Skip to main content

Posts

Showing posts from November, 2007

ရွှေဝါရောင် တော်လှန်ရေး ဗီစီဒီခွေများ ရန်ကုန်တွင် ပြန့်နှံ့

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှုအကြောင်း မှတ်တမ်း တင်ထားသည့် ဗီစီဒီ တိပ်ခွေများကို တက်ကြွ လှုပ်ရှားသူများက ယမန်နေ့ညပိုင်းက ရန်ကုန်မြို့အတွင်း လိုက်လံ ဖြန့်ဝေမှုများ ရှိခဲ့သည်။ ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် ပုဇွန်တောင်ဈေးနှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် လမ်း ၃ဝ၊ ၃၂ လမ်းတလျှောက်တွင် အဖွဲ့ငယ်များက စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှု ဆန္ဒပြပွဲများကို မှတ်တမ်း တင်ထားသည့် ဗီစီဒီခွေများကို ယမန်နေ့ ညနေပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေနေသည်ဟု သိရခြင်း ဖြစ်သည်။ ဤလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ဖော် ကျေညာခြင်း မရှိသေးပါ။ “အနော်ရထာလမ်းဘက် လမ်း ၃ဝ၊ ၃၂ လမ်းမှာဆိုရင် အိမ်ပေါ်တွေထိကိုပါ စီဒီခွေတွေနဲ့ လက်ကမ်းစာစောင် လှုံ့ဆော်စာတွေကို အခန်းတံခါး ကြားတွေမှာ ညှပ်ထားခဲ့တာတွေ ရှိတယ်။ စီဒီခွေတွေကတော့ ပြီးခဲ့တဲ့လ အရေးအခင်းတုန်းက သံဃာတော်တွေ ဆန္ဒပြခဲ့တဲ့ ပုံတွေ၊ အနှိပ်စက်ခံရတဲ့ ဗီဒီယိုခွေတွေပါ။ ပုဇွန်တောင်ဘက်မှာ မနေ့ နေ့လည်ပိုင်းက ဈေးထဲမှာလည်း လိုက်ဖြန့်ဝေနေတယ်” ဟု ရန်ကုန်မြို့ ဒေသခံ တဦးက ပြောသည်။ အခြား ဒေသခံ တဦးကလည်း ဗီစီဒီခွေ ဖြန့်ဝေမှုအကြောင်း ကြားသိရသော်လည်း