းနဲ့ သူငယ်ချင်းတွေကို share လုပ်ချင်လို့ ဒီပို့စ်ရေးနေတာ။ သောက်ရတာဇိမ်လျော့သွားပြီ။ လက်ကျန်လေး ဆက်ကစ်လိုက်ဦးမယ် :P

Event: 51st Anniversary Kachin Revolution Day - UK

Dear Sir or Madam, We, the Kachin National Organization - UK, are honoured to invite you to the 51st anniversary of “Kachin Revolution Day” ceremony. It is well known fact that “the Union of Burma” came into existence after the signing of “panglong’s agreement” between the ethnic’s minority brethren and the Burman majority led by General Aung San.  We, the Kachin voluntarily took part as signatory in the panglong conference with a view that democracy, justice, equality and self-autonomy would be guaranteed through the panglong treaty so that the newly formed “Union of Burma” prospers in peace and harmony.  Following the independence, however, during U Nu-led parliamentary era based on the unitary centrally planned government: no political space is given to the ethnic minorities to exercise their political right contrary to essence of Panglong.  In addition, the discriminations, suppression, injustice and many forms of abuses were perpetuated against the ethnic minorities

Hanwell Church

အိမ်အနီးအနားမှာရှိတဲ့ Church ကို ဖြတ်သွားရင်း ရိုက်ထားတဲ့ပုံပါ။ Nikon - AF-S DX Nikkor 35 mm f/1.8 G ကို စမ်းသုံးပြီးရိုက်ထားပါတယ်။ ဒီ Lens ကိုတော့ တော်တော်ကြိုက်တယ်ဗျာ။ ဒီပုံကို ရိုက်တုန်းက Raw နဲ့ရိုက်ပြီး In-Camera RAW Processing ပြန်လုပ်ထားပါတယ်။ RAW format က အချိန်ပေးရသလောက် ရလာတဲ့ result က ရှယ်ပဲ။ Related post: Testing Nikon 50mm F/1.8 D AF

Photo: We Will Rock You

Color Efex Pro ထဲက Vignette Lens Filter ထည့်ကစားထားပါတယ်။ ဓာတ်ပုံဝါသနာပါသူတွေအတွက် အသုံးဝင်တဲ့ Plugin တစ်ခုဖြစ်ပါတယ်။ Photoshop, Lightroom, Elements, Apple Aperture တို့နှင့် တွဲဖက် အသုံးပြုနိုင်တဲ့ Plug-In တစ်ခုဖြစ်ပါတယ်။

N-Photo The Nikon Magazine February 2012

Nikon Photographer များ ကြိုက်နှစ်သက်သည့် Nikon ၏ N-Photo Magazine ဖေဖော်ဝါရီလထုတ် ထွက်ရှိနေပါပြီ။ ယခုလ magazine ကတော့ DSLR သမားတွေအတွက် Tips and Tricks တွေပါဝင်လို့ ကျွန်တော်ကတော့ အတော်လေးသဘောကျတယ်ဗျာ။ ပြောနေကြာတယ် အောက်က link မှာ download လုပ်ယူလိုက်တော့ဗျာ။ Have fun reading and shooting ;) Download links: Depositfiles.com  | Filesonics.com

On the way to Oxford

Oxford ကိုသွားတဲ့ motor way ပေါ်မှာ ရိုက်ထားတာပါ။ အခုလို နေသာပြီး ကောင်းကင်ပြာနေတဲ့ရက်ဆိုတာ တစ်ပတ်မှာ တစ်ခါလောက်ပဲ မြင်ရတယ်။ တခါတလေ ရှိတောင်မရှိဘူး။  နေကလည်း ကိုယ်အလုပ်လုပ်နေတဲ့ရက်ဆိုရင် ထွန်းထောက်နေတာပဲ။ အခုရက်ပိုင်းကတော့ အေးပြီး မိုးအုံ့နေတော့ ဓာတ်ပုံရိုက်ဖို့ သိပ်မမိုက်သေးဘူး။ အားတဲ့တစ်ရက်မှပဲ ဝတ်စုံပြည့်ဝတ်ပြီး ညပိုင်း ရှူ့ခင်းတွေ ထွက်ရိုက်ဦးမယ်။

eBook: Photography Monthly – Jan 2012

Download

A Trip To Birmingham Buddhist Vihara

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက် (၂၀၁၁) နေ့က  Birmingham သို့ အလည်သွားရင်း Birmingham Buddhist Monastery သို့ ဝင်ဖြစ်ခဲ့ပါတယ်။ ယူကေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ အကြီးဆုံးလို့ ပြောလို့ရပါတယ်။ စေတီတော်နှင့် တရားဟောခန်းမဆောင်များလည်း ကျောင်းဝင်းအတွင်းမှာ တည်ရှိပါတယ်။ ဆရာတော် ၃ပါး ဝန်းကျင်ခန့် အမြဲသတင်းသုံးနေထိုင်ပါတယ်။ ယူကေမှာနေနိုင်တဲ့ မြန်မာတွေ Birmingham ကိုရောက်ဖြစ်ရင် သွားရောက်သင့်တဲ့ နေရာတွေထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။ Birmingham ဘုန်းကြီးကျောင်းအတွင်းမှ စေတီတော် စေတီတော်အား အခြားတစ်ဘက်မှ မြင်ကွင်း ဘုရားခန်းအတွင်းရှိ ဆင်းတုတော်များ တရားဟောခန်းမဆောင် လန်ဒန်မှာရှိတဲ့ မြန်မာတွေ ဘုန်းကြီးဝတ်ရင် အေးအေးချမ်းချမ်းရှိပြီး စိတ်ငြိမ်တဲ့နေရာမှာ တည်ရှိတဲ့ ဒီကျောင်းမှာသွားပြီး ဝတ်တာများတယ်။ ကျွန်တော်လည်း ကတုံးပြောင် သင်္ကန်းစည်းပြီး တစ်နေ့တော့ ရောက်ဖြစ်မယ်ထင်ပါတယ် :P

Ban That Scene - အဲဒီ့အခန်းဖြတ်

ရုပ်ရှင်လောကသားတွေကတော့ ရှေ့ပြေးအနေနဲ့ လုပ်ပြလိုက်ပါပြီ။

N-Photo The Nikon Magazine January 2012

Issue 2 of N-Photo is out now in the UK! Packed with 132 pages of the best Nikon photos, tutorials and reviews. Download here  114.89MB