Skip to main content

Posts

Showing posts from February, 2010

ဟာသဗေဒင်

တနင်္ဂနွေ သားသမီးများ (အ၊ဥ၊သြ) အားအားယားယား ဖြစ်နေတတ်သည်။ အူကြောင်ကြား ဖြစ်နေသောသူတစ် ယောက်နှင့် မိတ်ဆွေဖြစ်ကိန်းရှိသည်။ အူတူတူ အတတ ကောင်မလေးတစ်ယောက်နှင့် ဥတုတု ညုတုတု ဖြစ်ကိန်းရှိသည်။ အီရတ် နိုင်ငံသို့ နွေရာသီ အပန်းဖြေခရီး ထွက်ရကိန်းရှိသည်။ ဥ နှင့်ပတ်သက်၍ ကျန်းမာရေး အညံ့ရှိသည်။ အိမ်သာတက်ရင်း အူကျရောဂါ အပြင်းအထန်း ခံစားရတတ်သည်။ အနာကြီးရောဂါ ဖြစ်နေသော သူတစ်ယောက်နှင့် မတော်တဆ အိမ်ထောင်ကျကိန်း ရှိသည်။ ယတြာ။ ။အင်္ဂါနေ့တွင် ဥဥနေသော ကြက်မဖင်ကို အံ့သြစွာကြည့်၍ “အောင်ပြီ၊ အောင်ပြီ” ဟု သုံးကြိမ်တိုင်တိုင် အော်ပါ။ တနလာင်္ သားသမီးများ (က၊ခ၊ဂ၊ဃ၊င) ကုန်းကုန်း ခွခွ အလုပ်များနေတတ်သည်။ တနင်္လာနံဖြစ်ပစ္စည်းများ ဖြစ်သော ကုန်တင်ကား၊ဘစ်(စ်)ကားများ မမျှော်လင့်ပဲ အစုံလိုက်အပြုံလိုက် ၀င်လာတတ်သည်။ ရုတ်တရက် ၀င်လာတတ်သဖြင့် သတိကြီးစွာထားရန် လိုအပ်သည်။ ဂေါက်ကြောင် ကြောင်ဖြစ်နေသော ကုလားမတစ်ယောက်နှင့် ချစ်ကြိုက်ရကိန်းရှိသည်။ ကျပ်မပြည့်သော လူတစ်ယောက်၏ ကြောင်တောင်တောင် လုပ်ခြင်းခံရတတ်သည်။ လကုန်ရက် ဖြစ်ပါက ငွေဝင်ကိန်းရှိသည်။ ခွေးရူးပြန်ရောဂါ ရှိသူများ ချွတ်ခြုံကျနေသော သူများ၏ မရမကချစ်ကြိုက်ခြင်းကို ခံရတတ်သည်။ ဂတ်ထဲတွင် အိပ်

62nd Anniversary of Chin National Day - London

ပြီးခဲ့သည့် စနေနေ့ (၂၀.၂.၂၀၁၀) က ယူကေရောက် ချင်းတိုင်းရင်းသားညီအစ်ကိုများ၏ ၆၂ နှစ်မြောက် ချင်း အမျိုးသားနေ့ကျင်းပရာ အခမ်းအနားသို့ ရောက်ရှိခဲ့ပါတယ်။ ချင်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု နှင့် ချင်းတိုင်းရင်းသားတေးသံသာများကိုပါ ခံစားခွင့်ရခဲ့ပါတယ်။ ခေတ်ပေါ်အစီအစဉ်တစ်ခုဖြစ်တဲ့ Model Show အစီအစဉ်ကိုပါထည့်သွင်းတင်ဆက်ခဲ့သည့်အတွက် စည်ကားခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်ခဲ့ပါတယ်။

Gmail တွင် Facebook, Twitter ပေါင်းစပ်ထည့်သွင်းခြင်း

Facebook, Twitter, Orkut, Digg, MySpace ကဲ့သို့သော Social Networking service များအပြင် Yahoo Mail, Hotmail စသည်ကဲ့သို့သော email service များကိုလည်း gmail sidebar မှာထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Gmail sidebar မှာ ၄င်း service များကို ထည့်သွင်းအသုံးပြုဖို့ ပထမဦးစွာ ထို service (Add any gadget by URL) ကို Enable လုပ်ပေးရပါမယ်။ Add any gadget by URL ကို Enable လုပ်ခြင်း gmail login လုပ်ပြီး setting ထဲမှာ Labs ကိုရွေးပါ။ Labs သို့ရောက်လျင် Add any gadget by URL ကိုရှာပြီး enable လုပ်ပါ။ ပြီးလျှင် Save changes လုပ်ပေးပါ။ Setting ထဲတွင် Gadgets ဆိုတဲ့ Tab တစ်ခုတိုးလာမှာဖြစ်ပါတယ်။ Setting ထဲမှ Gadgets ကိုသွားပါ။ မိမိထည့်သွင်းလိုတဲ့ service ရဲ့ address ကို URL Box မှာထည့်သွင်းလိုက်သည်နှင့် Gmail ရဲ့ sidebar မှာပေါ်လာပြီး စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ service တွေနဲ့ ပက်သက်ပြီး ထည့်သွင်းအသုံးပြုရမည့် address (URL) တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ Facebook Gadget URL http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml Twitter Gadget URL https://twitte

Sharing: သာချင်းသည် သို့

ကဗျာလေးကိုဖတ်ပြီး ကိုယ့်ကိုကိုယ် သုံးသပ်ဆင်ခြင်မိသလို လူတွေ ပြောဆိုဆက်ဆံ နေကြတာတွေကိုကြည့်ပြီး သင်ခန်းစာရမိတယ်။ ကဗျာလေးထဲကအတိုင်း အပြင်လောကမှာ ဖြစ်ပျက်နေတာတွေ အများကြီးပဲ။ ကိုယ့်ဘက်ကိုယ် ယက်တတ်တဲ့လူတွေ လောကမှ တော်တော်များတာပဲ။ ကိုယ်ကောင်းတယ် ကိုယ်တတ်တယ်ဆိုတာချည်းပဲ။ သူ့ထက်သာသွားရင်လည်း မနာလိုဖြစ်ကြပြန်ရော။ ခက်ပြီ။ နောက်ဆုံးတော့ သူများကို မထိခိုက်စေဘဲ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်သမိုင်းကိုယ်ရေး၊ သူတစ်ပါးကို တတ်နိုင်သလောက်ကူညီပေးနိုင်တဲ့ လူတစ်ယောက်အဖြစ် ရပ်တည်နိုင်မယ်ဆိုရင် လူပီသတဲ့ လူတစ်ယောက်အဖြစ် လောကမှာ ဝင့်ထည်စွာရပ်တည်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကိုယ့် အကြောင်း ကိုယ် ကောင်း ပြောယင်း။ မကောင်းခြင်း ဖြစ်တတ်တယ်။ ကိုယ့်တတ် ကိုယ်ထက် ကိုယ့် လက်မကို ထောင်လွှားယင်း။ သူ့ ပျော့ညံ့ချက် ကိုယ့် လက်ညှိုးက ထိုးတတ်တယ်။ သူ့လည် နင်း၍ သာချင်း ငြိမ့်ငြိမ့် ဆိုချင်သလား။ သူ့ မျက်ရည်ပူ ခြေဆေးသူ အဖြစ် အောင်လံထူ ဟစ်လိုသလား။ ကဲ ... စဉ်းစား "ငါးပုပ် ဝယ်ကြဦးမလား ...." လို့ ဘယ်သူများ ကြွေးကြော်လို့လဲကွယ်။ ကိုယ့်လမ်း ကိုယ်သာ လမ်းထွင်ပါ လမ်းဆုံးတဲ့ခါ ရွာတွေ့မှာ ...။ ။ မောင်စံဗြော ရှုမဝ ရုပ်

Lens Flare Filter နှင့် ကစားခြင်း

ဓာတ်ပုံတွေကို Lens Flare Filter သုံးပြီး လွယ်ကူစွာ Effect ထည့်နည်းပါ။ ဒီနည်းကို တွေ့မိတာ သိပ်မကြာသေးပါဘူး။ ပညာရပ်တစ်ခုကို ကျွမ်းကျင်အောင် လိုက်စားရတာ မလွယ်လှပါဘူး။ မသိသေးတာတွေ တပုံတပင်ကြီးပါတကား။ အထူးသဖြင့် ကွန်ပျူတာလို ပညာရပ်မျိုး ပိုဆိုးပါသေးတယ်။ ဒါပေမယ့်လည်း အသေးအမွှားလေးတွေကစပြီး အဆက်မပြတ်လေ့လာသွားရင် ကိုယ်ရည်မှန်းတဲ့ ပန်းတိုင်ကို ရောက်မှာသေချာပါတယ်။ Keep in Touch ပေါ့ :) ဒီနည်းလေးကိုလည်း နောင်ခါမေ့သွားရင် ဘလော့ပေါ်မှာ ပြန်ဖတ်နိုင်အောင်နှင့် သူငယ်ချင်းတွေကိုလည်း မျှဝေချင်တာကြောင့် ပို့စ်တစ်ခုအနေနှင့် sharing လုပ်လိုက်ပါတယ်။ ၁။ New Document တစ်ခုကိုခေါ်ပြီး မိမိပြုလုပ်လိုသော ပုံကိုထည့်သွင်းပါ။ ၂။ Layer အသစ်တစ်ခု (Shift+Control+N) ဖန်တီးပြီး Paint Backet Tool ဖြင့် အနက်ရောင်ဖြည့်ပါ။ ထို့နောက် အနက်ရောင် Layer ထဲသို့ Lens Flare (Filter Menu > Render > Lens Flare) ထည့်သွင်းပါ။ 50-300mm Zoom ရွေးလျှင် ပိုပြီး ကြည့်ကောင်းပါလိမ့်မည်။ 3။ Lens Flare ထည့်သွင်းထားသော အနက်ရောင် Layer ကို select ပေးပြီး Layer Belndin Mode မှ Screen ကို ရွေးပါ။ (Linear Dodge နှင့်လည်း ကစားနိုင်သည်)။ Effect ထည်

Demonstration for the 63rd Anniversary of Union Day in Burma

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဒို့အရေးဆိုပြီး ကြွေးကြော်၊ လက်တွေ့မှာ တိုင်းရင်းသားတွေကို အလေးမထား ထင်တိုင်းကျဲနေတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ ပြည်ထောင်စုနေ့ ဆန္ဒပြပွဲကို ပါဝင်ကြဖို့ လန်ဒန်ရောက် တိုင်းရင်းသားညီအစ်ကို အားလုံးကို ဖိတ်ခေါ်ပါတယ်။ Date: Thursday 11th February 2010 Time: 12:00 to 13:00 Venue: In front of the Burma Military Regime's Embassy 19A Charles Street Mayfair, London, W1J 5DX -- Organised by Burma Initiative Coordination Committee Working together with all Ethnic organisation and Democratic forces in UK Updated: 11.02.2010 ယနေ့ ဆန္ဒပြပွဲ မှတ်တမ်းတင် ဓာတ်ပုံများ တက်ရောက်လာကြသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်

Love and Hate in Burma - A Poetry Protest

To mark the second anniversary of Burmese poet Saw Wei's arrest and imprisonment, English PEN, the Democratic Party for a New Society in Burma (DPNS) and London-based poets will be holding a poetry protest outside the Burmese Embassy in London. We will be calling for the immediate and unconditional release of Saw Wei and of the many other Burmese writers of concern to PEN, including Honorary Members Aung San Suu Kyi and Zargana. The protest will include readings of Saw Wei's work in both Burmese and English, as well as performances by poets Ruth Padel and Niall McDevitt. Date : Sunday 14th February 2010 Time : 14:00 to 15:00 Venue : In front of the Burma Military Regime's Embassy 19A Charles Street Mayfair, London, W1J 5DX The protest will begin at 2pm. Please do join us if you can, and bring Valentine balloons and cards addressed to Saw Wei. Click here for more information.

သာသနရံသီဝိဟာရ ထမနဲထိုးပွဲနှင့် စာပေဟောပြောပွဲ အမှတ်တရ

သာသနရံသီကျောင်း (Colindale) ၏ ထမနဲထိုးပွဲကို ဇန်နဝါရီလ ၃၁ရက်နေ့ တနင်္ဂနွေနေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ ယခင်နှစ်တွေထက် လူတွေ ပိုမိုစည်ကားလာတာတွေ့ရပါတယ်။ ထမနဲကလည်း ကောင်းမှကောင်းပဲဗျာ။ ချွေးတပြိုင်းပြိုင်းနဲ့ သံစုံဟစ်ကြွေးပြီး ထမနဲထိုးကြတာ မြန်မာပြည်က တကယ့်ထမနဲပွဲအတိုင်းပါပဲ။ တကယ့်ကို မြန်မာပြည်ကို လွမ်းစေသလို အလွမ်းလည်းပြေစေပါတယ်။ ထမနဲပွဲမတိုင်ခင်မှာ စာပေဟောပြောပွဲကိုလည်း ကျင်းပခဲ့ပါတယ်။ ဆရာတော် ဦးဥတ္တရမှ စာပေနှင့် ပက်သက်သည့် မှတ်သားဖွယ်ရာ ဆုံးမစကားများကို ဟောကြားဆုံးမတော်မူပါတယ်။ လူငယ်တိုင်း စာအုပ်စာပေလေ့လာသင့်ကြောင်း၊ စာပေမြင့်မှ လူမျိုးတင့်မည်ဖြစ်ကြောင်း၊ စာဖတ်အားကောင်းပြီး အသိဥာဏ်မြင့်မားမှသာလျှင် ကောင်းကျိုး ဆိုးကျိုးကို ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း ဟောကြားဆုံးမတော်မူပါတယ်။ ထို့နောက် ဖိတ်ကြားထားသည့် Dr. Gustaaf Houtman (ဦးစန်းမောင်) မှ ပညာရေးနှင့် မနုဿဗေဒဆိုင်ရာများကို ဟောပြောဆွေးနွေးကြပါတယ်။ ဦးစန်းမောင်မှ နိုင်ငံခြားသားဖြစ်ပြီး မြန်မာစာပေနှင့် စကားကို မြန်မာတစ်ယောက်လို ဟောနိုင်၊ ရေးနိုင်၊ ပြောနိုင်သူဖြစ်ပြီး မန္တလေးမြို့တွင်လည်း သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ဖူးတဲ့ ဗ