Skip to main content

ရွှေဝါရောင် တော်လှန်ရေး ဗီစီဒီခွေများ ရန်ကုန်တွင် ပြန့်နှံ့

စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ရွှေဝါရောင် လှုပ်ရှားမှုအကြောင်း မှတ်တမ်း တင်ထားသည့် ဗီစီဒီ တိပ်ခွေများကို တက်ကြွ လှုပ်ရှားသူများက ယမန်နေ့ညပိုင်းက ရန်ကုန်မြို့အတွင်း လိုက်လံ ဖြန့်ဝေမှုများ ရှိခဲ့သည်။

ရန်ကုန်တိုင်း ပုဇွန်တောင် မြို့နယ် ပုဇွန်တောင်ဈေးနှင့် ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် လမ်း ၃ဝ၊ ၃၂ လမ်းတလျှောက်တွင် အဖွဲ့ငယ်များက စက်တင်ဘာလ သံဃာလူထု လှုပ်ရှားမှု ဆန္ဒပြပွဲများကို မှတ်တမ်း တင်ထားသည့် ဗီစီဒီခွေများကို ယမန်နေ့ ညနေပိုင်းမှ စတင်၍ လိုက်လံ ဖြန့်ဝေနေသည်ဟု သိရခြင်း ဖြစ်သည်။

ဤလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို ထုတ်ဖော် ကျေညာခြင်း မရှိသေးပါ။

“အနော်ရထာလမ်းဘက် လမ်း ၃ဝ၊ ၃၂ လမ်းမှာဆိုရင် အိမ်ပေါ်တွေထိကိုပါ စီဒီခွေတွေနဲ့ လက်ကမ်းစာစောင် လှုံ့ဆော်စာတွေကို အခန်းတံခါး ကြားတွေမှာ ညှပ်ထားခဲ့တာတွေ ရှိတယ်။ စီဒီခွေတွေကတော့ ပြီးခဲ့တဲ့လ အရေးအခင်းတုန်းက သံဃာတော်တွေ ဆန္ဒပြခဲ့တဲ့ ပုံတွေ၊ အနှိပ်စက်ခံရတဲ့ ဗီဒီယိုခွေတွေပါ။ ပုဇွန်တောင်ဘက်မှာ မနေ့ နေ့လည်ပိုင်းက ဈေးထဲမှာလည်း လိုက်ဖြန့်ဝေနေတယ်” ဟု ရန်ကုန်မြို့ ဒေသခံ တဦးက ပြောသည်။

အခြား ဒေသခံ တဦးကလည်း ဗီစီဒီခွေ ဖြန့်ဝေမှုအကြောင်း ကြားသိရသော်လည်း ကိုယ်တိုင် မြင်တွေ့ခြင်း မရှိသေးကြောင်း ပြောဆိုသည်။

ယမန်နေ့က တောင်ဥက္ကလာ မြို့နယ်တွင်လည်း အမှတ် ၂ စက်မှုဝန်ကြီးပိုင် တာယာစက်ရုံနှင့် စက်မှုဇုံ အုတ်တံတိုင်းများတွင် စစ်အစိုးရ ဆန့်ကျင်ရေး အနီရောင် စာတန်းများကို မှုတ်ဆေးဘူးဖြင့် ပက်ဖြန်း ရေးသားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံ တဦးကလည်း ယခုလို ပြောသည်။

“စက်မှုဇုံ ခြံစည်းရုံး အုတ်တံတိုင်းတွေပေါ်မှာနဲ့ လူတွေရှင်းနေတဲ့ လမ်းဘေး အုတ်တံတိုင်းတွေပေါ်မှာ ‘ဘုရားသားတော် သတ်တဲ့ စစ်အာဏာရှင် ... ကျဆုံးပါစေ’၊ ‘သံဃာတော် သတ်တဲ့ မိစ္ဆာတွေ ... ကျဆုံးပါစေ’၊ ‘သန်းရွှေ ... လူသတ်သမား၊ လူလိမ် လူညာကြီး’ အဲဒါတွေ ရေးထားတယ်” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်လည်း ယမန်နေ့က စစ်အစိုးရ ဆန့်ကျင်ရေး စာတန်းများနှင့် လူထု လှုံ့ဆော်စာများကို မကြာသေးခင် ရက်ပိုင်းအတွင်းမှ စတင်ကာ နေ့စဉ်နှင့်အမျှ နေအိမ် ခြံစည်းရိုးများ၊ ဓာတ်တိုင်များပေါ်တွင် လိုက်ကပ်နေကြောင်း သိရသည်။

အလားတူပင် အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်တွင် စတင် ဖွဲ့စည်းခဲ့သည့် မျိုးဆက်သစ် လူငယ် အစည်းအရုံးက CNG (Change New Government) ၊ F.F.F (Freedom From Fear) နှင့် ၈၈ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏ ဗကသ အမည်ရှိ ကဗျာတို ပါဝင်သည့် ကပ်ခွါစာရွက်များကို အဖွဲ့ ဖွဲ့စည်းပြီး တပတ်ခန့်အကြာမှ စတင်ကာ ရန်ကုန်မြို့ရှိ ယုဇန ပလာဇာ၊ တေးဂီတပွဲများနှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ကြဲခြင်း၊ လက်ဆင့်ကမ်း ဝေငှခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ယခုလ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်း လူထုလှုပ်ရှားမှု ကြီးကြပ်ရေး ကော်မတီ အမည်ရှိ အဖွဲ့ကလည်း နအဖ သတင်းစာများကို အမှိုက်ပုံများ၊ လမ်းမများပေါ်သို့ လွှင့်ပစ်ခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

သည့်အပြင် ရန်ကုန်တိုင်း အတွင်းရှိ ကျောက်မြောင်း၊ တာမွေနှင့် လှည်းတန်း မြို့နယ်တွင် လူငယ်များက နအဖ သတင်းစာများကို လမ်းမအထက် လွှင့်ပစ်ကြသလို မြို့တွင်းရှိ အချို့ အိမ်နံရံများတွင် ‘သန်းရွှေ လိမ်နေတယ်၊ ညာနေတယ်’ ဟူသည့် ပိုစကာများ လိုက်လံ ကပ်နေသည်ကို တွေ့မြင်ခဲ့ရသည်ဟု ဒေသခံများက မဇ္ဈိမကို ပြောဆိုကြသည်။

ယခု လဆန်းတွင် ဖွဲ့စည်းခဲ့သည့် ရန်ကုန်အခြေစိုက် Freedom Fighter အဖွဲ့ကလည်း မြို့တွင်းရှိ သစ်ပင်ကြီးများကို သင်္ကန်းစများ လိုက်လံ ချည်နှောင်သည့် ဆန္ဒ ထုတ်ဖော်မှုကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ပြောဆိုသည်။

မဇ္ဈိမသတင်းဌာန
Thursday, 08 November 2007 15:10 - မြန်မာစံတော်ချိန်

Comments

Popular posts from this blog

Happy Brithday CMS :)

ကျွန်တော် ပျောက်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ဒီနေ့မှပဲ ပို့်စ်တစ်ခုကိုကောင်းကောင်းပြန်ပြီး တင်ဖြစ်တော့တယ်။ အမှတ်တရ အထိမ်းအမှတ်အနေနဲ့လည်း ပါပါတယ်။ အရင်ကတည်းက ပို့စ်တွေကို ရေးချင်စိတ်ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ရွှေနိုင်ငံ၏ အင်တာနက် ကွန်နက်ရှင်များ အသကုန် ကောင်းမွန်မှုကြောင့် ဘယ်လိုမှ အဆင်မပြေခဲ့ပါ။ ဒီနေ့တော့ ပို့စ်တစ်ခုကို ကောင်းမွန်စွာတင်နိုင်ခဲ့ပါပြီ။ ပို့စ်တင်နိုင်ခြင်း အထိမ်းအမှတ်အနေနဲ့ ပါတီပွဲလေးတစ်ခုတောင် လုပ်ရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မွေးနေ့ မနက်စောစော ဘုရားကို သွားမယ်လို့ ရည်ရွယ်ထားခဲ့တာလည်း မသွားလိုက်ရဘူး။ ကျွန်တော်နှင့် သူငယ်ချင်းတစ်စု မွေးနေ့မတိုင်ခင်တစ်ရက် မေမြို့ကိုအသွားမှာ ကားပျက်ပြီး အဲဒီမှာပဲ တစ်ည အိပ်လိုက်ရတယ်။ မန္တလေးကို ညနေ ၃ နာရီလောက်မှ ပြန်ရောက်ခဲ့တယ်။ ဒီနှစ်မွေးနေ့ အရင်က နှစ်တွေလောက် ပျော်စရာမကောင်းတော့ဘူး။ အရင်ဖြစ်ခဲ့ ပျက်ခဲ့တာတွေကို တွေးမိတိုင်း ၀မ်းနည်းမိသလို မွေးနေ့မှာ ကိုယ်ချစ်တဲ့သူတွေအနားမှာ ရှိနေတဲ့အတွက် နည်းနည်းတော့ဝမ်းသာမိပါတယ်။ သို့ပေမဲ့လည်း အဲဒီလူတွေလည်း နောင်တစ်ချိန်မှာ ဘယ်သူက ဘယ်သူကို အရင် နှုတ်ဆက်ရမယ်ဆိုတာ ခန့်မှန်းလို့ မရန...

မိုးရေဖွေးဖွေး ရွှေမန္တလေး (သို့) မိုးတွေရွာရင် ...

မနေ့က မန္တလေးမှာ မိုးတွေ အရမ်းရွာတယ်။ မန္တလေး Bloggers Network မှတစ်ဆင့် မရတနာချို နှင့် နှစ်ကူး တို့ရဲ့ ပို့စ်တွေမှာ ဓာတ်ပုံတွေနှင့်တကွ ပို့စ်တွေတင်ထားတာ တွေ့ရတယ်။ မရတနာချို နှင့် နှစ်ကူး တို့ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့လည်း မန္တလေးမှာ မိုးထပ်ရွာတယ်လို့ သိရပါတယ်။ ဒီမှာတော့ မိုးမရွာဘူးဗျာ။ မရွာတဲ့အပြင် နည်းနည်းတောင် ပူနေသလိုပဲ။ ဒါ့ကြောင့် ကျွန်တော်မျိုး မန္တလေးမိုးကို လွမ်းနေမိတယ်။ အင်း ပြောရင်းဆိုရင်း အခု အပြင်မှာ မိုးခြိမ်းသံတွေ ကြားနေရတယ်။ ဘယ်တော့ ရွာမလဲတော့ မသိဘူး။ မိုးတွေရွာရင် ... မိုးနဲ့ ပက်သက်တဲ့ သီချင်းတွေကို နားထောင်တယ်။ ဒီမှာတော့ ရွာခဲပါတယ်။ ဒါပေမဲ့ လန်ဒန်ကို မန္တလေး အနေနဲ့ သတ်မှတ်ပြီး မိုးသီချင်းတွေကို နားထောင်လိုက်တယ်။ အင်း ... ဒါလည်း ဆိုက်ကို တစ်မျိုးပဲထင်တယ်။ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ၊ ဂျေညီညီရဲ့ ဒီမိုး၊ အဲလက်စ်ရဲ့ မိုး၊ XBanana ရဲ့ မိုးရာသီအလွမ်း၊ ရင်ဂိုရဲ့ မေဦးမိုး စတဲ့ သီချင်းတွေပေါ့။ မိုးကိုသတိရတာနဲ့ မိုးနဲ့ပက်သက်တဲ့ သီချင်းတွေကို စုပြီးသား ဖြစ်သွားတယ်။ နောက်နေ့ တင်ပေးပါဦးမယ်။ မိုးတွေရွာရင် ... တစ်ချို့က စောင်ချုံကွေးကြတယ်။ ကျွန်တော်ကတော့ မိုးရွာရင် အိပ်ချင်စိတ်...

Mandalay Bloggers Feeds Network

အကြောင်းအရာ Mandalay Bloggers Feeds Network တည်ထောင်ရန် ရည်ရွယ်ချက် ပြည်တွင်းရှိ မန္တလေး Blogger များ နှင့် ပြည်ပရောက် မန္တလေး Blogger များ၏ သတင်းအချက်အလက်များ ဖန်တီးမှုများကို တစ်နေရာတည်းတွင် စုံစုံလင်လင် ဖတ်ရှူ့ လေ့လာနိုင်ရန်။ အထက်ပါအကြောင်းအရာနှင့် ပက်သက်၍ မန္တလေး Blogger များအားလုံးကို စည်းစည်းလုံးလုံးနှင့် Feeds Network မှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ကျွန်တော်သိသော မန္တလေး Blogger များ၏ စာရင်းကို ဖော်ပြလိုက်ပါတယ်။ အောက်ဖော်ပြပါ Blogger များအပြင် ကျွန်တော်မသိသေးသော မန္တလေး Blogger များကိုလည်း ပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။ ပါဝင်နိုင်ရန်အတွက် ဒီပို့စ်မှာ Comment ပေး၍သော်လည်းကောင်း chanmyasoe@gmail.com နှင့် myochauhtun@gmail.com သို့ email ပေးပို့၍သော်လည်းကောင်း ဆက်သွယ် ပါဝင်နိုင်ပါတယ်။ Blogger တွေအားလုံးရဲ့အတူပြုချက်ကိုရယူပါမယ်။ ဒါကြောင့် ပါဝင်ချင်တဲ့ ဆန္ဒရှိသူတိုင်းရဲ့ Comment ဒါမှမဟုတ် email ကို စောင့်ပါမယ် ။ သုံးရက်မြောက်လို့မှ Comment ရော email ရော မလာလည်း ... List မှာထည့်ပြီးသားပဲဗျာ ( မှတ်ချက် - ဘာအကြောင်းပြချက်မှ လက်မခံ :D ) တကယ် ပါဝင်စေချင်တဲ့အတွက်ပါ :) မပါဝင်လိုသော ကန့်ကွက်လိုသော Blo...