နည်းပညာခေတ်ကြီးမှာ မိမိအသုံးပြုနေတဲ့ ပစ္စည်းကိရိယာတွေအကြောင်း အကုန်လုံးမဟုတ်တောင် အနည်းအကျဉ်းတော့ သိထားသင့်တယ်လို့ထင်ပါတယ်။ အထူးသဖြင့် နေ့စဉ်အသုံးပြုနေတဲ့ မိမိရဲ့မိုဘိုင်းလ် ဖုန်းတွေပေါ့။
ကျွန်တော်ပြီးခဲ့သည်အပတ်က ဘုန်းကြီးကျောင်းမှာ အလှူတစ်ခုကိုသွားခဲ့ပါတယ်။ ရောက်သွားတဲ့အချိန်က တရားနာနေတဲ့အချိန်နဲ့ ကွက်တိပါပဲ။ ဒါနဲ့ပဲ နောက်ဆုံးအတန်းမှာ အေးအေးလူလူထိုင်ပြီး တရားနာဖို့လုပ်လိုက်ပါတယ်။ ၅မိနစ် ၁၀ မိနစ်ခန့်ကြာပြီးတဲ့နောက်မှာ ဂျောက်ဂျက် ရွှက် ဆိုတဲ့အသံတွေနဲ့အတူ တရားနာနေတဲ့ အာရုံတောင် ဘယ်တွေရောက်ကုန်မှန်းမသိတော့ပါဘူး။ မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုဘိုင်းလ်ဖုန်းနဲ့ ဓာတ်ပုံမှတ်တမ်းတင်နေတဲ့သူတစ်ယောက်ကို တွေ့မိပါတယ်။ သူကိုင်ထားတာက နောက်ဆုံးပေါ် Samsung ဖုန်းအမျိုးအစားပါ။ သူကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အသံထွက်အောင်ရိုက်တာ မဟုတ်ပေမဲ့ တရားပွဲထဲမှာ တရားနာနေတဲ့ မိတ်ဆွေတွေကိုတော့ အနည်းနဲ့အများ အနှောက်အယှက်တော့ ဖြစ်စေပါတယ်။
အဲဒါကိုအကြောင်းပြုပြီး ဒီပို့စ်လေးရေးဖို့ဖြစ်လာတာပါပဲ။ တရားပွဲတွေမှာ ဒါမှဟုတ် အခမ်းအနားတွေမှာ သူများတွေကို အနှောက်အယှက်မဖြစ်စေဖို့ ဓာတ်ပုံရိုက်တဲ့နည်းတချို့ကို မျှဝေချင်ပါတယ်။ မိမိကိုယ်တိုင်က ကင်မရာအကြီး DSLR တွေနဲ့ရိုက်နေတယ်ဆိုရင်တော့ ကင်မရာမှာ Silent Shutter Mode ပြောင်းပြီးရိုက်ကူးသင့်ပါတယ်။ နောက်ပြီး ပုံတွေကိုတောက်လျောက်ရိုက်ကူးတဲ့ Continuous Mode မဟုတ်ဘဲ Single Mode ကိုပဲ ရွေးပြီး ရိုက်ကူးသင့်ပါတယ်။ အဲဒီ Mode တွေမပါတဲ့ ကင်မရာတွေအတွက်တော့ ဘာမှမတတ်နိုင်ပါဘူး။
မိုဘိုင်းလ်ဖုန်းတော်တော်များများမှာတော့ Silent Shutter ဖြစ်အောင် အသံမထွက်ဘဲရိုက်ကူးလို့ရအောင် လုပ်ထားနိုင်ပါတယ်။ ဥပမာ iPhone မှာဆိုရင် Silent Mode လုပ်ထားပြီး ဓာတ်ပုံရိုက်ရင် ဂျောက်ဂျက်အသံတွေလုံးဝကြားရမှာမဟုတ်ပါဘူး။ Android ဖုန်းတွေမှာလည်း အလားတူပါပဲ။ Profile mode မှာ silent/mute ကိုရွေး ဒါမှမဟုတ် ကင်မရဲ့ setting ထဲမှာ ကင်မရာသံကို on/off လုပ်ထားလို့ရပါတယ်။ အဲဒီ function မပါတဲ့ဖုန်းတွေအတွက်ကတော့ silent camera app တွေ install လုပ်ထားပြီးရိုက်လို့ရပါတယ်။ အဲလို mode တွေအသုံးပြုပြီး ရိုက်ကူးမယ်ဆိုရင် တပါးသူတွေအတွက် အနှောက်အယှက်ဖြစ်တော့သလို မိမိကိုယ်လည်း ဒီကောင်အလိုက်မသိတတ်တဲ့ကောင်ဆိုတဲ့ အကြည့်အမျိုးနဲ့အကြည့်ခံရခြင်းလည်း ကင်းဝေးစေမှာဖြစ်ပါတယ် :P
Comments
Post a Comment
Thanks for your comment.