Skip to main content

လွတ်လပ်ရေးနေ့ ဆန္ဒပြရန် နှိုးဆော်စာများ ပခုက္ကူတွင် ကပ်ပြန်ပြီ

မကွေးတိုင်း ပခုက္ကူမြို့တွင် လာမည့် လွတ်လပ်ရေးနေ့၌ သံဃာအားလုံး စုပေါင်း ဆန္ဒပြကြရန် နှိုးဆော်စာများ ယနေ့နံနက်က ကပ်ထားသည်။

လာမည့် နှစ် ၆ဝ ပြည့် လွတ်လပ်ရေးနေ့ ကျရောက်မည့် ၂ဝဝ၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ပခုက္ကူမြို့ရှိ သံဃာထုအနေဖြင့် စုပေါင်းဆန္ဒပြပွဲကို ပြန်လည်ဖော်ထုတ်ရန် ရွှေဝါရောင်တော်လှန်ရေး စတင်မြစ်ဖျားခံရာ ပခုက္ကူမြို့ရှိ မဟာဝိဇယာရာမ (အရှေ့တိုက်) မြောက်ဘက်မုခ်တွင် နှိုးဆော်စာများ ကပ်ထားခြင်း ဖြစ်သည်။

“ဒီနေ့မနက် မြောက်ဖက်မုခ်မှာ ဇန်နဝါရီ ၄ ရက်နေ့ ဆန္ဒပြဖို့ စာတွေ ကပ်ထားတယ်။ ကိုရင်တွေ ဦးဇင်းတွေတော့ သွားဖတ်ကြတာပဲ” ဟု စာသင်တိုက်ကြီးမှ စာချဆရာတော် တပါးက မိန့်ကြားသည်။

နှိုးဆော်စာများ ကပ်ပြီး မကြာမီအချိန်အတွင်းမှာပင် ဒေသခံ ရဲများက လာရောက် ခွါယူသွားခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ကံဆောင်သပိတ် ပြန်လည်လုပ်ဆောင်ရန် နှိုးဆော်စာများကို ပခုက္ကူမြို့ ကျောင်းတိုက်များအနီး၌ ကပ်ထားခဲ့သည်။

စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် တော်လှန်ရေးအား နအဖ က အကြမ်းဖက် ဖြိုခွဲခဲ့ပြီး ရန်ကုန်နှင့် အခြားမြို့နယ်များရှိ ကျောင်းတိုက်များသို့ ဝင်ရောက်စီးနင်းကာ စာသင်သား သံဃာများကို နေရပ်သို့ပြန်ရန် အတင်းအကျပ် နှင်ထုတ်ခဲ့သဖြင့် ပခုက္ကူမြို့ရှိ စာသင်တိုက်များတွင် စာသင်သား သံဃာများ ၃ ပုံတပုံခန့်သာ သီတင်းသုံး ကျန်ရစ်ခဲ့သည်။

ပခုက္ကူမှ ဆရာတော်က “အရင်က သံဃာအပါး ၆ဝဝ ကျော် ရှိတာ။ အခုတော့ ၂ဝဝ လောက်ပဲ ကျန်တော့တယ်။ စာမေးပွဲလည်း မဖြေတော့ဘူးဆိုတော့ စက်တင်ဘာ အရေးအခင်း ပြီးကတဲက ပြန်သွားကြတာ။ ပြန်မလာတော့ဘူး” ဟု မိန့်ကြားသည်။

မြို့နယ် အာဏာပိုင်များက “ဆရာ-ဒကာ” စီမံချက်ဟူ၍ ချမှတ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအား ဘုန်းတော်ကြီး ကျောင်းများတွင် ဝေယျာဝစ္စများ လုပ်ဆောင်စေကာ သံဃာတော်များ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့် သတင်းပေးရန် ညွှန်ကြားထားသည်ဟု သံဃာတော်က ဆက်မိန့်ဆိုသည်။

ကျောင်းဆရာတဦးကလည်း “ကျနော်တို့တော့ ရွှေလမ်းအနောက်ဘက်က ဘုန်းကြီးကျောင်း တကျောင်းမှာ တာဝန်ကျတယ်။ မလုပ်လို့ကလည်း မရဘူးဆိုတော့ လုပ်ရတာပေါ့” ဟု ပြောသည်။

ရွှေဝါရောင် တော်လှန်ရေးအတွင်း ပခုက္ကူ သံဃာတော်များကို ကြိုးကွင်းပစ်ဖမ်းခြင်း၊ ဓာတ်တိုင်တွင် ကြိုးနှင့်တုပ်ကာ ရိုက်နှက်ခြင်း၊ အတင်းအကျပ် လူဝတ်လဲခြင်း အစရှိသည့် လုပ်ရပ်များကို အာဏာပိုင်များက ကျူးလွန်ခဲ့သည့်အတွက် သူတို့ ကြီးကြပ်စီစဉ်ပေးသည့် သံဃာစာမေးပွဲကို ဖြေဆိုခြင်း မပြုရန် ပခုက္ကူ သံဃာတော် အများစုက ဆုံးဖြတ်ထားကြသည်။

ထိန်လင်း
Friday, 21 December 2007 16:50 - မြန်မာစံတော်ချိန်

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

ခွင့်ပြုပါ

ကျွန်တော် ဘလော့ရေးခြင်းကိစ္စကို ခေတ္တရပ်နားထားပါဦးမည်။ လာလည်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများကို အထူးပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အားလုံးကို ခင်မင်လေးစားလျှက် CMS