Skip to main content

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။

Popular posts from this blog

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက်

ငါသာလျှင်တော် သူမတော်ရ
လူတော်ထင်မှာ တို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့်
နစ်လျှက်နေပါတို့မြန်မာကို
ဘယ်ခါဆယ်၍ရမည်လည်း

အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့်
အထင်လွဲပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

သူ့ကိုငါညှိုး ငါ့သူညှိုးနှင့်
အညှိုးကြီးပါ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမည်လည်း

ငြီး၍မပြီး ညူမပြီးဘူး
အပြီးတကာ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့
နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့

ဆရာကြီး မင်းသုဝဏ်


Mac မှ Adware များကိုဖယ်ရှားခြင်း

Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း target ထားလာကြပါတယ်။ သင့်ရဲ့ ကွန်ပျူတာမှာ ကြော်ငြာတွေ၊ popup window အသေးလေးတွေ ပုံမှန်မဟုတ်တာတွေဖြစ်လာဖြစ်ဆိုရင်တော့ Mac ကို Adware ဝင်မဝင်စစ်ဆေးဖို့လိုပါပြီ။ အဲဒီအတွက် အသင့်တော်ဆုံးနဲ့ အလကားပေးထားတဲ့  Software ကတော့ AdwareMedic ပဲဖြစ်ပါတယ်။ Window အတွက်ကတော့ Malwarebytes  ကတော့ အကောင်းဆုံးဖြစ်ပါတယ်။ အခြားပြဿနာတွေ ကွန်ပျူတာမှဖြစ်နေရင်လည်း comment ပေးခဲ့နိုင်ပါတယ်။ လက်လမ်းမှီသလောက် ရှာဖွေဖြေရှင်းပေးပါမယ်။
Download : AdwareMedic