Skip to main content

Ygn > Doha > London

ဟီးသရိုးလေဆိပ်သို့ ဇွန်လ ၁၉ ရက်နေ့ လန်ဒန်စံတော်ချိန် ၆ နာရီထိုးခါနီးလောက်မှာရောက်တယ်။ လန်ဒန်မြို့ပေါ်ကို ပထမဆုံး ခြေချတဲ့နေ့ပါပဲ။ လန်ဒန်ကိုရောက်နှင့်နေပြီးသော အစ်မ ကလာကြိုခဲ့တယ်။ ရာသီဥတုကတော့ အေးနေတယ်။ တစ်နေကုန်နီးပါး လေယာဉ်စီးခဲ့သောကြောင့် အလှူလိုအိပ်ချင်နေပြီ။ ဒါပေမဲ့ နေရမည့် နေရာကိုမရောက်သေး။ မြေအောက်ရထား ၁ နာရီလောက်ဆက်စီးခဲ့ရသည်။
အစ်မနေသည်က NewburyPark ဟီးသရိုးနှင့်က အရှေ့ နှင့် အနောက် :)
မြေအောက်ရထားလက်မှတ်ဝယ်ခဲ့သည်။ တစ်ပတ်စာ ကို 32£ တဲ့။ များတော့များသည်။ ကျောင်းသားကဒ်ရှိရင် 30% Discount ရသည်။ ကျောင်းသားကဒ်ကလည်းမရှိသေးတော့ ဒီချိန်မှာ တော်တော် ထွက်တယ်။ လိုအပ်တဲ့ ဘာညာကွိကွ တွေလည်းဝယ်ရသေးတာပေါ့။
MDY က အဖေ နဲ့ အမေ ကိုရော သူငယ်ချင်းတွေကိုပါ အရမ်းသတိရတယ်။ ဒါကြောင့် အလွမ်းပြေကြည့်ဖို့ Photo တွေတင်ထားလိုက်တယ်။

ဆရာဦးခင်လတ်၊ ဖေဖေ၊ မေမေ၊ ကြီးကြီးစန်း

ဖေဖေ (မျက်မှန်နှင့်)

မေမေ


ငယ်သူငယ်ချင်းကြီး ဇီဒန်း (သန့်ဇော်ဆွေ)

သူငယ်ချင်းများနှင့် ၀င်းဝင်း အကင်ဆိုင် (MDY) တွင်အမှတ်တရ

အောင်သူရ၊ ဖိုးလုံး၊ နေမျိုးအောင်၊ မျိုးဝင်းအောင်၊ ရန်မျိုးအောင်၊ နိုင်နွေးအောင်၊ စိုးဇေနောင် ၊ ဆင်ကြီး၊ ဝေေ၀၊ နေဇာလင်း၊ မျိုးအောင်သက်ကြီးတီလုံး၊ ကိုဖြိုး၊ ဌေးဝင်း၊ ကိုကြီးစီ၊ သန့်ထက်အောင်၊ တာတီး၊ ကိုကြီးမိုး







ကိုစန်းဦး (Director - MCC MDY) နှင့် အမှတ်တရ

Comments

  1. Nice to see all of them again. I remember the time we were in GTC.

    ReplyDelete
  2. ဟိတ် ကိုချမ်း နင့်ဘလော့တစ်ခုလုံးကို နာမွေနှောက်ရှာဖွေ ဖတ်ပီးပီကွ ဟတ်ဟတ်ဟတ် crawling လုပ်သွားတာနော် :P

    ReplyDelete

Post a Comment

Thanks for your comment.

Popular posts from this blog

သီတင်းကျွတ်လပြည့်

ဝါလကင်းလွတ် သီတင်ကျွတ် ဆိုသည်နှင့်အညီ ရဟန်းတော်များ ၀ါဆိုသည့် ၀ါတွင်းသုံးလ ဟူသောကာလသည် သီတင်းကျွတ် လပြည့်နေ့ကျော်သည်နှင့် ကုန်ဆုံးပေတော့သည်။ "၀ါဆို"နှင့် အဖွင့်အပိတ်ညီစွာ "၀ါကျွတ်" ဟု ရည်ညွှန်းလေ့ ရှိပါသည်။ "သီတင်းကျွတ်" ဟူသော အသုံးအနှုန်းကို 'လ'အမည်အဖြစ် အင်းဝခေတ်မှ စတင်အသုံးပြပြီး "သတင်း" ဟု ရေးလေ့ရှိကြောင်းလည်း မှတ်သားရပါတယ်။ ရဟန်းသံဃာတော်များ သီတင်းသီလ ဆောက်တည်ကျင့်သုံးသည့်ကာလ ကျွတ်လွတ်ပြီးမြောက်သည့်လဖြစ်၍ သီတင်းကျွတ်လ ဟုခေါ်ခြင်းဖြစ်သည်။ အောင်မြင်ချမ်းသာ မြတ်စွာဘုရားကြီး ဒီနှစ်သတင်းကျွတ်လပြည့်ကတော့ ထွေထွေထူးထူး ဘာမှမလုပ်ဖြစ်ဘူး။ လပြည့်နေ့မတိုင်ခင်တစ်ရက်ကတော့ ဘုန်းဘုန်းတွေနဲ့ ဘုရားကို ရေသပ္ပာယ်ကြတယ်။ သန့်ရှင်းရေး ကုသိုလ်ပေါ့။ သန့်ရှင်းရေးဆိုလို့ ... ဘုန်းဘုန်းဦးဥတ္တရ ပြောပြဆုံးမတဲ့ စကားလေးတစ်ခုကို မျှဝေလိုက်ချင်ပါတယ်။ 'မိမိရဲ့ အိမ်မှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် မသန့်ရှင်း မသပ်ရပ်နေတာတွေ တွေ့နေခဲ့ရင် ကိုယ်နဲ့မဆိုင်သလို သဘောမထားဘဲ "ယူတတ်ရင် မြတ်တယ်" ဆိုတဲ့သဘောနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။ အိမ်သာသန့်ရှင်းရေး အဆုံးပေါ့။ သန့်ရ

ဆရာကြီး မင်းသုဝဏ်ရဲ့ ယခုခေတ်နှင့်ကိုက်ညီသော ကဗျာတစ်ပုဒ်

မြန်မာတို့အတွက် ငါသာလျှင်တော် သူမတော်ရ လူတော်ထင်မှာ တို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း ကြွားရင်းနှင့်နစ် ဝါးရင်းနစ်သည့် နစ်လျှက်နေပါတို့မြန်မာကို ဘယ်ခါဆယ်၍ရမည်လည်း အကောင်းဆိုးထင် ဆိုးကောင်းထင်နှင့် အထင်လွဲပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း သူ့ကိုငါညှိုး ငါ့သူညှိုးနှင့် အညှိုးကြီးပါ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမည်လည်း ငြီး၍မပြီး ညူမပြီးဘူး အပြီးတကာ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ နိုးကြထကြမြန်မာတို့ သားမြေးတို့အတွက် ကြိုးပမ်းစို့ ဆရာကြီး မင်းသုဝဏ်

မရောက်တာကြာပြီ

ဘလော့လာပြီး မရေးဖြစ်တာ ၂ နှစ်နီးပါးရှိသွားပြီပဲ။ ဖေ့ဘုတ်တွေပေါ်လာပြီးကတည်းက ဒီဘက်ကိုလှည့်မလာဖြစ်ဘူး။ ပြန်ရေးဖြစ်အောင် လုပ်ရမယ်။ အဓိကကတော့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ပြန်ပြီးရေးချင်တယ်။ အဓိကကတော့ ဓာတ်ပုံနှင့် နည်းပညာသတင်းတွေကိုပေါ့။